အဲဗာတန်အသင်းရဲ့ ဘရာဇီးသား တိုက်စစ်မျူး ရစ်ချာလီဆန်က မာဆေးဆိုဒ်ဒါဘီ ပွဲကြိုမှာ လီဗာပူးဘက်ကို စကားစစ်ထိုးမှု ပြုလုပ်သွားပါတယ်။
နှစ်သင်းဟာ ဒီအပတ် တနင်္ဂနွေနေ့မှာ ထိပ်တိုက်တွေ့မှာဖြစ်ပြီး အဲဗာတန်ရဲ့ ဂူဒီဆင်ပက်ခ်မှာ ယှဉ်ပြိုင်ရမှာပါ။ အခက်အခဲတွေ အများကြီးကြားက ဘောလုံးပြန်ကစားမှု ဖြစ်လာခဲ့သလို သုံးလကျော်အတွင်း လီဗာပူးအသင်းအတွက် ပထမဆုံး ပြန်ကစားမယ့် ပွဲစဉ်လည်း ဖြစ်တယ်။
အစောတုန်းက မာဆေးဆိုဒ်ဒါဘီကို ဂူဒီဆင်ပက်ခ်မှာ ကစားခွင့် မပေးဖို့ ရဲအဖွဲ့က တောင်းဆိုခဲ့ပေမယ့် ဒေသခံ အာဏာပိုင်တွေရဲ့ ထောက်ခံမှုဖြင့် မူလအတိုင်းပဲ ကစားစေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။
ရစ်ချာလီဆန်က ပွဲကြိုမှာပဲ လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ကမ္ဘာအဆင့် ခံစစ်သမားလို့ လူတွေ ပြောကြပေမယ့် သူကတော့ အောင်မြင်စွာ ကျော်ဖြတ်ထားနိုင်တယ်။ သူ့အတွက်ကတော့ ဗန်ဒိုက်ဟာ ခံစစ်မှူးကောင်း တစ်ဦးဆိုတဲ့ အဆင့်မှာပဲ ရှိပါတယ်လို့ ဘရာဇီးသားက ဆိုခဲ့တာဖြစ်တယ်။
ရစ်ချာလီဆန်က ပြောရာမှာ ” လူတွေက ဗန်ဒိုက်အကြောင်း သိပ်ပြောကြတယ်။ သူက ခံစစ်သမားကောင်းပါ ဒါပေမယ့် ကျနော်က သူ့ကို ကျော်ဖြတ်ထားနိုင်ခဲ့ပြီးပါပြီ။ ဘောလုံးရာသီကောင်း တစ်ခုကို ပိုင်ဆိုင်ထားခဲ့တော့ သူက ကမ္ဘာအကောင်းဆုံး ခံစစ်သမား သုံးယောက်ထဲက တစ်ယောက်အဖြစ် ရွေးချယ်ခံရတယ်။ ဒါပေမယ့် ကျနော်အတွက်တော့ ဗန်ဒိုက်ထက် ပိုကောင်းတဲ့ ခံစစ်သမားတွေရှိပါတယ်။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဗာတန် တိုက်စစ်သမားကတော့ ပီအက်ဂျီမှ သီယေဂို ဆေးဗား၊ မာကွီဟိုတို့အပြင် ရီးရဲလ်မက်ဒရစ် ခံစစ်သမား ဆာဂျီယို ရာမိုစ့်တို့ကို အကောင်းဆုံး ခံစစ်သမားတွေအဖြစ် ရွေးချယ်သွားခဲ့ပါသေးတယ်။
ZAWGYI
အဲဗာတန္အသင္းရဲ႕ ဘရာဇီးသား တိုက္စစ္မ်ဴး ရစ္ခ်ာလီဆန္က မာေဆးဆိုဒ္ဒါဘီ ပြဲၾကိဳမွာ လီဗာပူးဘက္ကို စကားစစ္ထိုးမႈ ျပဳလုပ္သြားပါတယ္။
ႏွစ္သင္းဟာ ဒီအပတ္ တနဂၤေႏြေန႔မွာ ထိပ္တိုက္ေတြ႔မွာျဖစ္ျပီး အဲဗာတန္ရဲ႕ ဂူဒီဆင္ပက္ခ္မွာ ယွဥ္ျပိဳင္ရမွာပါ။ အခက္အခဲေတြ အမ်ားၾကီးၾကားက ေဘာလံုးျပန္ကစားမႈ ျဖစ္လာခဲ့သလို သံုးလေက်ာ္အတြင္း လီဗာပူးအသင္းအတြက္ ပထမဆံုး ျပန္ကစားမယ့္ ပြဲစဥ္လည္း ျဖစ္တယ္။
အေစာတုန္းက မာေဆးဆိုဒ္ဒါဘီကို ဂူဒီဆင္ပက္ခ္မွာ ကစားခြင့္ မေပးဖို႔ ရဲအဖြဲ႔က ေတာင္းဆိုခဲ့ေပမယ့္ ေဒသခံ အာဏာပိုင္ေတြရဲ႕ ေထာက္ခံမႈျဖင့္ မူလအတိုင္းပဲ ကစားေစဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္တယ္။
ရစ္ခ်ာလီဆန္က ပြဲၾကိဳမွာပဲ လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က ကမၻာအဆင့္ ခံစစ္သမားလို႔ လူေတြ ေျပာၾကေပမယ့္ သူကေတာ့ ေအာင္ျမင္စြာ ေက်ာ္ျဖတ္ထားႏုိင္တယ္။ သူ႔အတြက္ကေတာ့ ဗန္ဒိုက္ဟာ ခံစစ္မွဴးေကာင္း တစ္ဦးဆိုတဲ့ အဆင့္မွာပဲ ရွိပါတယ္လို႔ ဘရာဇီးသားက ဆိုခ့ဲတာျဖစ္တယ္။
ရစ္ခ်ာလီဆန္က ေျပာရာမွာ ” လူေတြက ဗန္ဒိုက္အေၾကာင္း သိပ္ေျပာၾကတယ္။ သူက ခံစစ္သမားေကာင္းပါ ဒါေပမယ့္ က်ေနာ္က သူ႔ကို ေက်ာ္ျဖတ္ထားနုိင္ခဲ့ျပီးပါျပီ။ ေဘာလံုးရာသီေကာင္း တစ္ခုကို ပိုင္ဆိုင္ထားခဲ့ေတာ့ သူက ကမၻာအေကာင္းဆံုး ခံစစ္သမား သံုးေယာက္ထဲက တစ္ေယာက္အျဖစ္ ေရြးခ်ယ္ခံရတယ္။ ဒါေပမယ့္ က်ေနာ္အတြက္ေတာ့ ဗန္ဒိုက္ထက္ ပိုေကာင္းတဲ့ ခံစစ္သမားေတြရွိပါတယ္။ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
အဲဗာတန္ တိုက္စစ္သမားကေတာ့ ပီအက္ဂ်ီမွ သီေယဂို ေဆးဗား၊ မာကီြဟိုတို႔အျပင္ ရီးရဲလ္မက္ဒရစ္ ခံစစ္သမား ဆာဂ်ီယို ရာမိုစ့္တို႔ကို အေကာင္းဆံုး ခံစစ္သမားေတြအျဖစ္ ေရြးခ်ယ္သြားခဲ့ပါေသးတယ္။