ကိုရိုနာကပ်ဘေး ကာလမှာ အသင်းဘယ်လို ရှေ့ဆက်မလဲဆိုတဲ့ တွက်ချက်မှုတွေအရ ဒီနွေမှာ လီဗာပူးက ဈေးကွက်ထဲ ဝင်လို့ရတဲ့ အနေအထား ဖြစ်လာတယ်လို့ The Athletic ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

လီဗာပူးအသင်းရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်ထံက သတင်းပေးမှုကို ကိုးကားပြီး သတင်းထောက် ဂျိမ်းပီရက်စ်က အတည်ပြုရာမှာ လီဗာပူးဟာ ဈေးကွက်ထဲ ဝင်လို့ရတဲ့ အခြေအနေရှိတယ်လို့ အကောင်းမြင်လာလို့ ရလာပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး တွက်ချက်မှုတွေက သြဂုတ်လထဲမှာ ပိုမို ရုပ်လုံးပေါ်လာမှာပါ။

လီဗာပူးဟာ တီမိုဝါနာကို ခေါ်ယူရေး နောက်ဆုတ်ခဲ့အပြီး နွေဈေးကွက်ထဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် တိုးတက်လာတဲ့ အခြေအနေအပြင် ဝင်ငွေဆိုင်ရာ ဟန်ချက်ညီမှုမှာ တိုးတက်တဲ့ အနေအထားကို ရှာဖွေလာနိုင်ခြင်းက အခုလို ကစားသမားသစ်ခေါ်ယူရေး ကိစ္စကို ပြန်လည် လမ်းဖွင့်လိုက်တာ ဖြစ်ပါတယ်။

ဂျိမ်းပီရက်စ်က ” ကျနော် သတင်းပေးခဲ့သလိုပဲ လီဗာပူးအကြီးတန်း အရာရှိတွေက ဒီနွေဈေးကွက်မှာ အသင်းက ပါဝင်လုပ်ဆောင်မှု နည်းမယ်လို့ မျှော်လင့်ထားရပါတယ်။ အကယ်လို့ ကလော့ပ်ကလည်း ဈေးကွက်ထဲကို ဝင်ဖို့ လုပ်ဆောင်လိုစိတ် ထက်သန်မနေဘူးဆိုရင် ကစားသမား ခေါ်ယူမှုက တစ်ခု (သို့) နှစ်ခုလောက်တော့ ရှိပါမယ်။

နွေဈေးကွက်က အခုချိန်ထိ မဖွင့်သေးသလို ဒီကနေ့မှာပဲ ယူအီးအက်ဖ်အေက အောက်တိုဘာလထိ ဈေးကွက်မပိတ်ဘူးလို့ ပြောနေတော့ ဒီကြားထဲမှာ ကိစ္စတွေ အများကြီး ဖြစ်နိုင်ပါတယ်။ သြဂုတ်လ အစပိုင်းမှာ မီဒီယာနဲ့ စီးပွားရေးဆိုင်ရာ ဝင်ငွေကိစ္စကို ပိုမို ရှင်းရှင်းလင်းလင်း သိလာရမှာပါ။ နောက်ပြီး ပရိသတ်တွေ ကွင်းထဲ ပြန်ဝင်ခွင့်ရမလားဆိုတဲ့ အခြေအနေကောပါပဲ ” လို့ ဖြေဆိုခဲ့တာဖြစ်တယ်။

လက်တလောမှာတော့ လာမယ့်ရာသီအတွက် ကွင်းတွင်းဝင်ဆံ့မယ့် ပရိသတ်ရဲ့ ရာခိုင်နှုန်း အနည်းငယ်ကို ဝင်ခွင့်ပေးဖို့လည်း ဆွေးနွေးနေတယ်။ လီဗာပူးဟာ နောက်ရာသီကိုလည်း ကွင်းပိတ်ကစားမယ်ဆိုရင်တောင် တောင့်ခံထားနိုင်ဖို့ အင်အားရှိပြီး ကစားသမား ရောင်းချမှုနဲ့ အခြားသော ဝင်ငွေတွေပါ ထပ်ရရင်တော့ လူသစ်ခေါ်ယူဖို့ ပိုမို လုပ်ဆောင်နိုင်မယ့် အနေအထား ဖြစ်ပါတယ်။

ZAWGYI

ကိုရိုနာကပ္ေဘး ကာလမွာ အသင္းဘယ္လို ေရွ႔ဆက္မလဲဆိုတဲ့ တြက္ခ်က္မႈေတြအရ ဒီေႏြမွာ လီဗာပူးက ေစ်းကြက္ထဲ ဝင္လို႔ရတဲ့ အေနအထား ျဖစ္လာတယ္လို႔ The Athletic ရဲ႕ ေဖာ္ျပမႈအရ သိရပါတယ္။

လီဗာပူးအသင္းရဲ႔ အေရးပါတဲ့ ပုဂၢိဳလ္ထံက သတင္းေပးမႈကို ကိုးကားျပီး သတင္းေထာက္ ဂ်ိမ္းပီရက္စ္က အတည္ျပဳရာမွာ လီဗာပူးဟာ ေစ်းကြက္ထဲ ဝင္လို႔ရတဲ့ အေျခအေနရွိတယ္လို႔ အေကာင္းျမင္လာလို႔ ရလာပါတယ္။ ဒီကိစၥနဲ႔ ပက္သက္ျပီး တြက္ခ်က္မႈေတြက ၾသဂုတ္လထဲမွာ ပိုမို ရုပ္လံုးေပၚလာမွာပါ။

လီဗာပူးဟာ တီမိုဝါနာကို ေခၚယူေရး ေနာက္ဆုတ္ခဲ့အျပီး ေႏြေစ်းကြက္ထဲ မဝင္ဖို႔ ဆံုးျဖတ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ တိုးတက္လာတဲ့ အေျခအေနအျပင္ ဝင္ေငြဆိုင္ရာ ဟန္ခ်က္ညီမႈမွာ တိုးတက္တဲ့ အေနအထားကို ရွာေဖြလာႏုိင္ျခင္းက အခုလို ကစားသမားသစ္ေခၚယူေရး ကိစၥကို ျပန္လည္ လမ္းဖြင့့္လိုက္တာ ျဖစ္ပါတယ္။

ဂ်ိမ္းပီရက္စ္က ” က်ေနာ္ သတင္းေပးခဲ့သလိုပဲ လီဗာပူးအၾကီးတန္း အရာရွိေတြက ဒီေႏြေစ်းကြက္မွာ အသင္းက ပါဝင္လုပ္ေဆာင္မႈ နည္းမယ္လို႔ ေမွ်ာ္လင့္ထားရပါတယ္။ အကယ္လို႔ ကေလာ့ပ္ကလည္း ေစ်းကြက္ထဲကို ဝင္ဖို႔ လုပ္ေဆာင္လိုစိတ္ ထက္သန္မေနဘူးဆိုရင္ ကစားသမား ေခၚယူမႈက တစ္ခု (သို႔) ႏွစ္ခုေလာက္ေတာ့ ရွိပါမယ္။

ေႏြေစ်းကြက္က အခုခ်ိန္ထိ မဖြင့္ေသးသလို ဒီကေန႔မွာပဲ ယူအီးအက္ဖ္ေအက ေအာက္တိုဘာလထိ ေစ်းကြက္မပိတ္ဘူးလို႔ ေျပာေနေတာ့ ဒီၾကားထဲမွာ ကိစၥေတြ အမ်ားၾကီး ျဖစ္ႏုိင္ပါတယ္။ ၾသဂုတ္လ အစပိုင္းမွာ မီဒီယာနဲ႔ စီးပြားေရးဆုိင္ရာ ဝင္ေငြကိစၥကို ပိုမို ရွင္းရွင္းလင္းလင္း သိလာရမွာပါ။ ေနာက္ျပီး ပရိသတ္ေတြ ကြင္းထဲ ျပန္ဝင္ခြင့္ရမလားဆိုတဲ့ အေျခအေနေကာပါပဲ ” လို႔ ေျဖဆိုခဲ့တာျဖစ္တယ္။

လက္တေလာမွာေတာ့ လာမယ့္ရာသီအတြက္ ကြင္းတြင္းဝင္ဆံ့မယ့္ ပရိသတ္ရဲ႕ ရာခိုင္ႏႈန္း အနည္းငယ္ကို ဝင္ခြင့္ေပးဖို႔လည္း ေဆြးေႏြးေနတယ္။ လီဗာပူးဟာ ေနာက္ရာသီကိုလည္း ကြင္းပိတ္ကစားမယ္ဆိုရင္ေတာင္ ေတာင့္ခံထားႏုိင္ဖို႔ အင္အားရွိျပီး ကစားသမား ေရာင္းခ်မႈနဲ႔ အျခားေသာ ဝင္ေငြေတြပါ ထပ္ရရင္ေတာ့ လူသစ္ေခၚယူဖို႔ ပိုမို လုပ္ေဆာင္ႏုိုင္မယ့္ အေနအထား ျဖစ္ပါတယ္။