အိုလီဂန်နာ ဆိုးရှားက အသွင်သစ် မန်ချက်စတာယူနိုက်တက်ကို လူငယ်သွေးသစ် ကွင်းလယ်ကစားသမား စကော့ မက် တော်မီနေးကို အခြေတည်ပြီး အသင်းကို ပြန်လည် တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

မန်ယူးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိမယ်လို့ သတင်းကြီးနေတဲ့ တော်မီနေးဟာ စီနီယာ ကစားသမားတွေရဲ့ လုပ်အားနှုန်း၊ အားထုတ်နှုန်း၊ နိုင်လိုစိတ်ပိုင်း မေးခွန်းထုတ်ခံရချိန် သူကတော့ တစိုက်မတ်မတ် အသင်းအတွက် အစွမ်းကုန် ပေးဆပ် ကစားခဲ့သူပါ။

ဘာစီလိုနာကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်စဉ်က တိုက်ခိုက်လိုစိတ်အပြည့် ပြသခဲ့တဲ့ တော်မီးနေကို မော်ရင်ညိုကလည်း အနာဂတ်အတွက် အလားအလာကောင်းရှိသူလို့ ချီးကျူးထားတယ်။ ကလပ်အသင်းကနေ ဟာရဲရား ထွက်ခွာမှာဖြစ်သလို ပေါ့ဘာကလည်း ရွှေတစ်လှည့် ငွေတစ်လှည့်ဖြစ်နေလို့ အထိုင်ကျမယ့် ကွင်းလယ်လူတစ်ဦးကို ဆိုးရှား ရှာဖွေနေတာဖြစ်တယ်။

အသက် ၂၂ နှစ်အရွယ် စကော့တလန်သားလေးဟာ မကြားသေးတဲ့ ဇန်နဝါရီတုန်းကပဲ ကာလရှည် သက်တမ်းတိုးမှု ပြုလုပ်ထားပါတယ်။ စိတ်ဓါတ်ပြင်းပြပြီး ကလပ်အသင်းအတွက် ဆက်တိုက်ခြေစွမ်းပြနေတဲ့ တော်မီနေးကို ဘယ်လို ကစားသမားသစ်တွေ ၀န်းရံစေပြီး အသင်းကို ပြန်လည် ပြုပြင်မလဲဆိုတဲ့ ဆိုးရှား အစီအစဉ်တွေက စိတ်လှုပ်ရှားစရာပါ။