လက်ကျန် ၉ ပွဲမှာ လီဗာပူးက ၂ ပွဲနိုင်တာနဲ့တင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလား တစ်ကျော့ပြန် ကိုင်တွယ်ခွင့်ရပါမယ်။ အကယ်လို့ ဒီကနေ့ညပွဲမှာ မန်စီးတီးက အာဆင်နယ်ကို အရေးနိမ့်ခဲ့မယ်ဆိုရင် လီဗာပူးက မာဆေးဆိုဒ် ဒါဘီပွဲမှာ အဲဗာတန်ကို အနိုင်ရတာနဲ့တင် ချန်ပီယံဖြစ်ပါမယ်။
လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အသက်အန္တရာယ် စိုးရိမ်နေရတဲ့ လေးနှစ်အရွယ် လီဗာပူးပရိသတ်လေးအတွက် ပရီးမီးယားလိဂ်ဖလား အနိုင်ယူပေးမယ်လို့ ကတိပေးလိုက်ပါတယ်။
မာဆေးဆိုဒ်က အမ်မလီ ဖာလေရဲ့ ခင်ပွန်းဖြစ်သူ ဒေးဗစ်ဟာ မနှစ်တုန်းက ကွယ်လွန်သွားခဲ့ပြီး ဘဝတစ်လျှောက်လုံး လီဗာပူးကို အမာခံအားပေးသူကြီးဟာ လီဗာပူးရဲ့ အောင်မြင်မှုကို မျက်ဝါးထင်ထင် ထပ်မြင်ခွင့်မရတော့ပါဘူး။ သူမက ခင်ပွန်းဖြစ်သူကို အလွမ်းဖြေစိတ်ဖြင့် ဒီရက်တွေမှာ ရောက်လာတော့မယ့် ပွဲကြီးအတွက် အထူး ဂုဏ်ပြုပြင်ဆင်မှုတွေလည်း လုပ်နေပါတယ်။
မာဆေးဆိုဒ်ဒါဘီပွဲကိုတော့ အင်္ဂလန်ရဲ့ ဝါရင့် ဒိုင်လူကြီးတစ်ဦးဖြစ်သူ မိုက်ဒင်းက ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ ဒီရာသီမှာ သူဟာ ၂၂ ပွဲအတွင်း အဝါကဒ် အကြိမ် ၁၀၀ နဲ့ အနီကဒ် ၄ ကြိမ် ပြသထားပါတယ်။
ဝက်ဟမ်းလူငယ်လေး Jeremy Ngakia ရဲ့ အေးဂျင့်က လီဗာပူးဟာ လူငယ်ကစားသမားလေးကို လက်မှတ်ထိုး ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဝက်ဟမ်းနဲ့ စာချုပ်သစ် လက်မှတ်ထိုးဖို့ ငြင်းဆန်ထားတဲ့ လူငယ်ကစားဟာ ပုံမှန်ပွဲထွက်ခွင့် ရလိုတာကြောင့် လီဗာပူးရဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချထားတယ်လို့ သူက ပြောပြသွားပါတယ်။
ကွင်းပိတ်ပွဲတွေမှာ အဝေးကွင်းအသင်းတွေက ကစားသမား ၂၀ ဦး၊ နည်းပြ ၁၂ ဦး၊ ဆေးအဖွဲ့နဲ့ အခြားအကူ ၅ ဦး ပါဝင်ခွင့်ရမှာဖြစ်လို့ စုစုပေါင်း ၃၇ ဦး ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
မာဆေးဆိုဒ် သတင်းထောက် Simon Hughes ကတော့ ” ကလပ်ဘက်က ပြန်ထွက်လာတဲ့ သတင်းနဲ့ ဒီကိစ္စကို ဆုံးဖြတ်နိုင်တဲ့ သူတွေထံက ပြန်သိရတဲ့ သတင်းအရတော့ ကော်တင်ညိုက လီဗာပူးကို ပြန်လာဖို့က လုံးဝ မဖြစ်နိုင်ပါဘူး ” လို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။
လီဗာပူးအသင်းဘက်က ကွင်းလယ်လူ ဂရုဂျစ်ကို ငွေသားလက်ငင်းရမယ်ဆိုရင် ရောင်းထုတ်မယ့်အကြောင်း နာပိုလီဘက်ကို ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။
ZAWGYI
လက္က်န္ ၉ ပြဲမွာ လီဗာပူးက ၂ ပြဲႏုိင္တာနဲ႔တင္ ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆံုးအၾကိမ္အျဖစ္ အမွတ္ေပးဖလား တစ္ေက်ာ့ျပန္ ကိုင္တြယ္ခြင့္ရပါမယ္။ အကယ္လို႔ ဒီကေန႔ညပြဲမွာ မန္စီးတီးက အာဆင္နယ္ကို အေရးနိမ့္ခဲ့မယ္ဆိုရင္ လီဗာပူးက မာေဆးဆိုဒ္ ဒါဘီပြဲမွာ အဲဗာတန္ကို အႏုိင္ရတာနဲ႔တင္ ခ်န္ပီယံျဖစ္ပါမယ္။
လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အသက္အႏၱရာယ္ စိုးရိမ္ေနရတဲ့ ေလးႏွစ္အရြယ္ လီဗာပူးပရိသတ္ေလးအတြက္ ပရီးမီးယားလိဂ္ဖလား အႏိုင္ယူေပးမယ္လို႔ ကတိေပးလိုက္ပါတယ္။
မာေဆးဆိုဒ္က အမ္မလီ ဖာေလရဲ႕ ခင္ပြန္းျဖစ္သူ ေဒးဗစ္ဟာ မႏွစ္တုန္းက ကြယ္လြန္သြားခဲ့ျပီး ဘဝတစ္ေလွ်ာက္လံုး လီဗာပူးကို အမာခံအားေပးသူၾကီးဟာ လီဗာပူးရဲ႕ ေအာင္ျမင္မႈကို မ်က္ဝါးထင္ထင္ ထပ္ျမင္ခြင့္မရေတာ့ပါဘူး။ သူမက ခင္ပြန္းျဖစ္သူကို အလြမ္းေျဖစိတ္ျဖင့္ ဒီရက္ေတြမွာ ေရာက္လာေတာ့မယ့္ ပြဲၾကီးအတြက္ အထူး ဂုဏ္ျပဳျပင္ဆင္မႈေတြလည္း လုပ္ေနပါတယ္။
မာေဆးဆိုဒ္ဒါဘီပြဲကိုေတာ့ အဂၤလန္ရဲ႕ ဝါရင့္ ဒိုင္လူၾကီးတစ္ဦးျဖစ္သူ မိုက္ဒင္းက ကိုင္တြယ္သြားမွာျဖစ္ပါတယ္။ ဒီရာသီမွာ သူဟာ ၂၂ ပြဲအတြင္း အဝါကဒ္ အၾကိမ္ ၁၀၀ နဲ႔ အနီကဒ္ ၄ ၾကိမ္ ျပသထားပါတယ္။
ဝက္ဟမ္းလူငယ္ေလး Jeremy Ngakia ရဲ႕ ေအးဂ်င့္က လီဗာပူးဟာ လူငယ္ကစားသမားေလးကို လက္မွတ္ထိုး ေခၚယူႏုိင္ဖုိ႔ ကမ္းလွမ္းမႈလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဝက္ဟမ္းနဲ႔ စာခ်ဳပ္သစ္ လက္မွတ္ထိုးဖို႔ ျငင္းဆန္ထားတဲ့ လူငယ္ကစားဟာ ပံုမွန္ပြဲထြက္ခြင့္ ရလိုတာေၾကာင့္ လီဗာပူးရဲ႕ ကမ္းလွမ္းမႈကိုလည္း ပယ္ခ်ထားတယ္လို႔ သူက ေျပာျပသြားပါတယ္။
ကြင္းပိတ္ပြဲေတြမွာ အေဝးကြင္းအသင္းေတြက ကစားသမား ၂၀ ဦး၊ နည္းျပ ၁၂ ဦး၊ ေဆးအဖြဲ႔နဲ႔ အျခားအကူ ၅ ဦး ပါဝင္ခြင့္ရမွာျဖစ္လို႔ စုစုေပါင္း ၃၇ ဦး ပါဝင္ခြင့္ရမွာ ျဖစ္ပါတယ္။
မာေဆးဆိုဒ္ သတင္းေထာက္ Simon Hughes ကေတာ့ ” ကလပ္ဘက္က ျပန္ထြက္လာတဲ့ သတင္းနဲ႔ ဒီကိစၥကို ဆံုးျဖတ္ႏုိင္တဲ့ သူေတြထံက ျပန္သိရတဲ့ သတင္းအရေတာ့ ေကာ္တင္ညိဳက လီဗာပူးကို ျပန္လာဖို႔က လံုးဝ မျဖစ္ႏုိင္ပါဘူး ” လို႔ ျပတ္ျပတ္သားသား ေျပာဆိုလိုက္ပါတယ္။
လီဗာပူးအသင္းဘက္က ကြင္းလယ္လူ ဂရုဂ်စ္ကို ေငြသားလက္ငင္းရမယ္ဆိုရင္ ေရာင္းထုတ္မယ့္အေၾကာင္း နာပိုလီဘက္ကို ကမ္းလွမ္းမႈ လုပ္ခဲ့ပါတယ္။