အဲဗာတန်နဲ့ လီဗာပူးတို့ရဲ့ မာဆေးဆိုဒ် ဒါဘီဟာ သွင်းဂိုးတွေ များမှာ ဖြစ်ပေမယ့် လီဗာပူးက အနိုင်ရဖို့ မရှိဘူးလို့ စကိုင်းစပေါ့မှ ချာလီနီကိုးလက်စ်က ခန့်မှန်းသွားပါတယ်။
အက်ဖ်အေဖလားမှာ လီဗာပူး ယူ-၂၃ အသင်းက အဲဗာတန်ကို အနိုင်ယူသွားတာက မြို့ခံပြိုင်ဘက်တွေရဲ့ ရင်ထဲမှာ အရှက်ရစရာ ဖြစ်နေမယ်လို့ ချာလီက ဆိုတယ်။ ဒီအကြောင်းပြချက်ကြောင့်ပဲ အဲဗာတန်က မာမာထန်ထန် ကစားလိမ့်မယ်လို့ သူက ပြောပါတယ်။
ချာလီက ” ဒီလိုပွဲမှာ ပရိသတ်တွေကို လိုချင်မှာပါပဲ။ ဒီပွဲနဲ့ ပက်သက်ပြီး အဲဗာတန်ဘက်က ပျော်နေမှာတော့ မဟုတ်ပါဘူး။ အက်ဖ်အေပွဲမှာ သူတို့က လီဗာပူးလူငယ်အသင်းရဲ့ အရှက်ခွဲခြင်းကို ခံထားရတာဖြစ်တယ်။ အဲဗာတန်က နိုင်ခဲ့သင့်ပေမယ့် အနိုင်မရခဲ့ပါဘူး။ အဲဗာတန်သားတွေက အဲ့ပွဲနဲ့ ပက်သက်ပြီး သဘောမကျဘဲ အရှက်ရနေမှာပါ။ ပရိသတ် မပါတာတောင်မှ ပွဲကောင်းဖြစ်လာပါမယ်။
မန်စီးတီးဟာ အာဆင်နယ်ကို ရင်ဆိုင်ကစားတုန်းက အင်ပြည့်အားပြည့် ယှဉ်ပြိုင်နိုင်ဖို့ အချိန်အနည်းငယ် ယူခဲ့ရတာကို မြင်ကြပါလိမ့်မယ်။ လီဗာပူးက အရှိန်တင်ကစားလိုပါမယ် ဒါပေမယ့် ဘွန်ဒက်လီဂါမှာ မြင်ထားရတာကတော့ ကွင်းထဲမှာ ပရိသတ်တွေ မရှိတာတောင်မှ ပွဲတွေမှာ မကြာခဏ ကဒ်တွေ ပြခံထားရတာရှိတယ်။ အဲဗာတန်က လီဗာပူးဆီကနေ အမှတ်ရအောင် ယူပါလိမ့်မယ်။
တိုက်စစ်သမားတွေနဲ့ ဖာမင်နို ခြေထဲကို ဘောလုံးမရောက်အောင် အဲဗာတန်က လုပ်နိုင်ဖို့ လိုပါတယ်။ အဖြေရှာရခက်တဲ့ ကိစ္စတွေကို ဒီပွဲမှာ မြင်ကြပါလိမ့်မယ်။ လီဗာပူးအစွန်တွေကို ဘယ်လောက်ထိ တိုက်စစ်လိုက်ခွင့်မျိုး အဲဗာတန်က ပေးမှာလဲ? အဲ့တာက လီဗာပူးအတွက် အရေးကြီးပါတယ်။ ရစ်ချာလီဆန်က လှုပ်အားတွေကို ပြန်ရမလားနဲ့ ကားလိုစ် အန်ဆယ်လော့တီရဲ့ ပိတ်ကစားမှုတွေက အလုပ်ဖြစ်မလား?
အဲဗာတန်က သတိထားပြီး ကစားမှာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အားပြုပါလိမ့်မယ်။ သူတို့ နှစ်သင်းလုံးက ကိုယ်စနစ်တွေနဲ့ ကစားဖို့ လိုပါတယ်။ တနင်္ဂနွေနေ့ညကတော့ ရင်ဖိုစရာကောင်းမယ်လို့ ကျနေ်ာ မျှော်လင့်ပါတယ် ” ဆိုပြီး သုံးသပ်ခဲ့တာဖြစ်တယ်။
လီဗာပူးနဲ့ အဲဗာတန်ပွဲ ပွဲရလဒ်ကိုတော့ ချာလီ နီကိုးလက်စ်က ၂-၂ ရလဒ် ထွက်ပေါ်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။
ZAWGYI
အဲဗာတန္နဲ႔ လီဗာပူးတို႔ရဲ႕ မာေဆးဆိုဒ္ ဒါဘီဟာ သြင္းဂိုးေတြ မ်ားမွာ ျဖစ္ေပမယ့္ လီဗာပူးက အႏုိင္ရဖို႔ မရွိဘူးလို႔ စကိုင္းစေပါ့မွ ခ်ာလီနီကိုးလက္စ္က ခန္႔မွန္းသြားပါတယ္။
အက္ဖ္ေအဖလားမွာ လီဗာပူး ယူ-၂၃ အသင္းက အဲဗာတန္ကို အႏုိင္ယူသြားတာက ျမိဳ႕ခံျပိဳင္ဘက္ေတြရဲ႕ ရင္ထဲမွာ အရွက္ရစရာ ျဖစ္ေနမယ္လို႔ ခ်ာလီက ဆိုတယ္။ ဒီအေၾကာင္းျပခ်က္ေၾကာင့္ပဲ အဲဗာတန္က မာမာထန္ထန္ ကစားလိမ့္မယ္လို႔ သူက ေျပာပါတယ္။
ခ်ာလီက ” ဒီလိုပြဲမွာ ပရိသတ္ေတြကို လိုခ်င္မွာပါပဲ။ ဒီပြဲနဲ႔ ပက္သက္ျပီး အဲဗာတန္ဘက္က ေပ်ာ္ေနမွာေတာ့ မဟုတ္ပါဘူး။ အက္ဖ္ေအပြဲမွာ သူတို႔က လီဗာပူးလူငယ္အသင္းရဲ႕ အရွက္ခြဲျခင္းကို ခံထားရတာျဖစ္တယ္။ အဲဗာတန္က ႏုိင္ခဲ့သင့္ေပမယ့္ အႏုိင္မရခဲ့ပါဘူး။ အဲဗာတန္သားေတြက အဲ့ပြဲနဲ႔ ပက္သက္ျပီး သေဘာမက်ဘဲ အရွက္ရေနမွာပါ။ ပရိသတ္ မပါတာေတာင္မွ ပြဲေကာင္းျဖစ္လာပါမယ္။
မန္စီးတီးဟာ အာဆင္နယ္ကို ရင္ဆိုင္ကစားတုန္းက အင္ျပည့္အားျပည့္ ယွဥ္ျပိဳင္ႏုိင္ဖို႔ အခ်ိန္အနည္းငယ္ ယူခဲ့ရတာကို ျမင္ၾကပါလိမ့္မယ္။ လီဗာပူးက အရွိန္တင္ကစားလိုပါမယ္ ဒါေပမယ့္ ဘြန္ဒက္လီဂါမွာ ျမင္ထားရတာကေတာ့ ကြင္းထဲမွာ ပရိသတ္ေတြ မရွိတာေတာင္မွ ပြဲေတြမွာ မၾကာခဏ ကဒ္ေတြ ျပခံထားရတာရွိတယ္။ အဲဗာတန္က လီဗာပူးဆီကေန အမွတ္ရေအာင္ ယူပါလိမ့္မယ္။
တိုက္စစ္သမားေတြနဲ႔ ဖာမင္ႏို ေျခထဲကို ေဘာလံုးမေရာက္ေအာင္ အဲဗာတန္က လုပ္ႏုိင္ဖို႔ လိုပါတယ္။ အေျဖရွာရခက္တဲ့ ကိစၥေတြကို ဒီပြဲမွာ ျမင္ၾကပါလိမ့္မယ္။ လီဗာပူးအစြန္ေတြကို ဘယ္ေလာက္ထိ တိုက္စစ္လိုက္ခြင့္မ်ိဳး အဲဗာတန္က ေပးမွာလဲ? အဲ့တာက လီဗာပူးအတြက္ အေရးၾကီးပါတယ္။ ရစ္ခ်ာလီဆန္က လႈပ္အားေတြကို ျပန္ရမလားနဲ႔ ကားလိုစ္ အန္ဆယ္ေလာ့တီရဲ႕ ပိတ္ကစားမႈေတြက အလုပ္ျဖစ္မလား?
အဲဗာတန္က သတိထားျပီး ကစားမွာျဖစ္ျပီး ရုပ္ပိုင္းဆိုင္ရာ အားျပဳပါလိမ့္မယ္။ သူတို႔ ႏွစ္သင္းလံုးက ကိုယ္စနစ္ေတြနဲ႔ ကစားဖို႔ လိုပါတယ္။ တနဂၤေႏြေန႔ညကေတာ့ ရင္ဖိုစရာေကာင္းမယ္လို႔ က်ေန္ာ ေမွ်ာ္လင့္ပါတယ္ ” ဆိုျပီး သံုးသပ္ခဲ့တာျဖစ္တယ္။
လီဗာပူးနဲ႔ အဲဗာတန္ပြဲ ပြဲရလဒ္ကိုေတာ့ ခ်ာလီ နီကိုးလက္စ္က ၂-၂ ရလဒ္ ထြက္ေပၚမယ္လို႔ ခန္႔မွန္းသြားခဲ့ပါတယ္။