မာဆေးဆိုဒ်ဒါဘီပွဲကိုတော့ အင်္ဂလန်ရဲ့ ဝါရင့် ဒိုင်လူကြီးတစ်ဦးဖြစ်သူ မိုက်ဒင်းက ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

၂၀၀၀ ခုနှစ်မှာ စတင်ပြီး ပရီးမီးယားလိဂ်မှာ ဒိုင်လူကြီးအဖြစ် စတင် လုပ်ကိုင်ခဲ့တဲ့ မိုက်ဒင်းဟာ အင်္ဂလန် အဆင့်မြင့်တန်းမှာ ဝါရင့် ဒိုင်တစ်ဦးဖြစ်သလို အသက် ၅၂ နှစ်အရွယ် ဒိုင်လူကြီးဟာ ကုန်ခဲ့တဲ့ သုံးရာသီခွဲမှာ လီဗာပူးပွဲ ၃ ပွဲပဲ ကိုင်တွယ်ထားသူပါ။ ထူးခြားတာက အဆိုပါ သုံးပွဲမှာ ၂ ပွဲ မာဆေးဆိုဒ်ဒါဘီပွဲ ဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ အပြင်းထန်ဆုံး ဒါဘီပွဲတွေထဲက တစ်ခုဖြစ်တဲ့ မာဆေးဆိုဒ်ဒါဘီအကြောင်း ကောင်းကောင်းသိတဲ့ မိုက်ဒင်းရဲ့ ကိုင်တွယ်မှုက ပြောစရာတွေတော့ အများကြီး ရှိပါတယ်။ ဒီရာသီမှာ အန်ဖီးကွင်းအတွင်း လီဗာပူး ၅-၂ အဲဗာတန်ပွဲကို ကိုင်တွယ်ခဲ့သူကလည်း မိုက်ဒင်းပဲဖြစ်ပါတယ်။

မိုက်ဒင်းဟာ ပရီးမီးယားလိဂ်မှာတော့ အနီကဒ်ပြမှု အကြိမ် ၁၀၀ ပြည့်ခဲ့တဲ့ ပထမဆုံး ဒိုင်လူကြီးဖြစ်ပါတယ်။ ဒီရာသီမှာလည်း ၂၂ ပွဲအတွင်း သူဟာ အဝါကဒ် အကြိမ် ၁၀၀ နဲ့ အနီကဒ် ၄ ကြိမ် ပြသထားသူဖြစ်တယ်။ သူဟာ မာဆေးဆိုဒ် ဒေသအနီးမှာ မွေးဖွားခဲ့သူဖြစ်ပြီး လီဗာပူးကော အဲဗာတန်ကိုပါ အားမပေးသူလို့ ထုတ်ပြောထားကာ သူအားပေးတဲ့ အသင်းက ထရန်မီရီအသင်း ဖြစ်ပါတယ်။

မိုက်ဒင်းက လီဗာပူးနဲ့ ပက်သက်လို့ သိပ်ပြီး မှတ်တမ်းဆိုး မရှိပေမယ့် အဲဗာတန်အသင်းနဲ့ ပက်သက်ပြီး အမှတ်တရတွေ ရှိတယ်လို့ သိရတယ်။ အထူးသဖြင့် အဲဗာတန်အသင်း ရသင့်တဲ့ ပြစ်ဒဏ်တွေကို မပေးခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ဒါကြောင့်လည်း အဲဗာတန် ပရိသတ်တွေက မာဆေးဆိုဒ်ဒါဘီကို မိုက်ဒင်း ကိုင်တွယ်တာကို ဒေါသထွက် စိတ်ပျက်နေကြတာပါ။

အဲဗာတန် ပရိသတ်တွေ အဓိက ဒေါသထွက်နေကြတဲ့ အကြောင်းရင်းထဲက တစ်ချက်ကတော့ ထရန်မီရီပရိသတ် မိုက်ဒင်းရဲ့ သားဖြစ်သူက လီဗာပူးအသင်း တစ်ရာသီစာလက်မှတ် ကိုင်ဆိုင်ထားတဲ့ လီဗာပူးအမာခံပရိသတ် ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။

ZAWGYI

မာေဆးဆိုဒ္ဒါဘီပြဲကိုေတာ့ အဂၤလန္ရဲ႕ ဝါရင့္ ဒိုင္လူၾကီးတစ္ဦးျဖစ္သူ မိုက္ဒင္းက ကိုင္တြယ္သြားမွာျဖစ္ပါတယ္။

၂၀၀၀ ခုႏွစ္မွာ စတင္ျပီး ပရီးမီးယားလိဂ္မွာ ဒိုင္လူၾကီးအျဖစ္ စတင္ လုပ္ကိုင္ခဲ့တဲ့ မိုက္ဒင္းဟာ အဂၤလန္ အဆင့္ျမင့္တန္းမွာ ဝါရင့္ ဒိုင္တစ္ဦးျဖစ္သလို အသက္ ၅၂ ႏွစ္အရြယ္ ဒိုင္လူၾကီးဟာ ကုန္ခဲ့တဲ့ သံုးရာသီခြဲမွာ လီဗာပူးပြဲ ၃ ပြဲပဲ ကိုင္တြယ္ထားသူပါ။ ထူးျခားတာက အဆိုပါ သံုးပြဲမွာ ၂ ပြဲ မာေဆးဆိုဒ္ဒါဘီပြဲ ျဖစ္ပါတယ္။

အဂၤလန္ရဲ႕ အျပင္းထန္ဆံုး ဒါဘီပြဲေတြထဲက တစ္ခုျဖစ္တဲ့ မာေဆးဆိုဒ္ဒါဘီအေၾကာင္း ေကာင္းေကာင္းသိတဲ့ မိုက္ဒင္းရဲ႕ ကိုင္တြယ္မႈက ေျပာစရာေတြေတာ့ အမ်ားၾကီး ရွိပါတယ္။ ဒီရာသီမွာ အန္ဖီးကြင္းအတြင္း လီဗာပူး ၅-၂ အဲဗာတန္ပြဲကို ကိုင္တြယ္ခဲ့သူကလည္း မိုက္ဒင္းပဲျဖစ္ပါတယ္။

မိုက္ဒင္းဟာ ပရီးမီးယားလိဂ္မွာေတာ့ အနီကဒ္ျပမႈ အၾကိမ္ ၁၀၀ ျပည့္ခဲ့တဲ့ ပထမဆံုး ဒိုင္လူၾကီးျဖစ္ပါတယ္။ ဒီရာသီမွာလည္း ၂၂ ပြဲအတြင္း သူဟာ အဝါကဒ္ အၾကိမ္ ၁၀၀ နဲ႔ အနီကဒ္ ၄ ၾကိမ္ ျပသထားသူျဖစ္တယ္။ သူဟာ မာေဆးဆိုဒ္ ေဒသအနီးမွာ ေမြးဖြားခဲ့သူျဖစ္ျပီး လီဗာပူးေကာ အဲဗာတန္ကိုပါ အားမေပးသူလို႔ ထုတ္ေျပာထားကာ သူအားေပးတဲ့ အသင္းက ထရန္မီရီအသင္း ျဖစ္ပါတယ္။

မိုက္ဒင္းက လီဗာပူးနဲ႔ ပက္သက္လို႔ သိပ္ျပီး မွတ္တမ္းဆိုး မရွိေပမယ့္ အဲဗာတန္အသင္းနဲ႔ ပက္သက္ျပီး အမွတ္တရေတြ ရွိတယ္လို႔ သိရတယ္။ အထူးသျဖင့္ အဲဗာတန္အသင္း ရသင့္တဲ့ ျပစ္ဒဏ္ေတြကို မေပးခဲ့တဲ့ မွတ္တမ္းေတြ ရွိပါတယ္။ ဒါေၾကာင့္လည္း အဲဗာတန္ ပရိသတ္ေတြက မာေဆးဆိုဒ္ဒါဘီကို မိုက္ဒင္း ကိုင္တြယ္တာကို ေဒါသထြက္ စိတ္ပ်က္ေနၾကတာပါ။

အဲဗာတန္ ပရိသတ္ေတြ အဓိက ေဒါသထြက္ေနၾကတဲ့ အေၾကာင္းရင္းထဲက တစ္ခ်က္ကေတာ့ ထရန္မီရီပရိသတ္ မိုက္ဒင္းရဲ႕ သားျဖစ္သူက လီဗာပူးအသင္း တစ္ရာသီစာလက္မွတ္ ကိုင္ဆိုင္ထားတဲ့ လီဗာပူးအမာခံပရိသတ္ ျဖစ္ေနလို႔ပဲ ျဖစ္ပါတယ္။