အဲဗာတန်နဲ့ လီဗာပူးတို့ရဲ့ မာဆေးဆိုဒ် ဒါဘီဟာ သွင်းဂိုးတွေ များမှာ ဖြစ်ပေမယ့် လီဗာပူးက အနိုင်ရဖို့ မရှိကာ ၂-၂ ရလဒ် ထွက်လိမ့်မယ်လို့ စကိုင်းစပေါ့မှ ချာလီနီကိုးလက်စ်က ခန့်မှန်းသွားပါတယ်။
ယူအီးအက်ဖ်အေက ဒီနွေမှာတော့ ဘဏ္ဍာရေးဆိုင်ရာ ဟန်ချက်ညီမှုကို ချွင်းချက်ဖြင့် လျော့ပေါ့မှုတွေ လုပ်ဆောင်ပေးမယ့်အကြောင်းကို မနေ့က အတည်ပြု ကြေညာထားပြီဖြစ်ပါတယ်။
အဲဗာတန်အသင်းရဲ့ ဘရာဇီးသား တိုက်စစ်မျူး ရစ်ချာလီဆန်က ပီအက်ဂျီမှ သီယေဂို ဆေးဗား၊ မာကွီဟိုတို့အပြင် ရီးရဲလ်မက်ဒရစ် ခံစစ်သမား ဆာဂျီယို ရာမိုစ့်တို့ကို အကောင်းဆုံး ခံစစ်သမားတွေအဖြစ် ရွေးချယ်သွားခဲ့ပြီး သူ့အတွက်တော့ ဗန်ဒိုက်ဟာ ခံစစ်မှူးကောင်း တစ်ဦးဆိုတဲ့ အဆင့်မှာပဲ ရှိတယ်လို့ ပြောဆိုသွားပါတယ်။
ကိုရိုနာကပ်ဘေး ကာလမှာ အသင်းဘယ်လို ရှေ့ဆက်မလဲဆိုတဲ့ တွက်ချက်မှုတွေအရ ဒီနွေမှာ လီဗာပူးက ဈေးကွက်ထဲ ဝင်လို့ရတဲ့ အနေအထား ဖြစ်လာတယ်လို့ The Athletic ရဲ့ ဖော်ပြမှုအရ သိရပါတယ်။
ဂျိမ်းပီရက်စ်က ” ကျနော် သတင်းပေးခဲ့သလိုပဲ လီဗာပူးအကြီးတန်း အရာရှိတွေက ဒီနွေဈေးကွက်မှာ အသင်းက ပါဝင်လုပ်ဆောင်မှု နည်းမယ်လို့ မျှော်လင့်ထားရပါတယ်။ အကယ်လို့ ကလော့ပ်ကလည်း ဈေးကွက်ထဲကို ဝင်ဖို့ လုပ်ဆောင်လိုစိတ် ထက်သန်မနေဘူးဆိုရင် ကစားသမား ခေါ်ယူမှုက တစ်ခု (သို့) နှစ်ခုလောက်တော့ ရှိပါမယ်။ ” လို့ သတင်းပေးခဲ့တယ်။
ဝုဗ်အသင်း တိုက်စစ်မှူး ဂျီမီးနက်စ်က အပြောင်းအရွှေ့မှာ လီဗာပူးအပြင် အခြားထိပ်တန်းအသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေမှုက သူ့ရဲ့ တိုးတက်မှုအတွက် တွန်းအားတွေ ဖြစ်စေပါတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဆာလက်၊ ရော်ဘတ်ဆန်၊ အယ်လီဆန်တို့ရဲ့ အခြေအနေနဲ့ ပက်သက်ပြီး ကလော့ပ်က ” သူတို့ အခြေအနေ ကောင်းပါတယ်။ လေ့ကျင့်ရေးကာလမှာ ပြဿနာ နည်းနည်းရှိခဲ့ပြီး အဲ့တာက ပုံမှန်ပါပဲ။ တနင်္ဂနွေနေ့ပွဲမှာ မပါရမယ့် အခြေအနေမျိုးတော့ တစ်ယောက်မှ ရှိမနေပါဘူး။ ” လို့ ပြောဆိုပါတယ်။
လီဗာပူးအသင်း အမှတ်ပေးဖလား အနိုင်ရရင် ဂုဏ်ပြုမှုလုပ်ဖို့ Carlsberg ဘီယာကုမ္ပဏီက အထူး ဘီယာဒီဇိုင်းတွေကို အဆင်သင့်ပြင်ထားပြီဖြစ်ပါတယ်။
ချယ်ဆီးကို တီမိုဝါနာ ရောက်သွားတာကို ထင်မြင်ချက်ပေးရအောင် လီဗာပူးနဲ့ သက်ဆိုင်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ကလော့ပ်က ပြောပါတယ်။ ဝါနာက ကစားသမားကောင်းပါလို့လည်း မန်နေဂျာကြီးက ချီးကျူးသွားပါတယ်။
ZAWGYI
အဲဗာတန္နဲ႔ လီဗာပူးတို႔ရဲ႕ မာေဆးဆိုဒ္ ဒါဘီဟာ သြင္းဂိုးေတြ မ်ားမွာ ျဖစ္ေပမယ့္ လီဗာပူးက အႏုိင္ရဖို႔ မရွိကာ ၂-၂ ရလဒ္ ထြက္လိမ့္မယ္လို႔ စကိုင္းစေပါ့မွ ခ်ာလီနီကိုးလက္စ္က ခန္႔မွန္းသြားပါတယ္။
ယူအီးအက္ဖ္ေအက ဒီေႏြမွာေတာ့ ဘ႑ာေရးဆိုင္ရာ ဟန္ခ်က္ညီမႈကို ခၽြင္းခ်က္ျဖင့္ ေလ်ာ့ေပါ့မႈေတြ လုပ္ေဆာင္ေပးမယ့္အေၾကာင္းကို မေန႔က အတည္ျပဳ ေၾကညာထားျပီျဖစ္ပါတယ္။
အဲဗာတန္အသင္းရဲ႕ ဘရာဇီးသား တိုက္စစ္မ်ဴး ရစ္ခ်ာလီဆန္က ပီအက္ဂ်ီမွ သီေယဂို ေဆးဗား၊ မာကီြဟိုတို႔အျပင္ ရီးရဲလ္မက္ဒရစ္ ခံစစ္သမား ဆာဂ်ီယို ရာမိုစ့္တို႔ကို အေကာင္းဆံုး ခံစစ္သမားေတြအျဖစ္ ေရြးခ်ယ္သြားခဲ့ျပီး သူ႔အတြက္ေတာ့ ဗန္ဒိုက္ဟာ ခံစစ္မွဴးေကာင္း တစ္ဦးဆိုတဲ့ အဆင့္မွာပဲ ရွိတယ္လို႔ ေျပာဆိုသြားပါတယ္။
ကိုရိုနာကပ္ေဘး ကာလမွာ အသင္းဘယ္လို ေရွ႔ဆက္မလဲဆိုတဲ့ တြက္ခ်က္မႈေတြအရ ဒီေႏြမွာ လီဗာပူးက ေစ်းကြက္ထဲ ဝင္လို႔ရတဲ့ အေနအထား ျဖစ္လာတယ္လို႔ The Athletic ရဲ႕ ေဖာ္ျပမႈအရ သိရပါတယ္။
ဂ်ိမ္းပီရက္စ္က ” က်ေနာ္ သတင္းေပးခဲ့သလိုပဲ လီဗာပူးအၾကီးတန္း အရာရွိေတြက ဒီေႏြေစ်းကြက္မွာ အသင္းက ပါဝင္လုပ္ေဆာင္မႈ နည္းမယ္လို႔ ေမွ်ာ္လင့္ထားရပါတယ္။ အကယ္လို႔ ကေလာ့ပ္ကလည္း ေစ်းကြက္ထဲကို ဝင္ဖို႔ လုပ္ေဆာင္လိုစိတ္ ထက္သန္မေနဘူးဆိုရင္ ကစားသမား ေခၚယူမႈက တစ္ခု (သို႔) ႏွစ္ခုေလာက္ေတာ့ ရွိပါမယ္။ ” လို႔ သတင္းေပးခဲ့တယ္။
ဝုဗ္အသင္း တိုက္စစ္မွဴး ဂ်ီမီးနက္စ္က အေျပာင္းအေရႊ႔မွာ လီဗာပူးအျပင္ အျခားထိပ္တန္းအသင္းေတြနဲ႔ သတင္းေတြ ထြက္ေပၚေနမႈက သူ႔ရဲ႕ တိုးတက္မႈအတြက္ တြန္းအားေတြ ျဖစ္ေစပါတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
ဆာလက္၊ ေရာ္ဘတ္ဆန္၊ အယ္လီဆန္တို႔ရဲ႕ အေျခအေနနဲ႔ ပက္သက္ျပီး ကေလာ့ပ္က ” သူတို႔ အေျခအေန ေကာင္းပါတယ္။ ေလ့က်င့္ေရးကာလမွာ ျပႆနာ နည္းနည္းရွိခဲ့ျပီး အဲ့တာက ပံုမွန္ပါပဲ။ တနဂၤေႏြေန႔ပြဲမွာ မပါရမယ့္ အေျခအေနမ်ိဳးေတာ့ တစ္ေယာက္မွ ရွိမေနပါဘူး။ ” လို႔ ေျပာဆိုပါတယ္။
လီဗာပူးအသင္း အမွတ္ေပးဖလား အႏုိင္ရရင္ ဂုဏ္ျပဳမႈလုပ္ဖို႔ Carlsberg ဘီယာကုမၸဏီက အထူး ဘီယာဒီဇိုင္းေတြကို အဆင္သင့္ျပင္ထားျပီျဖစ္ပါတယ္။
ခ်ယ္ဆီးကို တီမိုဝါနာ ေရာက္သြားတာကို ထင္ျမင္ခ်က္ေပးရေအာင္ လီဗာပူးနဲ႔ သက္ဆိုင္တဲ့ ကိစၥ မဟုတ္ဘူးလို႔ ကေလာ့ပ္က ေျပာပါတယ္။ ဝါနာက ကစားသမားေကာင္းပါလို႔လည္း မန္ေနဂ်ာၾကီးက ခ်ီးက်ဴးသြားပါတယ္။