ဒီအပတ်မှာ ပြန်လည် ယှဉ်ပြိုင်လာမယ့် အဲဗာတန်နဲ့ လီဗာပူးပွဲအတွက် ဘီဘီစီမှ လော်ရိုးက ပွဲရလဒ်နဲ့ ခန့်မှန်း ပြုလုပ်သွားပါတယ်။

လီဗာပူးက အမှတ်ပေးဇယားကို အပြတ်အသတ်ကြီး ဦးဆောင်နေပေမယ့် ကပ်ဘေးအတွင်း ပထမဆုံး ပြန်ကစားမှုမှာ ခြေစွမ်းကောင်းတွေ တန်းပြီး ပြန်ရဖို့ မဖြစ်နိုင်ဘူးလို့ လော်ရိုးက မြင်တယ်။ ဒီပွဲမှာတော့ အဲဗာတန်ကလည်း ခံစစ်ကို အထိုင်ထားမှာဖြစ်လို့ ပွဲအဖြေက အရမ်းကြီး ပြတ်သားမယ်လို့ လော်ရိုးက မထင်ပါဘူး။

လော်ရိုးက သုံးသပ်ရာမှာ ” လီဗာပူးက သူတို့ပုံစံအတိုင်း တိုက်စစ်ကို ခပ်မြန်မြန် ထိုးဖောက်မှုတွေ လုပ်မယ်လို့ ကျနော်ထင်တယ်။ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေဖို့အတွက် သူတို့ ဒီလိုပဲ ကစားလာခဲ့တာဖြစ်တယ်။ လီဗာပူးတိုက်စစ်သမားတွေက အကောင်းဆုံး ပုံစံတွေမှာ ရှိနေရင် သိပ်ကို ကြောက်ဖို့ကောင်းပါတယ်။ လက်ရှိမှာတော့ အဲ့သည် အနေအထားကို ပြန်ရောက်နေမယ် မထင်ရသေးဘူး။

အဲဗာတန်က ခံစစ်ကို သတိထားပြီး သုံးယောက်တန်း ခံစစ်ကို သုံးကာ အထိုင်ထား ကစားမယ်ဆိုရင် အံ့သြစရာတော့ မဟုတ်ပါဘူး။ သူတို့က ဒီပွဲမှာ ဂိုးတွေပေးရပြီး ခံစစ် ယိုယွင်းမှာကို လိုချင်မှာ မဟုတ်ဘူး။ ဒါကြောင့် အဲဗာတန်နဲ့ လီဗာပူးပွဲက ကျပ်တည်းတဲ့ ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။

လီဗာပူးက ဒီရာသီမှာ အတော်လည်း ခရီးဝေးဝေး ရောက်နေပါတယ်။ သူတို့ နိုင်ပွဲတွေ ပြန်ရှာနိုင်ဦးမှာပါ။ ခြေစွမ်းပိုင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည် မရတာတောင်မှ လီဗာပူးက ပွဲတွေကို ထိန်းချုပ်နိုင်စွမ်းရှိတာကို ကျနေ်ာတို့ မြင်ထားရပါတယ် ” လို့ ဖြစ်တယ်။

အဲဗာတန်နဲ့ လီဗာပူးပွဲမှာတော့ အဝေးကွင်းအသင်းကပဲ ပွဲကို တစ်ဂိုးအသာနဲ့ အနိုင်ရသွားမယ်လို့ လော်ရိုးက ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာ ျပန္လည္ ယွဥ္ျပိဳင္လာမယ့္ အဲဗာတန္နဲ႔ လီဗာပူးပြဲအတြက္ ဘီဘီစီမွ ေလာ္ရိုးက ပြဲရလဒ္နဲ႔ ခန္႔မွန္း ျပဳလုပ္သြားပါတယ္။

လီဗာပူးက အမွတ္ေပးဇယားကို အျပတ္အသတ္ၾကီး ဦးေဆာင္ေနေပမယ့္ ကပ္ေဘးအတြင္း ပထမဆံုး ျပန္ကစားမႈမွာ ေျခစြမ္းေကာင္းေတြ တန္းျပီး ျပန္ရဖို႔ မျဖစ္ႏုိင္ဘူးလို႔ ေလာ္ရိုးက ျမင္တယ္။ ဒီပြဲမွာေတာ့ အဲဗာတန္ကလည္း ခံစစ္ကို အထုိင္ထားမွာျဖစ္လို႔ ပြဲအေျဖက အရမ္းၾကီး ျပတ္သားမယ္လို႔ ေလာ္ရိုးက မထင္ပါဘူး။

ေလာ္ရိုးက သံုးသပ္ရာမွာ ” လီဗာပူးက သူတို႔ပံုစံအတိုင္း တိုက္စစ္ကို ခပ္ျမန္ျမန္ ထိုးေဖာက္မႈေတြ လုပ္မယ္လို႔ က်ေနာ္ထင္တယ္။ အမွတ္ေပးဇယား ထိပ္ဆံုးမွာ ရွိေနဖို႔အတြက္ သူတို႔ ဒီလိုပဲ ကစားလာခဲ့တာျဖစ္တယ္။ လီဗာပူးတိုက္စစ္သမားေတြက အေကာင္းဆံုး ပံုစံေတြမွာ ရွိေနရင္ သိပ္ကို ေၾကာက္ဖုိ႔ေကာင္းပါတယ္။ လက္ရွိမွာေတာ့ အဲ့သည္ အေနအထားကို ျပန္ေရာက္ေနမယ္ မထင္ရေသးဘူး။

အဲဗာတန္က ခံစစ္ကို သတိထားျပီး သံုးေယာက္တန္း ခံစစ္ကို သံုးကာ အထိုင္ထား ကစားမယ္ဆိုရင္ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ သူတို႔က ဒီပြဲမွာ ဂိုးေတြေပးရျပီး ခံစစ္ ယိုယြင္းမွာကို လိုခ်င္မွာ မဟုတ္ဘူး။ ဒါေၾကာင့္ အဲဗာတန္နဲ႔ လီဗာပူးပြဲက က်ပ္တည္းတဲ့ ပြဲတစ္ခု ျဖစ္လာပါလိမ့္မယ္။

လီဗာပူးက ဒီရာသီမွာ အေတာ္လည္း ခရီးေဝးေဝး ေရာက္ေနပါတယ္။ သူတို႔ ႏုိင္ပြဲေတြ ျပန္ရွာႏုိင္ဦးမွာပါ။ ေျခစြမ္းပိုင္းမွာ အေကာင္းဆံုး စြမ္းေဆာင္ရည္ မရတာေတာင္မွ လီဗာပူးက ပြဲေတြကို ထိန္းခ်ဳပ္ႏုိင္စြမ္းရွိတာကို က်ေန္ာတို႔ ျမင္ထားရပါတယ္ ” လို႔ ျဖစ္တယ္။

အဲဗာတန္နဲ႔ လီဗာပူးပြဲမွာေတာ့ အေဝးကြင္းအသင္းကပဲ ပြဲကို တစ္ဂိုးအသာနဲ႔ အႏုိင္ရသြားမယ္လို႔ ေလာ္ရိုးက ခန္႔မွန္းသြားခဲ့တာ ျဖစ္ပါတယ္။