လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အသက်အန္တရာယ် စိုးရိမ်နေရတဲ့ လေးနှစ်အရွယ် လီဗာပူးပရိသတ်လေးအတွက် ပရီးမီးယားလိဂ်ဖလား အနိုင်ယူပေးမယ်လို့ ကတိပေးလိုက်ပါတယ်။

ကင်ဆာဝေဒနာသည် ကောင်လေးဟာ သူ့မိခင်နဲ့အတူ ရှိနေပါတယ်။ ဦးနှောက်ထဲမှာ ကင်ဆာပိုးတွေ ပျံ့နှံ့နေပြီဖြစ်လို့ အခြေအနေ မကောင်းတော့ဘူးလို့ သိရတယ်။ မိဘတွေဖြစ်တဲ့ အိုင်ရန်နဲ့ နီကိုလာတို့က အတော်လေး စိတ်မကောင်းဖြစ်နေပြီး အရေးပေါ် ဓါတုကုထုံးတွေ မပါရင် ကောင်လေးဟာ အသက်ရှင်ဖို့ အချိန် ၈ ပတ်ပဲ ကျန်တော့မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီသတင်းကို ကြားသိအပြီးမှာ ကလော့ပ်က ကလောင်လေးထံကို စိတ်အား တက်ကြွစေဖို့ ရည်ရွယ်ပြီး သူ့အတွက် ပရီးမီးယားလိဂ်ကို သေချာပေါက် အနိုင်ယူပေးမယ်လို့ အကြောင်းကြားခဲ့ပါတယ်။

ကလော့ပ်က လူငယ်လေးကို ပေးပို့တဲ့ ဗီဒီယိုမှာတော့ ” ဟိုင်း ဝီလီယမ်။ မင်းက လီဗာပူးပရိသတ်လို့ ငါကြားသိထားတယ်။ ငါက ယာဂင်ကလော့ပ်ပါ။ ငါ့ကို မင်းသိကောင်း သိပါလိမ့်မယ်၊ လီဗာပူးမန်နေဂျာဖြစ်ပါတယ်။ ဒီအကြောင်းကြားမှုက မင်းအတွက် ရည်ညွှန်းပါတယ်။

မင်း အခြေအနေ အရမ်းမကောင်းဘူးလို့ ငါကြားရတာအတွက် စိတ်မကောင်းပါဘူး။ မင်းအတွက် ခံစားရပါတယ်။ ဒါပေမယ့် ငါတို့ ပရီးမီးယားလိဂ် ပြန်ကစားရတော့မယ်၊ မင်းအတွက် ငါတို့ ကစားပေးပါမယ်။ မင်းတစ်ယောက်ထဲအတွက် ကစားပေးရတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် မင်းအတွက်ပါပဲ။ ဒီရာသီ ငါတို့ရဲ့ ရည်မှန်းချက်ပြည့်ဖို့ အစွမ်ကုန် ကြိုးစားပါမယ်။

တနင်္ဂနွေနေ့ ညနက်ပိုင်းမှာ ငါတို့ အဲဗာတန်နဲ့ ယှဉ်ပြိုင်ကစားရမယ်။ မင်းအတွက် ရည်ရွယ်တဲ့ တိုက်ခိုက်မှုကို ငါတို့ ကိုးစား လုပ်ဆောင်ပါမယ်။ အသင်းသားတွေကိုလည်း မင်းအကြောင်း ပြောပြမှာပါ။ ဒီအင်အားကို မင်းရဲ့ ကျန်းမာရေးအတွက် တိုက်ခိုက်ဖို့ တွန်းအားဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ကံကောင်းပါစေလိုလည်း မင်းအတွက် ဆုတောင်းပေးပါတယ်။ မကြာခင် တွေ့ခွင့်ရဖို့လည်း မျှော်လင့်နေပါတယ်။ မင်းရဲ့ ယာဂင်ကလော့ပ်။

နောက်ပြီး မမေ့လိုက်ပါနဲ့။ မင်းက ဘယ်တော့မှ တစ်ယောက်ထဲ အထီးကျန်နေမှာ မဟုတ်ပါဘူး YNWA ” လို့ ဗီဒီယိုဖိုင် ပို့ခဲ့တာပါ။

ဝီလီယမ်ကိုတော့ လီဗာပူးအသင်း ခေါင်းဆောင် ဟန်ဒါဆန်ရဲ့ အားပေးစကားနဲ့ လူငယ်တိုက်စစ်သမား အီးလီယက်က ဂျာစီ လက်ဆောင်ပေးမှုတွေလည်း လုပ်သွားခဲ့တယ်။ ဝီလီယမ်ရဲ့ မိခင်ကတော့ သားဖြစ်သူအတွက် အားပေးတာအတွက် ကျေးဇူးတင်ပါကြောင်း ပြောဆိုခဲ့တယ်။

လောလောဆယ် သူတို့ မိသားစုကို ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့က ဂရုစိုက်ပေးနေသလို ဝီလီယမ်လေးရဲ့ ရည်မှန်းချက်တွေ အားလုံးကို ပြည့်စေဖို့လည်း တတ်နိုင်သလောက် လိုက်လျောပေးနေပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အသက္အႏၱရာယ္ စိုးရိမ္ေနရတဲ့ ေလးႏွစ္အရြယ္ လီဗာပူးပရိသတ္ေလးအတြက္ ပရီးမီးယားလိဂ္ဖလား အႏိုင္ယူေပးမယ္လို႔ ကတိေပးလိုက္ပါတယ္။

ကင္ဆာေဝဒနာသည္ ေကာင္ေလးဟာ သူ႔မိခင္နဲ႔အတူ ရွိေနပါတယ္။ ဦးေႏွာက္ထဲမွာ ကင္ဆာပိုးေတြ ပ်ံ႔ႏွံ႔ေနျပီျဖစ္လို႔ အေျခအေန မေကာင္းေတာ့ဘူးလို႔ သိရတယ္။ မိဘေတြျဖစ္တဲ့ အိုင္ရန္နဲ႔ နီကိုလာတို႔က အေတာ္ေလး စိတ္မေကာင္းျဖစ္ေနျပီး အေရးေပၚ ဓါတုကုထံုးေတြ မပါရင္ ေကာင္ေလးဟာ အသက္ရွင္ဖို႔ အခ်ိန္ ၈ ပတ္ပဲ က်န္ေတာ့မယ္လို႔ ခန္႔မွန္းထားပါတယ္။

ဒီသတင္းကို ၾကားသိအျပီးမွာ ကေလာ့ပ္က ကေလာင္ေလးထံကို စိတ္အား တက္ၾကြေစဖို႔ ရည္ရြယ္ျပီး သူ႔အတြက္ ပရီးမီးယားလိဂ္ကို ေသခ်ာေပါက္ အႏုိင္ယူေပးမယ္လို႔ အေၾကာင္းၾကားခဲ့ပါတယ္။

ကေလာ့ပ္က လူငယ္ေလးကို ေပးပို႔တဲ့ ဗီဒီယိုမွာေတာ့ ” ဟိုင္း ဝီလီယမ္။ မင္းက လီဗာပူးပရိသတ္လို႔ ငါၾကားသိထားတယ္။ ငါက ယာဂင္ကေလာ့ပ္ပါ။ ငါ့ကို မင္းသိေကာင္း သိပါလိမ့္မယ္၊ လီဗာပူးမန္ေနဂ်ာျဖစ္ပါတယ္။ ဒီအေၾကာင္းၾကားမႈက မင္းအတြက္ ရည္ညႊန္းပါတယ္။

မင္း အေျခအေန အရမ္းမေကာင္းဘူးလို႔ ငါၾကားရတာအတြက္ စိတ္မေကာင္းပါဘူး။ မင္းအတြက္ ခံစားရပါတယ္။ ဒါေပမယ့္ ငါတို႔ ပရီးမီးယားလိဂ္ ျပန္ကစားရေတာ့မယ္၊ မင္းအတြက္ ငါတို႔ ကစားေပးပါမယ္။ မင္းတစ္ေယာက္ထဲအတြက္ ကစားေပးရတာေတာ့ မဟုတ္ဘူးေပါ့။ ဒါေပမယ့္ မင္းအတြက္ပါပဲ။ ဒီရာသီ ငါတို႔ရဲ႕ ရည္မွန္းခ်က္ျပည့္ဖို႔ အစြမ္ကုန္ ၾကိဳးစားပါမယ္။

တနဂၤေႏြေန႔ ညနက္ပိုင္းမွာ ငါတုိ႔ အဲဗာတန္နဲ႔ ယွဥ္ျပိဳင္ကစားရမယ္။ မင္းအတြက္ ရည္ရြယ္တဲ့ တိုက္ခိုက္မႈကို ငါတို႔ ကိဳးစား လုပ္ေဆာင္ပါမယ္။ အသင္းသားေတြကိုလည္း မင္းအေၾကာင္း ေျပာျပမွာပါ။ ဒီအင္အားကို မင္းရဲ႕ က်န္းမာေရးအတြက္ တိုက္ခိုက္ဖို႔ တြန္းအားျဖစ္ေစဖို႔ ေမွ်ာ္လင့္ပါတယ္။ ကံေကာင္းပါေစလိုလည္း မင္းအတြက္ ဆုေတာင္းေပးပါတယ္။ မၾကာခင္ ေတြ႔ခြင့္ရဖို႔လည္း ေမွ်ာ္လင့္ေနပါတယ္။ မင္းရဲ႕ ယာဂင္ကေလာ့ပ္။

ေနာက္ျပီး မေမ့လိုက္ပါနဲ႔။ မင္းက ဘယ္ေတာ့မွ တစ္ေယာက္ထဲ အထီးက်န္ေနမွာ မဟုတ္ပါဘူး YNWA ” လို႔ ဗီဒီယိုဖိုင္ ပို႔ခဲ့တာပါ။

ဝီလီယမ္ကိုေတာ့ လီဗာပူးအသင္း ေခါင္းေဆာင္ ဟန္ဒါဆန္ရဲ႕ အားေပးစကားနဲ႔ လူငယ္တိုက္စစ္သမား အီးလီယက္က ဂ်ာစီ လက္ေဆာင္ေပးမႈေတြလည္း လုပ္သြားခဲ့တယ္။ ဝီလီယမ္ရဲ႕ မိခင္ကေတာ့ သားျဖစ္သူအတြက္ အားေပးတာအတြက္ ေက်းဇူးတင္ပါေၾကာင္း ေျပာဆိုခဲ့တယ္။

ေလာေလာဆယ္ သူတို႔ မိသားစုကို က်န္းမာေရး ေစာင့္ေရွာက္မႈအဖြဲ႔က ဂရုစိုက္ေပးေနသလို ဝီလီယမ္ေလးရဲ႕ ရည္မွန္းခ်က္ေတြ အားလံုးကို ျပည့္ေစဖို႔လည္း တတ္ႏုိင္သေလာက္ လိုက္ေလ်ာေပးေနပါတယ္။