မနေ့ကပဲ ၁၀၂ ရက်ကြာ ရပ်နားထားတဲ့ ပရီးမီးယားလိဂ်ဟာ ပြန်လည် စတင်မှုတွေ လုပ်ထားခဲ့ကာ အက်စတွန်ဗီလာနဲ့ ရှက်ဖီး၊ မန်စီးတီးနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့ပြီဖြစ်တယ်။
လီဗာပူးအသင်းကတော့ တနင်္ဂနွေနေ့ညမှာမှ အဲဗာတန်နဲ့ မာဆေးဆိုဒ် ဒါဘီပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ လီဗာဟာ လက်ကျန် ၉ ပွဲမှာ ရမှတ် ၆ မှတ်ရရင်ကိုပဲ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပါမယ်။ ဒီနှစ် ချန်ပီယံဖြစ်မယ်ဆိုရင် လီဗာပူးဟာ ကလပ်သမိုင်းမှာ ၁၉ ကြိမ်မြောက် အမှတ်ပေးချန်ပီယံဖြစ်သွားမှာလည်း ဖြစ်ပါတယ်။
လီဗာပူးပရိသတ်တွေက ဘောလုံးပွဲတွေ ပြန်စတင်လို့ ပျော်နေချိန်မှာ မန်စီးတီးအမာခံပရိသတ်ဖြစ်ပြီး ဗြိတိန်အဆိုတော်လည်းဖြစ်တဲ့ Liam Gallagher ကတော့ မပျော်နိုင်ဖြစ်နေပါတယ်။ သူဟာ ပရီးမီးယားလိဂ် ပယ်ဖျက်ရေးကို တစိုက်မတ်မတ် တောင်းဆိုခဲ့သူဖြစ်ပြီး ဘောလုံးပွဲတွေ ပြန်စမှုကိုလည်း ပြစ်တင်မှုတွေ လုပ်ခဲ့တာဖြစ်တယ်။
Oasis အဖွဲ့ အဆိုတော်ဟောင်း Liam Gallagher က ပရီးမီးယားလိဂ် ပြန်စမှုအပေါ် သူ့ရဲ့ စိတ်ပျက်မှုအား ” ဘောလုံးရာသီ ပယ်ဖျက်လိုက်ရင် သိပ်ပြီးတော့ ပျော်စရာကောင်းသွားမှာကွာ၊ အဲ့တာဆိုရင် လီဗာပူးသားတွေကတော့ နောက် နှစ် ၃၀၀ လောက် အမှတ်ပေးဖလား အနိုင်ရတော့မှာကို မဟုတ်ဘူး ” လို့ တွစ်တာကနေ ပြောဆိုခဲ့တာပါ။
လီဗာပူးပရိသတ်တွေကလည်း Liam Gallagher ကို ပြန်လည် ဟားတိုက်မှုတွေ လုပ်ခဲ့ပြီး ဒီလောက်နှစ်တွေအကြာကြီးမှာ အီသီဟန်က အားပေးသံထွက်လာတာမျိုး အခုမှ မြင်ဖူးတယ်လို့ လှောင်ပြောင်ခဲ့ပါတယ်။
ပြိုင်ဘက်ပရိသတ်အဖြစ် Liam Gallagher က လီဗာပူး အောင်မြင်မှုရတော့မှာကို တော်တော်လေး နာလိုခံရခက်နေပုံပါ။ ဒီရာသီ ၁၉ ကြိမ်မြောက် အမှတ်ပေးဖလားကို လီဗာပူးအနိုင်ရခဲ့မယ်ဆိုရင် ဒေါသထွက် ကြေကွဲနေမယ့် မန်ချက်စတာကလပ်က ဒီနေ့ခေတ်မှာတော့ တစ်သင်းတည်း မဟုတ်တော့ဘူးလို့ ယူဆရတာပဲဖြစ်ပါတယ်။
ZAWGYI
မေန႔ကပဲ ၁၀၂ ရက္ၾကာ ရပ္နားထားတဲ့ ပရီးမီးယားလိဂ္ဟာ ျပန္လည္ စတင္မႈေတြ လုပ္ထားခဲ့ကာ အက္စတြန္ဗီလာနဲ႔ ရွက္ဖီး၊ မန္စီးတီးနဲ႔ အာဆင္နယ္တို႔ ယွဥ္ျပိဳင္ကစားခဲ့ျပီျဖစ္တယ္။
လီဗာပူးအသင္းကေတာ့ တနဂၤေႏြေန႔ညမွာမွ အဲဗာတန္နဲ႔ မာေဆးဆိုဒ္ ဒါဘီပြဲ ယွဥ္ျပိဳင္ကစားရမွာျဖစ္တယ္။ လီဗာဟာ လက္က်န္ ၉ ပြဲမွာ ရမွတ္ ၆ မွတ္ရရင္ကိုပဲ ဒီရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ပါမယ္။ ဒီႏွစ္ ခ်န္ပီယံျဖစ္မယ္ဆိုရင္ လီဗာပူးဟာ ကလပ္သမိုင္းမွာ ၁၉ ၾကိမ္ေျမာက္ အမွတ္ေပးခ်န္ပီယံျဖစ္သြားမွာလည္း ျဖစ္ပါတယ္။
လီဗာပူးပရိသတ္ေတြက ေဘာလံုးပြဲေတြ ျပန္စတင္လို႔ ေပ်ာ္ေနခ်ိန္မွာ မန္စီးတီးအမာခံပရိသတ္ျဖစ္ျပီး ျဗိတိန္အဆိုေတာ္လည္းျဖစ္တဲ့ Liam Gallagher ကေတာ့ မေပ်ာ္ႏုိင္ျဖစ္ေနပါတယ္။ သူဟာ ပရီးမီးယားလိဂ္ ပယ္ဖ်က္ေရးကို တစိုက္မတ္မတ္ ေတာင္းဆိုခဲ့သူျဖစ္ျပီး ေဘာလံုးပြဲေတြ ျပန္စမႈကိုလည္း ျပစ္တင္မႈေတြ လုပ္ခဲ့တာျဖစ္တယ္။
Oasis အဖြဲ႔ အဆိုေတာ္ေဟာင္း Liam Gallagher က ပရီးမီးယားလိဂ္ ျပန္စမႈအေပၚ သူ႔ရဲ႕ စိတ္ပ်က္မႈအား ” ေဘာလံုးရာသီ ပယ္ဖ်က္လိုက္ရင္ သိပ္ျပီးေတာ့ ေပ်ာ္စရာေကာင္းသြားမွာကြာ၊ အဲ့တာဆိုရင္ လီဗာပူးသားေတြကေတာ့ ေနာက္ ႏွစ္ ၃၀၀ ေလာက္ အမွတ္ေပးဖလား အႏုိင္ရေတာ့မွာကို မဟုတ္ဘူး ” လို႔ တြစ္တာကေန ေျပာဆိုခဲ့တာပါ။
လီဗာပူးပရိသတ္ေတြကလည္း Liam Gallagher ကို ျပန္လည္ ဟားတိုက္မႈေတြ လုပ္ခဲ့ျပီး ဒီေလာက္ႏွစ္ေတြအၾကာၾကီးမွာ အီသီဟန္က အားေပးသံထြက္လာတာမ်ိဳး အခုမွ ျမင္ဖူးတယ္လို႔ ေလွာင္ေျပာင္ခဲ့ပါတယ္။
ျပိဳင္ဘက္ပရိသတ္အျဖစ္ Liam Gallagher က လီဗာပူး ေအာင္ျမင္မႈရေတာ့မွာကို ေတာ္ေတာ္ေလး နာလိုခံရခက္ေနပုံပါ။ ဒီရာသီ ၁၉ ၾကိမ္ေျမာက္ အမွတ္ေပးဖလားကို လီဗာပူးအႏုိင္ရခဲ့မယ္ဆိုရင္ ေဒါသထြက္ ေၾကကြဲေနမယ့္ မန္ခ်က္စတာကလပ္က ဒီေန႔ေခတ္မွာေတာ့ တစ္သင္းတည္း မဟုတ္ေတာ့ဘူးလို႔ ယူဆရတာပဲျဖစ္ပါတယ္။