ဒီအပတ် တနင်္ဂနွေမှာတော့ လီဗာပူးအသင်းဟာ မာဆေးဆိုဒ်ဒါဘီအဖြစ် အဝေးကွင်းမှာသွားပြီး ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
အစောပိုင်း ပွဲအဖြစ် မန်စီးတီးနဲ့ အာဆင်နယ်ပွဲမှာ မန်စီးတီးက အနိုင်ရသွားလို့ မာဆေးဆိုဒ်ဒါဘီပွဲဟာ ချန်ပီယံအဆုံးအဖြတ်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ လီဗာပူးက အမှတ်ပေးဇယားကို အပြတ်ဖြတ်ဖို့ရာ နောက်ထပ် ၆ မှတ်လိုနေပြီး အဲဗာတန်ကို အနိုင်ယူဖို့ ကြိုးစားလိမ့်မယ်လို့ မိုင်ကယ်အိုဝင်က မြင်ပါတယ်။
အိုဝင်က ” ဒီတစ်ကြိမ် ဒါဘီက ၂၃၆ ကြိမ်မြောက် မာဆေးဆိုဒ်ဒါဘီ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ပွဲအပြီး ကစားရမှာဖြစ်သလို ဒီပွဲက လီဗာပူးရဲ့ အမှတ်ပေးဖလား ချန်ပီယံဖြစ်မယ့် နောက်ဆုံးပွဲလည်း မဟုတ်ပါဘူး။ ဒါကိုတော့ အဲဗာတန် ပရိသတ်တွေ အတော်လေး စိတ်ပေါ့ပါးသွားမယ်ဆိုတာ သံသယမရှိပါနဲ့။
နောက်ဆုံးပွဲမှာ အဲဗာတန်က ချယ်ဆီးကို ၄-၀ နဲ့ အရေးနိမ့်ပြီး လီဗာပူးက ဘုန်းမောက်ကို ၂-၁ နဲ့ အနိုင်ရထားတယ်။ ဂူဒီဆင်ပက်ကို နောက်ဆုံး သွားကစားတဲ့ သုံးကြိမ်မှာ လီဗာပူးက clean sheet ကို သုံးကြိမ်လုံးရအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ စတန်လေပက်ခ်ကို ဖြတ်ကျော်ပြီး သွားရောက် ယှဉ်ပြိုင်ရာမှာလည်း နောက်ထပ်တစ်ကြိမ် ထပ်ရသွားမယ်လို့ ခံစားရပါတယ်။
နှစ်သင်း နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့တုန်းကတော့ အန်ဖီးကွင်းမှာ ဖာမင်နိုနဲ့ ဆာလက်တို မပါနိုင်တာတောင် လီဗာပူးက ချန်ပီယံခြေစွမ်းပြပြီး ၅-၂ နဲ့ အနိုင်ရခဲ့တယ်။ ၂၀၁၀ အောက်တိုဘာလနောက်ပိုင်း မာဆေးဆိုဒ် ဒါဘီမှာ အဲဗာတန်က လုံးဝ မနိုင်ထားပါဘူး။ လီဗာပူးက ဒီပွဲမှာလည်း နောက်ထပ် အနိုင်သုံးမှတ် ရယူပြီး ချန်ပီယံဖြစ်ဖို့ ခြေတစ်လှမ်း ပိုနီးစပ်သွားလိမ့်မယ်လို့ ခန့်မှန်းပါတယ် ” ဆိုပြီး သုံးသပ် ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။
မိုင်ကယ်အိုဝင် ခန့်မှန်း – လီဗာပူးက ပေးဂိုးမရှိ အနိုင်ရမယ်။
ZAWGYI
ဒီအပတ္ တနဂၤေႏြမွာေတာ့ လီဗာပူးအသင္းဟာ မာေဆးဆိုဒ္ဒါဘီအျဖစ္ အေဝးကြင္းမွာသြားျပီး ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။
အေစာပိုင္း ပြဲအျဖစ္ မန္စီးတီးနဲ႔ အာဆင္နယ္ပြဲမွာ မန္စီးတီးက အႏုိင္ရသြားလို႔ မာေဆးဆိုဒ္ဒါဘီပြဲဟာ ခ်န္ပီယံအဆံုးအျဖတ္ပြဲ ျဖစ္လာမွာ မဟုတ္ပါဘူး။ လီဗာပူးက အမွတ္ေပးဇယားကို အျပတ္ျဖတ္ဖို႔ရာ ေနာက္ထပ္ ၆ မွတ္လိုေနျပီး အဲဗာတန္ကို အႏုိင္ယူဖို႔ ၾကိဳးစားလိမ့္မယ္လို႔ မုိင္ကယ္အိုဝင္က ျမင္ပါတယ္။
အိုဝင္က ” ဒီတစ္ၾကိမ္ ဒါဘီက ၂၃၆ ၾကိမ္ေျမာက္ မာေဆးဆိုဒ္ဒါဘီ ျဖစ္ပါတယ္။ မန္စီးတီးနဲ႔ပြဲအျပီး ကစားရမွာျဖစ္သလို ဒီပြဲက လီဗာပူးရဲ႕ အမွတ္ေပးဖလား ခ်န္ပီယံျဖစ္မယ့္ ေနာက္ဆံုးပြဲလည္း မဟုတ္ပါဘူး။ ဒါကိုေတာ့ အဲဗာတန္ ပရိသတ္ေတြ အေတာ္ေလး စိတ္ေပါ့ပါးသြားမယ္ဆိုတာ သံသယမရွိပါနဲ႔။
ေနာက္ဆံုးပြဲမွာ အဲဗာတန္က ခ်ယ္ဆီးကို ၄-၀ နဲ႔ အေရးနိမ့္ျပီး လီဗာပူးက ဘုန္းေမာက္ကို ၂-၁ နဲ႔ အႏုိင္ရထားတယ္။ ဂူဒီဆင္ပက္ကို ေနာက္ဆံုး သြားကစားတဲ့ သံုးၾကိမ္မွာ လီဗာပူးက clean sheet ကို သံုးၾကိမ္လံုးရေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တယ္။ စတန္ေလပက္ခ္ကို ျဖတ္ေက်ာ္ျပီး သြားေရာက္ ယွဥ္ျပိဳင္ရာမွာလည္း ေနာက္ထပ္တစ္ၾကိမ္ ထပ္ရသြားမယ္လို႔ ခံစားရပါတယ္။
ႏွစ္သင္း ေနာက္ဆံုးအၾကိမ္ ထိပ္တိုက္ေတြ႔တုန္းကေတာ့ အန္ဖီးကြင္းမွာ ဖာမင္ႏိုနဲ႔ ဆာလက္တို မပါႏုိင္တာေတာင္ လီဗာပူးက ခ်န္ပီယံေျခစြမ္းျပျပီး ၅-၂ နဲ႔ အႏုိင္ရခဲ့တယ္။ ၂၀၁၀ ေအာက္တိုဘာလေနာက္ပိုင္း မာေဆးဆိုဒ္ ဒါဘီမွာ အဲဗာတန္က လံုးဝ မႏုိင္ထားပါဘူး။ လီဗာပူးက ဒီပြဲမွာလည္း ေနာက္ထပ္ အႏုိင္သံုးမွတ္ ရယူျပီး ခ်န္ပီယံျဖစ္ဖို႔ ေျခတစ္လွမ္း ပိုနီးစပ္သြားလိမ့္မယ္လို႔ ခန္႔မွန္းပါတယ္ ” ဆိုျပီး သံုးသပ္ ခန္႔မွန္းသြားခဲ့တာ ျဖစ္ပါတယ္။
မိုင္ကယ္အိုဝင္ ခန္႔မွန္း – လီဗာပူးက ေပးဂိုးမရွိ အႏုိင္ရမယ္။