မန်နေဂျာယာဂင်ကလော့ပ်က ရှာကွီရီဟာ အဲဗာတန်နဲ့ပွဲ လီဗာပူးလူစာရင်းမှာ ပါဝင်မှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။
တောင်ပံသမားဟာ ဒီရာသီ တစ်ခုလုံးကို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသူဖြစ်ပြီး သူ့ကို နောက်ဆုံး မြင်ခဲ့ရတာက ဇန်နဝါရီတုန်းက စပါးကို ၁-၀ နဲ့ အနိုင်ရစဉ် လူစားဝင် ကစားသမားအနေနဲ့ ဖြစ်ပါတယ်။ ကြွက်သားဒဏ်ရာကြောင့် ကြံ့ခိုင်မှုပိုင်း ရုန်းကန်နေရတဲ့ ရှာကွီရီဟာ ကွင်းပိတ် ချစ်ကြည်ရေးပွဲတုန်းကလည်း မပါနိုင်ခဲ့ပါဘူး။
ကလော့ပ်က ” သူက ဒဏ်ရာရနေခဲ့ပြီး အဆင်သင့်မဖြစ်သေးဘူး။ ဒါပေမယ့် ပြန်သက်သာလာမှုနှုန်း ကောင်းနေပါတယ်။ ရှာကွီရီက လေ့ကျင့်ရေး ဆင်းနေပါပြီ။ ဒါပေမယ့် အသင်းဖော်တွေနဲ့ ကြီးကြီးမားမား ပြန်လေ့ကျင့်နေတာတော့ မဟုတ်ပါဘူး။ သူက အချိန်အကြာကြီးတော့ မဟုတ်ပေမယ့် လူစာရင်းမှာ မပါနိုင်ဦးမယ့်သူပါ ” လို့ ပြောဆိုထားပါတယ်။
ရှာကွီရီဟာ လာမယ့် နွေမှာတော့ အသင်းပြောင်းဖွယ် ရှိနေတာပါ။ ဒီနှစ်စတုန်းက သူ့ကို ဆီးဗီးလားနဲ့ ရိုးမားတို့က ခေါ်ယူလိုခဲ့ပြီး လီဗာပူးဘက်က ပေါင် ၂၅ သန်းကို ပြောင်းရွှေ့ကြေးအဖြစ် ရလိုခဲ့တယ်။ အငှားကမ်းလှမ်းမှုတွေကို လီဗာပူးက ငြင်းဆန်ခဲ့ပေမယ့် ဆွစ်ဇလန်သားက ဒီနွေမှာတော့ အင်္ဂလန်ကနေ ထွက်ခွာသွားနိုင်ပါတယ်။
ကစားသမားရဲ့ အေးဂျင့်က “ ဒီနွေမှာ ရှာကွီရီကို ကမ်းလှမ်းမယ့် အသင်းတွေ များပါလိမ့်မယ်။ ဇန်နဝါရီတုန်းကလည်း သူ့ကို ခေါ်ယူလိုတဲ့ အသင်းက နှစ်သင်း၊ သုံးသင်းထိ ရှိခဲ့ပါတယ်။ အဲ့အသင်း နာမည်တွေကတော့ မီဒီယာတွေမှာ ပေါက်ကြားထားပြီးပါပြီ ” လို့ ဆိုထားတာ ဖြစ်ပါတယ်။
ZAWGYI
မန္ေနဂ်ာယာဂင္ကေလာ့ပ္က ရွာကီြရီဟာ အဲဗာတန္နဲ႔ပြဲ လီဗာပူးလူစာရင္းမွာ ပါဝင္မွာ မဟုတ္ဘူးလို႔ အတည္ျပဳလိုက္ပါတယ္။
ေတာင္ပံသမားဟာ ဒီရာသီ တစ္ခုလံုးကို ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ေနရသူျဖစ္ျပီး သူ႔ကို ေနာက္ဆံုး ျမင္ခဲ့ရတာက ဇန္နဝါရီတုန္းက စပါးကို ၁-၀ နဲ႔ အႏုိင္ရစဥ္ လူစားဝင္ ကစားသမားအေနနဲ႔ ျဖစ္ပါတယ္။ ၾကြက္သားဒဏ္ရာေၾကာင့္ ၾကံ႕ခိုင္မႈပိုင္း ရုန္းကန္ေနရတဲ့ ရွာကီြရီဟာ ကြင္းပိတ္ ခ်စ္ၾကည္ေရးပြဲတုန္းကလည္း မပါႏုိင္ခဲ့ပါဘူး။
ကေလာ့ပ္က ” သူက ဒဏ္ရာရေနခဲ့ျပီး အဆင္သင့္မျဖစ္ေသးဘူး။ ဒါေပမယ့္ ျပန္သက္သာလာမႈႏႈန္း ေကာင္းေနပါတယ္။ ရွာကီြရီက ေလ့က်င့္ေရး ဆင္းေနပါျပီ။ ဒါေပမယ့္ အသင္းေဖာ္ေတြနဲ႔ ၾကီးၾကီးမားမား ျပန္ေလ့က်င့္ေနတာေတာ့ မဟုတ္ပါဘူး။ သူက အခ်ိန္အၾကာၾကီးေတာ့ မဟုတ္ေပမယ့္ လူစာရင္းမွာ မပါႏုိင္ဦးမယ့္သူပါ ” လို႔ ေျပာဆိုထားပါတယ္။
ရွာကီြရီဟာ လာမယ့္ ေႏြမွာေတာ့ အသင္းေျပာင္းဖြယ္ ရွိေနတာပါ။ ဒီႏွစ္စတုန္းက သူ႔ကို ဆီးဗီးလားနဲ႔ ရိုးမားတို႔က ေခၚယူလိုခဲ့ျပီး လီဗာပူးဘက္က ေပါင္ ၂၅ သန္းကို ေျပာင္းေရႊ႔ေၾကးအျဖစ္ ရလိုခဲ့တယ္။ အငွားကမ္းလွမ္းမႈေတြကို လီဗာပူးက ျငင္းဆန္ခဲ့ေပမယ့္ ဆြစ္ဇလန္သားက ဒီေႏြမွာေတာ့ အဂၤလန္ကေန ထြက္ခြာသြားႏုိင္ပါတယ္။
ကစားသမားရဲ႕ ေအးဂ်င့္က “ ဒီေႏြမွာ ရွာကီြရီကို ကမ္းလွမ္းမယ့္ အသင္းေတြ မ်ားပါလိမ့္မယ္။ ဇန္နဝါရီတုန္းကလည္း သူ႔ကို ေခၚယူလိုတဲ့ အသင္းက ႏွစ္သင္း၊ သံုးသင္းထိ ရွိခဲ့ပါတယ္။ အဲ့အသင္း နာမည္ေတြကေတာ့ မီဒီယာေတြမွာ ေပါက္ၾကားထားျပီးပါျပီ ” လို႔ ဆိုထားတာ ျဖစ္ပါတယ္။