အဲဗာတန်ပွဲကြို မီဒီယာတွေ့ဆုံမှုမှ ပက်သက်ပြီး ကလော့ပ်ပြောတဲ့ အရေးကြီး ကိစ္စ ၆ ခု
ပုံစံကောင်း အမြန်ဆုံး ရရှိရေး
အခုချိန်ကနေစပြီး အဲ့လို အနေအထား ရောက်လာဖို့ပေါ့။ ကျနေ်ာတို့ အကောင်းဆုံးပုံစံ ပြန်ရလာဖို့ သေချာအောင် လုပ်ရမယ်။ ကောင်လေးတွေက အနားယူထားရပြီး ဘောလုံးကို ပြန်ကစားခွင့်ရချိန်မှာ အတော်လေး ကြိုစားထားရတယ်။ ကျနေ်ာတို့ အကောင်းဆုံး လုပ်ထားပေမယ့် ရာနှုန်းပြည့် အဆင့်တော့ မရောက်သေးပါဘူး။
မာဆေးဆိုဒ်ဒါဘီပွဲနဲ့ ပက်သက်ပြီး
အဲဗာတန်ကို ရင်ဆိုင်ရမယ်ဆိုတာက ကြီးကြီးမားမား လုံ့ဆော်မှု ဖြစ်ပါတယ်။ ပုံမှန်ဘောလုံးရာသီတွေမှာ ပွဲစစချင်းကို ဒါဘီပွဲနဲ့ စရရင် အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတယ်။ အခုလည်း မတူညီတဲ့ အကြောင်းပြချက်နဲ့ စပယ်ရှယ် ပွဲတစ်ပွဲပါပဲ။
ဆာလက်၊ ရော်ဘတ်ဆန်၊ အယ်လီဆန်တို့ရဲ့ အခြေအနေ
သူတို့ အခြေအနေ ကောင်းပါတယ်။ လေ့ကျင့်ရေးကာလမှာ ပြဿနာ နည်းနည်းရှိခဲ့ပြီး အဲ့တာက ပုံမှန်ပါပဲ။ တနင်္ဂနွေနေ့ပွဲမှာ မပါရမယ့် အခြေအနေမျိုးတော့ တစ်ယောက်မှ ရှိမနေပါဘူး။
ဒဏ်ရာအပေါ် စိုးရိမ်မှု
ဒဏ်ရာတွေနဲ့ ပက်သက်ပြီး ကျနော် အမြဲတမ်း စိုးရိမ်ပါတယ်။ ကစားသမားအားလုံးကို ရွေးချယ်ခွင့်ကို ရချင်တယ်။ အဲ့လိုဖြစ်ဖို့ အားလုံးက ကြံ့ခိုင်နေဖို့လိုတယ်။ အာဆင်နယ်နဲ့ မန်စီးတီးတို့က ဒဏ်ရာရကြတာမျိုးတွေ ကျနေ်ာတို့မှာလည်း ဖြစ်နိုင်ပါတယ်။
လူစားလဲမှု ၅ ခုလုပ်ခွင့်
ဒါက လိုအပ်ပါတယ်။ ဒီကိစ္စကို အားလုံး သဘောတူကြတာအတွက် ပျော်မိပါတယ်။ အစောတုန်းက ဇယားအောက်ခြေက အသင်းတွေက ဒါက အသင်းကြီးတွေကို အသားရစေမယ်လို့ တွေးကြတယ်လို့ သိရတယ်။ တစက္ကန့်လေးတောင်မှ ကျနော် အဲ့လို မတွေးပါဘူးဗျာ။ ဒါက ကစားသမားတွေအတွက်ပါ။
မီနာမီနိုနဲ့ ပက်သက်ပြီး
ကျနေ်ာတို့ကတော့ ကစားသမားသစ်တွေ ရောက်လာရင် အစာပိုင်းလတွေနဲ့ ဆုံးဖြတ်လိုက်တာမျိုး မလုပ်ပါဘူး။ ဘောလုံးပရိသတ်တွေက အဲ့လိုလုပ်လေ့ရှိတာကို ကျနော် သိပါတယ်။ ပိုကောင်းလာဖို့ အချိန်ပိုလိုပါတယ်။ ကျနေ်ာတို့ လေးပတ် အချိန်ရခဲ့တယ်။ လီဗာပူးမှာ ရခဲ့ဖူးတဲ့ အချိန်အကြာဆုံး ရာသီကြို ပြင်ဆင်မှုပါပဲ။ ဒါက အကူအညီဖြစ်ပါတယ်။ နီကိုး၊ ကားတစ်၊ ဟာဗေး တို့ကလည်း အကူအညီဖြစ်ကြတယ်။ သူတို့ အားလုံးကို မြင်ရတာ ကောင်းပါတယ်။
ZAWGYI
အဲဗာတန္ပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈမွ ပက္သက္ျပီး ကေလာ့ပ္ေျပာတဲ့ အေရးၾကီး ကိစၥ ၆ ခု
ပံုစံေကာင္း အျမန္ဆံုး ရရွိေရး
အခုခ်ိန္ကေနစျပီး အဲ့လို အေနအထား ေရာက္လာဖို႔ေပါ့။ က်ေန္ာတို႔ အေကာင္းဆံုးပံုစံ ျပန္ရလာဖို႔ ေသခ်ာေအာင္ လုပ္ရမယ္။ ေကာင္ေလးေတြက အနားယူထားရျပီး ေဘာလံုးကို ျပန္ကစားခြင့္ရခ်ိန္မွာ အေတာ္ေလး ၾကိဳစားထားရတယ္။ က်ေန္ာတို႔ အေကာင္းဆံုး လုပ္ထားေပမယ့္ ရာႏႈန္းျပည့္ အဆင့္ေတာ့ မေရာက္ေသးပါဘူး။
မာေဆးဆိုဒ္ဒါဘီပြဲနဲ႔ ပက္သက္ျပီး
အဲဗာတန္ကို ရင္ဆိုင္ရမယ္ဆိုတာက ၾကီးၾကီးမားမား လံု႔ေဆာ္မႈ ျဖစ္ပါတယ္။ ပံုမွန္ေဘာလံုးရာသီေတြမွာ ပြဲစစခ်င္းကို ဒါဘီပြဲနဲ႔ စရရင္ အရမ္းကို စိတ္ဝင္စားဖို႔ ေကာင္းတယ္။ အခုလည္း မတူညီတဲ့ အေၾကာင္းျပခ်က္နဲ႔ စပယ္ရွယ္ ပြဲတစ္ပြဲပါပဲ။
ဆာလက္၊ ေရာ္ဘတ္ဆန္၊ အယ္လီဆန္တို႔ရဲ႕ အေျခအေန
သူတို႔ အေျခအေန ေကာင္းပါတယ္။ ေလ့က်င့္ေရးကာလမွာ ျပႆနာ နည္းနည္းရွိခဲ့ျပီး အဲ့တာက ပံုမွန္ပါပဲ။ တနဂၤေႏြေန႔ပြဲမွာ မပါရမယ့္ အေျခအေနမ်ိဳးေတာ့ တစ္ေယာက္မွ ရွိမေနပါဘူး။
ဒဏ္ရာအေပၚ စိုးရိမ္မႈ
ဒဏ္ရာေတြနဲ႔ ပက္သက္ျပီး က်ေနာ္ အျမဲတမ္း စိုးရိမ္ပါတယ္။ ကစားသမားအားလံုးကို ေရြးခ်ယ္ခြင့္ကို ရခ်င္တယ္။ အဲ့လိုျဖစ္ဖို႔ အားလံုးက ၾကံ႕ခိုင္ေနဖို႔လိုတယ္။ အာဆင္နယ္နဲ႔ မန္စီးတီးတို႔က ဒဏ္ရာရၾကတာမ်ိဳးေတြ က်ေန္ာတို႔မွာလည္း ျဖစ္ႏုိင္ပါတယ္။
လူစားလဲမႈ ၅ ခုလုပ္ခြင့္
ဒါက လိုအပ္ပါတယ္။ ဒီကိစၥကို အားလံုး သေဘာတူၾကတာအတြက္ ေပ်ာ္မိပါတယ္။ အေစာတုန္းက ဇယားေအာက္ေျခက အသင္းေတြက ဒါက အသင္းၾကီးေတြကို အသားရေစမယ္လို႔ ေတြးၾကတယ္လို႔ သိရတယ္။ တစကၠန္႔ေလးေတာင္မွ က်ေနာ္ အဲ့လို မေတြးပါဘူးဗ်ာ။ ဒါက ကစားသမားေတြအတြက္ပါ။
မီနာမီႏိုနဲ႔ ပက္သက္ျပီး
က်ေန္ာတို႔ကေတာ့ ကစားသမားသစ္ေတြ ေရာက္လာရင္ အစာပိုင္းလေတြနဲ႔ ဆံုးျဖတ္လိုက္တာမ်ိဳး မလုပ္ပါဘူး။ ေဘာလံုးပရိသတ္ေတြက အဲ့လိုလုပ္ေလ့ရွိတာကို က်ေနာ္ သိပါတယ္။ ပိုေကာင္းလာဖို႔ အခ်ိန္ပိုလိုပါတယ္။ က်ေန္ာတို႔ ေလးပတ္ အခ်ိန္ရခဲ့တယ္။ လီဗာပူးမွာ ရခဲ့ဖူးတဲ့ အခ်ိန္အၾကာဆံုး ရာသီၾကိဳ ျပင္ဆင္မႈပါပဲ။ ဒါက အကူအညီျဖစ္ပါတယ္။ နီကိုး၊ ကားတစ္၊ ဟာေဗး တို႔ကလည္း အကူအညီျဖစ္ၾကတယ္။ သူတို႔ အားလံုးကို ျမင္ရတာ ေကာင္းပါတယ္။