လက်ရှိမှာ ကာရာဘောင်းဖလားပွဲအဖြစ် ကျင်းပနေတဲ့ လိဂ်ဖလားကို လာမယ့်နှစ်မှာ လီဗာပူး စီနီယာအသင်း ပါဝင်ယှဉ်ပြိုင်နိုင်ဖွယ် မရှိပါဘူး။
ယူအီးအက်ဖ်အေက လာမယ့်နှစ် ချန်ပီယံလိဂ် အုပ်စု ၆ ခု ပြိုင်ပွဲတွေကို အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း ယှဉ်ပြိုင်ကစားမယ့်လို့ ကြေညာခဲ့ပြီဖြစ်တယ်။ အဆိုပါ ကြေညာမှုကြောင့် ဥရောပဝင်ခွင့်ရ ပရီးမီးယားလိဂ်အသင်းတွေရဲ့ လာမယ့် ရာသီ ပွဲစဉ်ဇယားတွေ ပြည့်နေခဲ့ပြီဖြစ်ပြီး လိဂ်ဖလားပြိုင်ပွဲကို ပါဝင်ဖို့ အခက်တွေ့နေပါတယ်။
အင်္ဂလန်ဘောလုံးလိဂ်ကတော့ ကာရာဘောင်းကို ဖျက်သိမ်းမှုတွေ လုပ်မှာ မဟုတ်ဘဲ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေ ကစားရမယ့် အင်္ဂလန်အသင်း ၇ သင်း မပါဝင်ဘဲ ပြိုင်ပွဲကို ကျင်းပဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်။ ဥရောပဝင်ခွင့် မရှိတဲ့ ပရီးမီးယားလိဂ် ၁၄ သင်းကတော့ ကာရာဘောင်းမှာ ပါဝင်ခွင့်ရမှာဖြစ်တယ်။
နောက်ထပ် နည်းလမ်းမှာတော့ ထိပ်သီး ၇ သင်းမှ စီနီယာအသင်းတွေ မပါဝင်နိုင်ပေမယ့်လည်း လူငယ်အသင်းတွေကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေးဖို့ကိုလည်း EFL က ဆွေးနွေးနေပါတယ်။ ဒီရာသီ ဒီဇင်ဘာလမှာ လီဗာပူးအသင်းဟာ ကလပ်ကမ္ဘာဖလား ပြိုင်ပွဲတွေကြောင့် ကာရာဘောင်းကို ယူ-၂၃ အသင်းနဲ့ ဝင်ရောက် ပြိုင်ဆိုင်ထားပါသေးတယ်။
ပြိုင်ပွဲကိစ္စ ဆွေးနွေးနေပေမယ့် ဥရောပဝင်ခွင့်ရှိထားတဲ့ အသင်းတွေမှ စီနီယာအသင်းတွေ မပါဖို့ကတော့ အလေးသာနေခဲ့ပါပြီ။ လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းက ဥရောပဝင်ခွင့် အယူခံဝင်မှု မအောင်မြင်ရင် ကာရာဘောင်းပြိုင်ပွဲထံ ပါဝင်ယှဉ်ပြိုင်ခွင့် ရမယ်လို့လည်း သိရပါတယ်။
ZAWGYI
လက္ရွိမွာ ကာရာေဘာင္းဖလားပြဲအျဖစ္ က်င္းပေနတဲ့ လိဂ္ဖလားကို လာမယ့္ႏွစ္မွာ လီဗာပူး စီနီယာအသင္း ပါဝင္ယွဥ္ျပိဳင္ႏုိင္ဖြယ္ မရွိပါဘူး။
ယူအီးအက္ဖ္ေအက လာမယ့္ႏွစ္ ခ်န္ပီယံလိဂ္ အုပ္စု ၆ ခု ျပိဳင္ပြဲေတြကို ေအာက္တိုဘာလကေန ဒီဇင္ဘာလအတြင္း ယွဥ္ျပိဳင္ကစားမယ့္လို႔ ေၾကညာခဲ့ျပီျဖစ္တယ္။ အဆိုပါ ေၾကညာမႈေၾကာင့္ ဥေရာပဝင္ခြင့္ရ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ လာမယ့္ ရာသီ ပြဲစဥ္ဇယားေတြ ျပည့္ေနခဲ့ျပီျဖစ္ျပီး လိဂ္ဖလားျပိဳင္ပြဲကို ပါဝင္ဖို႔ အခက္ေတြ႔ေနပါတယ္။
အဂၤလန္ေဘာလံုးလိဂ္ကေတာ့ ကာရာေဘာင္းကို ဖ်က္သိမ္းမႈေတြ လုပ္မွာ မဟုတ္ဘဲ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ျပိဳင္ပြဲေတြ ကစားရမယ့္ အဂၤလန္အသင္း ၇ သင္း မပါဝင္ဘဲ ျပိဳင္ပြဲကို က်င္းပဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္။ ဥေရာပဝင္ခြင့္ မရွိတဲ့ ပရီးမီးယားလိဂ္ ၁၄ သင္းကေတာ့ ကာရာေဘာင္းမွာ ပါဝင္ခြင့္ရမွာျဖစ္တယ္။
ေနာက္ထပ္ နည္းလမ္းမွာေတာ့ ထိပ္သီး ၇ သင္းမွ စီနီယာအသင္းေတြ မပါဝင္ႏုိင္ေပမယ့္လည္း လူငယ္အသင္းေတြကို ပါဝင္ယွဥ္ျပိဳင္ခြင့္ေပးဖို႔ကိုလည္း EFL က ေဆြးေႏြးေနပါတယ္။ ဒီရာသီ ဒီဇင္ဘာလမွာ လီဗာပူးအသင္းဟာ ကလပ္ကမၻာဖလား ျပိဳင္ပြဲေတြေၾကာင့္ ကာရာေဘာင္းကို ယူ-၂၃ အသင္းနဲ႔ ဝင္ေရာက္ ျပိဳင္ဆိုင္ထားပါေသးတယ္။
ျပိဳင္ပြဲကိစၥ ေဆြးေႏြးေနေပမယ့္ ဥေရာပဝင္ခြင့္ရွိထားတဲ့ အသင္းေတြမွ စီနီယာအသင္းေတြ မပါဖို႔ကေတာ့ အေလးသာေနခဲ့ပါျပီ။ လက္ရွိ ခ်န္ပီယံ မန္စီးတီးအသင္းက ဥေရာပဝင္ခြင့္ အယူခံဝင္မႈ မေအာင္ျမင္ရင္ ကာရာေဘာင္းျပိဳင္ပြဲထံ ပါဝင္ယွဥ္ျပိဳင္ခြင့္ ရမယ္လို႔လည္း သိရပါတယ္။