လီဗာပူးအသင်း ပရီးမီးယားလိဂ် အမှတ်ပေးဖလားရတာကို မြင်ရဖို့ဆိုတာက အနီရောင်ပရိသတ်တိုင်းရဲ့ မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့တယ်။ ဒီနှစ်ပေါင်း ၃၀ အတွင်းမှာ ကျနေ်ာတို့တွေဟာ ကံအကောင်းဆုံးသော လီဗာပူးပရိသတ်တွေ ဖြစ်လာနိုင်ပေမယ့် ဒီဖြစ်ရပ်ကို မမြင်လိုက်ရတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။

မာဆေးဆိုဒ်က အမ်မလီ ဖာလေရဲ့ ခင်ပွန်းဖြစ်သူ ဒေးဗစ်ဟာ မနှစ်တုန်းက ကွယ်လွန်သွားခဲ့ပြီး ဘဝတစ်လျှောက်လုံး လီဗာပူးကို အမာခံအားပေးသူကြီးဟာ လီဗာပူးရဲ့ အောင်မြင်မှုကို မျက်ဝါးထင်ထင် ထပ်မြင်ခွင့်မရတော့ပါဘူး။ အသက် ၆၅ နှစ်အရွယ် အမ်မလီကတော့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် အဲဗာတန်နဲ့ လီဗာပူးပွဲကို ခင်ပွန်းသည်နဲ့အတူ ကြည့်ခွင့်မရမှာအတွက် ဝမ်းနည်းကြေကွဲနေရှာပါတယ်။

သူမက ခင်ပွန်းဖြစ်သူကို အလွမ်းဖြေစိတ်ဖြင့် ဒီရက်တွေမှာ ရောက်လာတော့မယ့် ပွဲကြီးအတွက် အထူး ဂုဏ်ပြုပြင်ဆင်မှုတွေလည်း လုပ်နေပါတယ်။ သူမရဲ့ အိမ် တစ်ခုလုံးကို လီဗာပူးအမှတ်အသားတွေနဲ့ ကြီးကြီးမားမား အလှဆင်ထားတာပါ။

အမ်မလီက ” လီဗာပူး အထိမ်းအမှတ်ကြီးတွေနဲ့ တစ်အိမ်လုံး လုပ်ထားတယ်။ ရှန်ကလေဂိတ်ပေါက်ကော၊ မနှစ် သြဂုတ်လက ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူအတွက် ကြီးမားတဲ့ လိုင်ဗာငှက်ကောပေါ့။ သူက ဒါကို သိပ်လွမ်းနေခဲ့တာ သူ့အတွက်ရည်ရွယ်ပြီး ကျမ လုပ်ပေးထားပါတယ် ” လို့ ပြောပပါတယ်။

အမ်မလီရဲ့ သားဖြစ်သူ ဒေးဗစ် ဖာရေက မိခင်ဖြစ်သူအတွက် အိမ်ကို အလှဆင်ပေးထားတာပါ။ အဲဗာတန်က ပရင့် အဒ်ဝင်လမ်းမ နေထိုင်တဲ့ အမ်မလီရဲ့ အိမ်မှာတော့ သူမ အနှစ်သက်ဆုံး လီဗာပူးကစားသမားတွေရဲ့ ပုံတူတွေကို အိမ်ရှေ့ ဥယာဉ်မှာ ထည့်သွင်းထားပါတယ်။

အမ်မလီကပဲ ” ဒီနှစ်ထဲမှာတော့ အရုပ် တစ်ရုပ်ပဲ လုပ်နိုင်ခဲ့ပါတယ်။ အိမ်နားက ကလေးတွေက ဒါတွေကို မြင်ကြပြီး မြတ်နိုးကြတယ်ဆိုတော့ လုပ်ရတာ တန်ပါတယ်။ အိမ်နားကို ဖြတ်သွားတဲ့ လူတွေက သူတို့ရဲ့ ကားတွေကို ရပ်ပြီး ဓါတ်ပုံရိုက်ကြတယ်။ လူတိုင်းက ဒီပုံရိပ်တွေကို နှစ်သက်ကြတာအတွက် အရမ်းကောင်းတယ်လို့ ခံစားရတယ်။

မာဆေးဆိုဒ် ဒါဘီမှာတော့ ဘယ်သူက ဂိုးသွင်းသွင်း အရေးမကြီးပါဘူး။ လီဗာပူးနိုင်မယ်လို့ ကျမ ယုံတယ်လေ ” လို့ ပြောဆိုခဲ့ပါတယ်။

ကျနေ်ာတို့တွေဟာ ကိုယ်ချစ်ရသူတွေနဲ့ ချစ်ခင်ရတဲ့အသင်း အောင်မြင်မှုရနေတဲ့ အခိုက်အတန့်တွေကို အတူ ခံစားခွင့် ရနေကြပါတယ်။ ဒီကံကောင်းခြင်း ဆုလာဘ်ကို တန်ဖိုးထားကြပြီး ချစ်ရသူတွေနဲ့ ချစ်ခင်ရတဲ့ အသင်းကို လေးစား တန်ဖိုးထားကြပါစေလို့ ဆုတောင်းပါတယ်။

ZAWGYI

လီဗာပူးအသင္း ပရီးမီးယားလိဂ္ အမွတ္ေပးဖလားရတာကို ျမင္ရဖို႔ဆိုတာက အနီေရာင္ပရိသတ္တိုင္းရဲ႕ ေမွ်ာ္လင့္ခ်က္တစ္ခုျဖစ္ခဲ့တယ္။ ဒီႏွစ္ေပါင္း ၃၀ အတြင္းမွာ က်ေန္ာတို႔ေတြဟာ ကံအေကာင္းဆံုးေသာ လီဗာပူးပရိသတ္ေတြ ျဖစ္လာႏုိင္ေပမယ့္ ဒီျဖစ္ရပ္ကို မျမင္လိုက္ရတဲ့ ပရိသတ္ေတြလည္း ရွိေနပါတယ္။

မာေဆးဆိုဒ္က အမ္မလီ ဖာေလရဲ႕ ခင္ပြန္းျဖစ္သူ ေဒးဗစ္ဟာ မႏွစ္တုန္းက ကြယ္လြန္သြားခဲ့ျပီး ဘဝတစ္ေလွ်ာက္လံုး လီဗာပူးကို အမာခံအားေပးသူၾကီးဟာ လီဗာပူးရဲ႕ ေအာင္ျမင္မႈကို မ်က္ဝါးထင္ထင္ ထပ္ျမင္ခြင့္မရေတာ့ပါဘူး။ အသက္ ၆၅ ႏွစ္အရြယ္ အမ္မလီကေတာ့ တနဂၤေႏြေန႔မွာ ယွဥ္ျပိဳင္မယ့္ အဲဗာတန္နဲ႔ လီဗာပူးပြဲကို ခင္ပြန္းသည္နဲ႔အတူ ၾကည့္ခြင့္မရမွာအတြက္ ဝမ္းနည္းေၾကကြဲေနရွာပါတယ္။

သူမက ခင္ပြန္းျဖစ္သူကို အလြမ္းေျဖစိတ္ျဖင့္ ဒီရက္ေတြမွာ ေရာက္လာေတာ့မယ့္ ပြဲၾကီးအတြက္ အထူး ဂုဏ္ျပဳျပင္ဆင္မႈေတြလည္း လုပ္ေနပါတယ္။ သူမရဲ႕ အိမ္ တစ္ခုလံုးကို လီဗာပူးအမွတ္အသားေတြနဲ႔ ၾကီးၾကီးမားမား အလွဆင္ထားတာပါ။

အမ္မလီက ” လီဗာပူး အထိမ္းအမွတ္ၾကီးေတြနဲ႔ တစ္အိမ္လံုး လုပ္ထားတယ္။ ရွန္ကေလဂိတ္ေပါက္ေကာ၊ မႏွစ္ ၾသဂုတ္လက ကြယ္လြန္သြားတဲ့ ခင္ပြန္းျဖစ္သူအတြက္ ၾကီးမားတဲ့ လိုင္ဗာငွက္ေကာေပါ့။ သူက ဒါကို သိပ္လြမ္းေနခဲ့တာ သူ႔အတြက္ရည္ရြယ္ျပီး က်မ လုပ္ေပးထားပါတယ္ ” လို႔ ေျပာပပါတယ္။

အမ္မလီရဲ႕ သားျဖစ္သူ ေဒးဗစ္ ဖာေရက မိခင္ျဖစ္သူအတြက္ အိမ္ကို အလွဆင္ေပးထားတာပါ။ အဲဗာတန္က ပရင့္ အဒ္ဝင္လမ္းမ ေနထိုင္တဲ့ အမ္မလီရဲ႕ အိမ္မွာေတာ့ သူမ အႏွစ္သက္ဆံုး လီဗာပူးကစားသမားေတြရဲ႕ ပံုတူေတြကို အိမ္ေရွ႔ ဥယာဥ္မွာ ထည့္သြင္းထားပါတယ္။

အမ္မလီကပဲ ” ဒီႏွစ္ထဲမွာေတာ့ အရုပ္ တစ္ရုပ္ပဲ လုပ္ႏုိင္ခဲ့ပါတယ္။ အိမ္နားက ကေလးေတြက ဒါေတြကို ျမင္ၾကျပီး ျမတ္ႏိုးၾကတယ္ဆိုေတာ့ လုပ္ရတာ တန္ပါတယ္။ အိမ္နားကို ျဖတ္သြားတဲ့ လူေတြက သူတို႔ရဲ႕ ကားေတြကို ရပ္ျပီး ဓါတ္ပံုရိုက္ၾကတယ္။ လူတိုင္းက ဒီပံုရိပ္ေတြကို ႏွစ္သက္ၾကတာအတြက္ အရမ္းေကာင္းတယ္လို႔ ခံစားရတယ္။

မာေဆးဆိုဒ္ ဒါဘီမွာေတာ့ ဘယ္သူက ဂိုးသြင္းသြင္း အေရးမၾကီးပါဘူး။ လီဗာပူးႏုိင္မယ္လို႔ က်မ ယံုတယ္ေလ ” လို႔ ေျပာဆိုခဲ့ပါတယ္။

က်ေန္ာတို႔ေတြဟာ ကိုယ္ခ်စ္ရသူေတြနဲ႔ ခ်စ္ခင္ရတဲ့အသင္း ေအာင္ျမင္မႈရေနတဲ့ အခိုက္အတန္႔ေတြကို အတူ ခံစားခြင့္ ရေနၾကပါတယ္။ ဒီကံေကာင္းျခင္း ဆုလာဘ္ကို တန္ဖိုးထားၾကျပီး ခ်စ္ရသူေတြနဲ႔ ခ်စ္ခင္ရတဲ့ အသင္းကို ေလးစား တန္ဖိုးထားၾကပါေစလို႔ ဆုေတာင္းပါတယ္။