မန်နေဂျာယာဂင်ကလော့ပ်ဟာ ရာသီစတုန်းက လီဗာပူးအသင်းသားတွေကို ဖိအားတွေအောက်မှာ တည်ငြိမ်စေဖို့ အားကစား-သိပ္ပံဆိုင်ရာ နည်းလမ်းသစ်တစ်ခုကို လေ့ကျင့်ဖို့ ကြိုးစားခဲ့ပါတယ်။

ကလော့ပ်က ဖရန့်ဖတ် တက္ကသိုလ်ကနေ အားကစား-သိပ္ပံနဲ့ ဒီပလိုမာ ရထားသူဖြစ်ပြီး သူက အားကစားနဲ့ သိပ္ပံဆိုင်ရာ ကိစ္စတွေကို ပေါင်းစပ်မှုကို အတော်လေး ဝါသနာကြီးပါတယ်။ ဒီအတွက် စာတမ်းရေးမှုတွေလို ကိစ္စတွေလည်း လုပ်ထားပါတယ်။

လီဗာပူးမှာ ထူးထူးခြားခြား သူလုပ်ဖူးတဲ့ ကိစ္စတွေထဲမှာ အဟာရဗေဒ ပညာရှင်ကို ခေါ်ယူပြီး ကစားသမားတွေရဲ့ အစားအသောက်ကို ထိန်းညိတဲ့ ကိစ္စဖြစ်တယ်။ သူဟာ ကစားသမားတွေကို လေ့ကျင့်ရေးအတွင်း စွမ်းဆောင်ရည်တင်မကပဲ ဒေတာနဲ့ စစ်တမ်းယူတဲ့ ကိစ္စတွေကိုလည်း လုပ်ဆောင်လေ့ရှိပါတယ်။

ဒီရာသီ အစတုန်းကတော့ ဂျာမနီက ရေလှိုင်းစီး ကမ္ဘာချန်ပီယံ Sebastian Steudtner ကို လီဗာပူးအသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးထံ ဖိတ်ခေါ်ပြီး အသင်းသားတွေကို ဖိအားတွေအောက်မှာ အခြေအနေ တည်ငြိမ်အောင် ဘယ်လို ထိန်းသိမ်းရမလဲ ဆိုတာကို ဆွေးနွေးဝိုင်း လုပ်စေခဲ့ပြီး ရက်အတန်ကြာ အတူလေ့ကျင့်စေခဲ့တယ်။

အသက်အန္တရာယ်များတဲ့ ရေလှိုင်းစီးမှုကို ပိုင်ပိုင်နိုင်နိုင် ကစားနိုင်တဲ့ Sebastian Steudtner က လီဗာပူးကစားသမားတွေကို ဖိအားမများစေဖို့ စိတ်ကို ဘယ်လိုထိန်းမလဲဆိုတဲ့အပေါ် သင်ပြပေးခဲ့တယ်။ သူပေးခဲ့တဲ့ နည်းလမ်းတွေထဲမှာ တစ်ခုကဆိုရင် ရေကူးကန်ထဲမှာ ရေငုပ်ပြီး အသက်အောင့်တဲ့ လေ့ကျင့်ရေးတစ်ခု လုပ်စေခဲ့ပါတယ်။ စစချင်းလုပ်တုန်းက လီဗာပူးကစားသမားတွေက စက္ကန့် ၂၀ လောက်ပဲ လုပ်နိုင်ခဲ့တယ်။ ချန်ပီယံက အဲ့သည်လေ့ကျင့်ရေးကို နောက်ပိုင်းမှာလည်း ဆက်ပြီး လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အခုချိန်မှာတော့ လီဗာပူးကစားသမားတွေထဲမှာ စံချိန် အကောင်းဆုံးအဖြစ် လယ်လာနာဟာ ၅ မိနစ်ကြာ ရေထဲမှာ ငုပ်ပြီး နေနိုင်တယ်လို့ သိရတယ်။ ဒီလေ့ကျင့်ရေးက ကွင်းထဲမှာ ဖိအားတွေကို တုန့်ပြန်ဖို့ အကူအညီဖြစ်တယ်လို့ လီဗာပူးအသင်းသားတွေ ပြောထားဖူးပါတယ်။

အသက်ရှုလေ့ကျင့်ရေးက ကစားသမားတွေရဲ့ အာရုံကို တည်ငြိမ်စေဖို့ ဘယ်လောက်ထိ အကူအညီဖြစ်မလဲတော့ ကျနေ်ာတို့ မသိပါဘူး။ ဒါက ဗဟုသုတအနေနဲ့ သိရဖို့ မျှဝေခြင်း ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ ရာသီစတုန္းက လီဗာပူးအသင္းသားေတြကို ဖိအားေတြေအာက္မွာ တည္ျငိမ္ေစဖို႔ အားကစား-သိပၸံဆိုင္ရာ နည္းလမ္းသစ္တစ္ခုကို ေလ့က်င့္ဖို႔ ၾကိဳးစားခဲ့ပါတယ္။

ကေလာ့ပ္က ဖရန္႔ဖတ္ တကၠသိုလ္ကေန အားကစား-သိပၸံနဲ႔ ဒီပလိုမာ ရထားသူျဖစ္ျပီး သူက အားကစားနဲ႔ သိပၸံဆိုင္ရာ ကိစၥေတြကို ေပါင္းစပ္မႈကို အေတာ္ေလး ဝါသနာၾကီးပါတယ္။ ဒီအတြက္ စာတမ္းေရးမႈေတြလို ကိစၥေတြလည္း လုပ္ထားပါတယ္။

လီဗာပူးမွာ ထူးထူးျခားျခား သူလုပ္ဖူးတဲ့ ကိစၥေတြထဲမွာ အဟာရေဗဒ ပညာရွင္ကို ေခၚယူျပီး ကစားသမားေတြရဲ႕ အစားအေသာက္ကို ထိန္းညိတဲ့ ကိစၥျဖစ္တယ္။ သူဟာ ကစားသမားေတြကို ေလ့က်င့္ေရးအတြင္း စြမ္းေဆာင္ရည္တင္မကပဲ ေဒတာနဲ႔ စစ္တမ္းယူတဲ့ ကိစၥေတြကိုလည္း လုပ္ေဆာင္ေလ့ရွိပါတယ္။

ဒီရာသီ အစတုန္းကေတာ့ ဂ်ာမနီက ေရလိႈင္းစီး ကမၻာခ်န္ပီယံ Sebastian Steudtner ကို လီဗာပူးအသင္းရဲ႕ ရာသီၾကိဳ ေလ့က်င့္ေရးထံ ဖိတ္ေခၚျပီး အသင္းသားေတြကို ဖိအားေတြေအာက္မွာ အေျခအေန တည္ျငိမ္ေအာင္ ဘယ္လို ထိန္းသိမ္းရမလဲ ဆိုတာကို ေဆြးေႏြးဝိုင္း လုပ္ေစခဲ့ျပီး ရက္အတန္ၾကာ အတူေလ့က်င့္ေစခဲ့တယ္။

အသက္အႏၱရာယ္မ်ားတဲ့ ေရလိႈင္းစီးမႈကို ပိုင္ပိုင္ႏုိင္ႏုိင္ ကစားႏုိင္တဲ့ Sebastian Steudtner က လီဗာပူးကစားသမားေတြကို ဖိအားမမ်ားေစဖို႔ စိတ္ကို ဘယ္လိုထိန္းမလဲဆိုတဲ့အေပၚ သင္ျပေပးခဲ့တယ္။ သူေပးခဲ့တဲ့ နည္းလမ္းေတြထဲမွာ တစ္ခုကဆိုရင္ ေရကူးကန္ထဲမွာ ေရငုပ္ျပီး အသက္ေအာင့္တဲ့ ေလ့က်င့္ေရးတစ္ခု လုပ္ေစခဲ့ပါတယ္။ စစခ်င္းလုပ္တုန္းက လီဗာပူးကစားသမားေတြက စကၠန္႔ ၂၀ ေလာက္ပဲ လုပ္ႏုိင္ခဲ့တယ္။ ခ်န္ပီယံက အဲ့သည္ေလ့က်င့္ေရးကို ေနာက္ပိုင္းမွာလည္း ဆက္ျပီး လုပ္ဖို႔ တိုက္တြန္းခဲ့ပါတယ္။

အခုခ်ိန္မွာေတာ့ လီဗာပူးကစားသမားေတြထဲမွာ စံခ်ိန္ အေကာင္းဆံုးအျဖစ္ လယ္လာနာဟာ ၅ မိနစ္ၾကာ ေရထဲမွာ ငုပ္ျပီး ေနႏုိင္တယ္လို႔ သိရတယ္။ ဒီေလ့က်င့္ေရးက ကြင္းထဲမွာ ဖိအားေတြကို တုန္႔ျပန္ဖို႔ အကူအညီျဖစ္တယ္လို႔ လီဗာပူးအသင္းသားေတြ ေျပာထားဖူးပါတယ္။

အသက္ရႈေလ့က်င့္ေရးက ကစားသမားေတြရဲ႕ အာရံုကို တည္ျငိမ္ေစဖို႔ ဘယ္ေလာက္ထိ အကူအညီျဖစ္မလဲေတာ့ က်ေန္ာတို႔ မသိပါဘူး။ ဒါက ဗဟုသုတအေနနဲ႔ သိရဖို႔ မွ်ေဝျခင္း ျဖစ္ပါတယ္။