ဝုဗ်အသင်း တိုက်စစ်မှူး ဂျီမီးနက်စ်က အပြောင်းအရွှေ့မှာ သတင်းတွေ ထွက်ပေါ်နေမှုက သူ့ရဲ့ တိုးတက်မှုအတွက် တွန်းအားတွေ ဖြစ်စေပါတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
မက္ကဆီကို တိုက်စစ်သမားဟာ ဒီရာသီမှာ သွင်းဂိုး ၂၂ ဂိုး သွင်းယူထားပြီး ဂိုးထောက်ပံ့မှု ၁၀ ကြိမ် ရရှိထားသူဖြစ်တယ်။ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်အပြင် ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ ယူနိုက်တက်တို့လည်း ပါဝင်နေပါတယ်။
ဂျင်မီးနက်စ်ကတော့ သတင်းတွေကို သူကိုယ်တိုင်လည်း ကြားထားကြောင်းနဲ့ အပြောင်းအရွှေ့ ကိစ္စ မှန်မမှန် မသိပေမယ့်လည်း ဆက်ကြိုးစားဖို့ တွန်းအားကြီးဖြစ်စေတယ်လို့ ဝန်ခံခဲ့တာဖြစ်တယ်။
ဂျင်မီးနက်စ်က ပြောဆိုရာမှာတော့ “ ဒီလို အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတာက အရမ်း ကောင်းပါတယ်။ သတင်းတွေက ကောလဟာလတွေဖြစ်လို့ မှန်မမှန်ဆိုတာ ကျနော် မသိပါဘူး။
ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်နဲ့ လီဗာပူးလို အသင်းတွေလို မတူညီတဲ့ အသင်းတွေထံက စိတ်ဝင်စားမှုတွေ ရနေတယ်လို့ သတင်းတွေက ပြောနေကြတယ်။ အဲ့သည် အသင်းတွေက ဘောလုံးသမိုင်းမှာ အရေးပါတဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။ ထိပ်တန်း အသင်းတွေရဲ့ စောင့်ကြည့်စာရင်းမှာ ကျနော် ပါဝင်နေတယ်ဆိုတာ သိရတာက မယုံနိုင်လောက်အောင်ပါပဲ။
ဒီလို သတင်းတွေက ကျနော်ကို ပိုပြီး ကြိုးစားဖို့နဲ့ သက်ရောက်မှုတွေ ရှိစေဖို့ တွန်းအားဖြစ်စေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ပိုပြီး ဆွဲဆောင်နိုင်စရာတွေ ဖြစ်လာဖို့ ကြိုးစားသွားမှာပါ။ ” လို့ ဖြစ်ပါတယ်။
ZAWGYI
ဝုဗ္အသင္း တိုက္စစ္မွဴး ဂ်ီမီးနက္စ္က အေျပာင္းအေရႊ႔မွာ သတင္းေတြ ထြက္ေပၚေနမႈက သူ႔ရဲ႕ တိုးတက္မႈအတြက္ တြန္းအားေတြ ျဖစ္ေစပါတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
မကၠဆီကို တိုက္စစ္သမားဟာ ဒီရာသီမွာ သြင္းဂိုး ၂၂ ဂိုး သြင္းယူထားျပီး ဂိုးေထာက္ပံ့မႈ ၁၀ ၾကိမ္ ရရွိထားသူျဖစ္တယ္။ သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းေတြထဲမွာ ရီးရဲလ္မက္ဒရစ္အျပင္ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔လည္း ပါဝင္ေနပါတယ္။
ဂ်င္မီးနက္စ္ကေတာ့ သတင္းေတြကို သူကိုယ္တုိင္လည္း ၾကားထားေၾကာင္းနဲ႔ အေျပာင္းအေရႊ႔ ကိစၥ မွန္မမွန္ မသိေပမယ့္လည္း ဆက္ၾကိဳးစားဖို႔ တြန္းအားၾကီးျဖစ္ေစတယ္လို႔ ဝန္ခံခဲ့တာျဖစ္တယ္။
ဂ်င္မီးနက္စ္က ေျပာဆိုရာမွာေတာ့ “ ဒီလို အေျပာင္းအေရႊ႔ သတင္းေတြ ထြက္ေနတာက အရမ္း ေကာင္းပါတယ္။ သတင္းေတြက ေကာလဟာလေတြျဖစ္လို႔ မွန္မမွန္ဆိုတာ က်ေနာ္ မသိပါဘူး။
ရီးရဲလ္မက္ဒရစ္၊ ယူႏုိက္တက္နဲ႔ လီဗာပူးလို အသင္းေတြလို မတူညီတဲ့ အသင္းေတြထံက စိတ္ဝင္စားမႈေတြ ရေနတယ္လို႔ သတင္းေတြက ေျပာေနၾကတယ္။ အဲ့သည္ အသင္းေတြက ေဘာလံုးသမိုင္းမွာ အေရးပါတဲ့ အသင္းေတြလည္း ျဖစ္ပါတယ္။ ထိပ္တန္း အသင္းေတြရဲ႕ ေစာင့္ၾကည့္စာရင္းမွာ က်ေနာ္ ပါဝင္ေနတယ္ဆိုတာ သိရတာက မယံုႏုိင္ေလာက္ေအာင္ပါပဲ။
ဒီလို သတင္းေတြက က်ေနာ္ကို ပိုျပီး ၾကိဳးစားဖို႔နဲ႔ သက္ေရာက္မႈေတြ ရွိေစဖို႔ တြန္းအားျဖစ္ေစပါတယ္။ ျဖစ္ႏုိင္မယ္ဆိုရင္ ပိုျပီး ဆြဲေဆာင္ႏုိင္စရာေတြ ျဖစ္လာဖို႔ ၾကိဳးစားသြားမွာပါ။ ” လို႔ ျဖစ္ပါတယ္။