ဒီကနေ့ညမှာပဲ ပရီးမီးယားလိဂ်ပွဲတွေ စတင်ကစားပြီဖြစ်ပါတယ်။ ပထမဆုံးသော ပြန်လည်စတင်မှုနဲ့အတူ လီဗာပူးပရိသတ်တွေ သိထားဖို့ လိုအပ်မယ့် ကိစ္စတွေကို ဖော်ပြလိုက်ပါတယ်။
- ပထမဆုံး ၁၂ ပွဲမှာတော့ ကစားသမားတွေဟာ ဂျာစီနောက်ကျောက သူတို့ရဲ့ နာမည်တွေ နေရာမှာတော့ ‘Black Lives Matter’ ဆိုတဲ့ စာတန်းကို အစားထိုး ဝတ်ဆင်ကြပါမယ်။
- လက်ကျန် ၂၀၁၉-၂၀၂၀ ပွဲစဉ်တိုင်းမှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ လိုဂိုနဲ့အတူ ကိုရိုနာကပ်ဘေးမှာ စွမ်းစွမ်းတမံ ကြိုးစားပေးခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း တံဆိပ်လည်း ပါဝင်ပါမယ်။
- ရာသီကုန်ထိ ပွဲစဉ်တွေ အားလုံးအတွင်းမှာ အသင်းတွေက လူစားလဲမှုအနေနဲ့ တစ်ပွဲကို ၅ ကြိမ် ပြုလုပ်နိုင်ပါမယ်။ ဒါပေမယ့်လို့ ပွဲ အချိန်ဖြုန်းမှုကို လျော့ချဖို့အတွက် ရည်ရွယ်ပြီး လူစားလဲမှု အခွင့်အရေးကို သုံးခါပဲ လုပ်ခွင့်ရှိပါမယ်။ (ဆိုလိုတာက တစ်ကြိမ်တည်းမှာ ၂ ဦး၊ ၃ ဦးလဲခြင်းကို ခွင့်ပြုပါမယ်)
- ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အကုန်အထိ အရန်စာရင်းက ၉ ဦးထိ ထည့်သွင်းခွင့်ရှိပါမယ်။
- ရေသောက်ချိန် ပေးသွားမှာဖြစ်ပြီး ၁ မိနစ်ထက် ပိုကြာမှာ မဟုတ်ပါဘူး။ နှစ်ပိုင်းလုံးမှာ ရေသောက်ချိန် ပေးမှာ ဖြစ်ပါတယ်။
- ပရီးမီးယားလိဂ်ပွဲတွေက ကွင်းပိတ်ပွဲတွေဖြစ်ပြီး လက်ကျန် ၉၂ ပွဲလုံးကို Sky Sports, BT Sport, BBC Sport and Amazon Prime တို့ကနေ ကြည့်ရပါမယ်။ အခပေးနဲ့ အခမဲ့တွေကို အချိုးကျ ကြည့်ရမှာဖြစ်ပြီး အဲ့အတွက်လည်း ကြေညာမှုတွေ လုပ်ပေးထားပါတယ်။
- လီဗာပူးက ၂ ပွဲနိုင်တာနဲ့တင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလား တစ်ကျော့ပြန် ကိုင်တွယ်ခွင့်ရပါမယ်။ အကယ်လို့ ဒီကနေ့ညပွဲမှာ မန်စီးတီးက အာဆင်နယ်ကို အရေးနိမ့်ခဲ့မယ်ဆိုရင် လီဗာပူးက မာဆေးဆိုဒ် ဒါဘီပွဲမှာ အဲဗာတန်ကို အနိုင်ရတာနဲ့တင် ချန်ပီယံဖြစ်ပါမယ်။
ZAWGYI
ဒီကေန႔ညမွာပဲ ပရီးမီးယားလိဂ္ပြဲေတြ စတင္ကစားျပီျဖစ္ပါတယ္။ ပထမဆံုးေသာ ျပန္လည္စတင္မႈနဲ႔အတူ လီဗာပူးပရိသတ္ေတြ သိထားဖို႔ လိုအပ္မယ့္ ကိစၥေတြကို ေဖာ္ျပလိုက္ပါတယ္။
- ပထမဆံုး ၁၂ ပြဲမွာေတာ့ ကစားသမားေတြဟာ ဂ်ာစီေနာက္ေက်ာက သူတို႔ရဲ႕ နာမည္ေတြ ေနရာမွာေတာ့ ‘Black Lives Matter’ ဆိုတဲ့ စာတန္းကို အစားထိုး ဝတ္ဆင္ၾကပါမယ္။
- လက္က်န္ ၂၀၁၉-၂၀၂၀ ပြဲစဥ္တိုင္းမွာ လူမ်ိဳးေရးခြဲျခားမႈကို ဆန္႔က်င္တဲ့ လိုဂိုနဲ႔အတူ ကိုရိုနာကပ္ေဘးမွာ စြမ္းစြမ္းတမံ ၾကိဳးစားေပးခဲ့တဲ့ က်န္းမာေရး ဝန္ထမ္းေတြကို ေက်းဇူးတင္ေၾကာင္း တံဆိပ္လည္း ပါဝင္ပါမယ္။
- ရာသီကုန္ထိ ပြဲစဥ္ေတြ အားလံုးအတြင္းမွာ အသင္းေတြက လူစားလဲမႈအေနနဲ႔ တစ္ပြဲကို ၅ ၾကိမ္ ျပဳလုပ္ႏုိင္ပါမယ္။ ဒါေပမယ့္လို႔ ပြဲ အခ်ိန္ျဖဳန္းမႈကို ေလ်ာ့ခ်ဖို႔အတြက္ ရည္ရြယ္ျပီး လူစားလဲမႈ အခြင့္အေရးကို သံုးခါပဲ လုပ္ခြင့္ရွိပါမယ္။ (ဆိုလိုတာက တစ္ၾကိမ္တည္းမွာ ၂ ဦး၊ ၃ ဦးလဲျခင္းကို ခြင့္ျပဳပါမယ္)
- ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ အကုန္အထိ အရန္စာရင္းက ၉ ဦးထိ ထည့္သြင္းခြင့္ရွိပါမယ္။
- ေရေသာက္ခ်ိန္ ေပးသြားမွာျဖစ္ျပီး ၁ မိနစ္ထက္ ပိုၾကာမွာ မဟုတ္ပါဘူး။ ႏွစ္ပိုင္းလံုးမွာ ေရေသာက္ခ်ိန္ ေပးမွာ ျဖစ္ပါတယ္။
- ပရီးမီးယားလိဂ္ပြဲေတြက ကြင္းပိတ္ပြဲေတြျဖစ္ျပီး လက္က်န္ ၉၂ ပြဲလံုးကို Sky Sports, BT Sport, BBC Sport and Amazon Prime တို႔ကေန ၾကည့္ရပါမယ္။ အခေပးနဲ႔ အခမဲ့ေတြကို အခ်ိဳးက် ၾကည့္ရမွာျဖစ္ျပီး အဲ့အတြက္လည္း ေၾကညာမႈေတြ လုပ္ေပးထားပါတယ္။
- လီဗာပူးက ၂ ပြဲႏုိင္တာနဲ႔တင္ ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆံုးအၾကိမ္အျဖစ္ အမွတ္ေပးဖလား တစ္ေက်ာ့ျပန္ ကိုင္တြယ္ခြင့္ရပါမယ္။ အကယ္လို႔ ဒီကေန႔ညပြဲမွာ မန္စီးတီးက အာဆင္နယ္ကို အေရးနိမ့္ခဲ့မယ္ဆိုရင္ လီဗာပူးက မာေဆးဆိုဒ္ ဒါဘီပြဲမွာ အဲဗာတန္ကို အႏုိင္ရတာနဲ႔တင္ ခ်န္ပီယံျဖစ္ပါမယ္။