လီဗာပူးအသင်း နည်းပြ ကလော့ပ်ကတော့ အင်တာဗျူးမှာ တီမိုဝါနာ ချယ်ဆီးအသင်းထံ ရောက်သွားတဲ့ သတင်းအပေါ် မေးမြန်းခဲ့ရာ ခပ်ရွတ်ရွတ် ပြန်ပြီး တုန့်ပြန်သွားခဲ့ပါတယ်။

တီမိုဝါနာက လီဗာပူး ပစ်မှတ် ကစားသမား အဖြစ် သတင်းပေါက်ထားသူ ဖြစ်ပေမယ့် ချယ်ဆီးအသင်းထံ ပြောင်းရွှေ့တော့မှာ အတည်ပြ ကြေငြာသွားပြီ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ဂျာမန်သားကို လီဗာပူးက ချိတ်ဆက်နေတယ် ဆိုတဲ့ သတင်းတွေ မနှစ်တည်းက ထွက်ခဲ့တာ ဖြစ်ပြီး ကစားသမား ကိုယ်တိုင်ကလည်း ကလော့ပ်ရှိရာ လီဗာပူးထံ လာဖို့ စိတ်အားထက်သန်ခဲ့တာပါ။ ဒါပေမယ့် မာဆေးဆိုဒ်ကလပ်ဘက်က ကမ်းလှမ်းဖို့ လှုပ်ရှားမှု မလုပ်တာကြောင့် ချယ်ဆီးကို ရွေးချယ်ခဲ့ပြီဖြစ်ပါတယ်။

” ဒီမေးခွန်းက မရယ်ရတဲ့ ဟာသလိုပဲဗျ။ ကျနော်တို့က ခေါ်နိုင်ခြေ ရှိပါတယ် ဆိုတဲ့ ကစားသမားတွေ အကြောင်းတောင် ဒီလို အမေးအဖြေတွေမှာ ပြောလေ့ မရှိဘူး။ ဘာလို့ အခု ကျနော်က ချယ်ဆီးရဲ့ အပြောင်းအရွှေ့ အကြောင်းကို ပြောရမှာလဲ။ တကယ့် ပေါက်ကရပါဗျာ။ ကျနော်က ဘာလို့ ဖြေရမှာလည်း။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျနော့်မှာ ပြောစရာ မရှိဘူး။

တီမိုဝါနာက တကယ့် ကစားသမားကောင်း တစ်ယောက်ပါ။ ချယ်ဆီးမှာ နောက်ရာသီ လာပူးပေါင်းတော့မယ် ဆိုတဲ့ သတင်းကို ကျနော်လည်း ကြားပြီးပါပြီ။ အဲဒါပါပဲ။ ” လို့ ကလော့ပ်က ပြောဆို ခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ လီဗာပူးထက် လက်ဦးမှု ယူပြီး တီမိုဝါနာကို ခေါ်ယူနိုင်လိုက်တဲ့ အပြင် ယူအီးအက်ဖ်အေရဲ့ FFP စည်းမျဉ်း ဖြေလျှော့ပေးမှု ကြောင့် ဈေးကွက်ထဲမှာ ငွေသုံးပြီး ကစားသမားခေါ်ယူမှုတွေ ဆက်လက် ပြုလုပ်ဦးမှာပါ။ ဒါကြောင့် လန်ဒန်ကလပ်ဟာ နောက်ရာသီမှာ လီဗာပူးကို ကောင်းကောင်း စိန်ခေါ်လာလိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေကြပါတယ်။

Zawgyi – လီဗာပူးအသင္း နည္းျပ ကေလာ့ပ္ကေတာ့ အင္တာဗ်ဴးမွာ တီမို၀ါနာ ခ်ယ္ဆီးအသင္းထံ ေရာက္သြားတဲ့ သတင္းအေပၚ ေမးျမန္းခဲ့ရာ ခပ္ရြတ္ရြတ္ ျပန္ျပီး တုန္႔ျပန္သြားခဲ့ပါတယ္။

တီမို၀ါနာက လီဗာပူး ပစ္မွတ္ ကစားသမား အျဖစ္ သတင္းေပါက္ထားသူ ျဖစ္ေပမယ့္ ခ်ယ္ဆီးအသင္းထံ ေျပာင္းေရႊ႕ေတာ့မွာ အတည္ျပ ေၾကျငာသြားျပီ ျဖစ္ပါတယ္။

အသက္ ၂၄ နွစ္ အရြယ္ ဂ်ာမန္သားကို လီဗာပူးက ခ်ိတ္ဆက္ေနတယ္ ဆိုတဲ့ သတင္းေတြ မနွစ္တည္းက ထြက္ခဲ့တာ ျဖစ္ျပီး ကစားသမား ကိုယ္တိုင္ကလည္း ကေလာ့ပ္ရွိရာ လီဗာပူးထံ လာဖို႔ စိတ္အားထက္သန္ခဲ့တာပါ။ ဒါေပမယ့္ မာေဆးဆိုဒ္ကလပ္ဘက္က ကမ္းလွမ္းဖို႔ လႈပ္ရွားမႈ မလုပ္တာေၾကာင့္ ခ်ယ္ဆီးကို ေရြးခ်ယ္ခဲ့ျပီျဖစ္ပါတယ္။

” ဒီေမးခြန္းက မရယ္ရတဲ့ ဟာသလိုပဲဗ်။ က်ေနာ္တို႔က ေခၚနုိင္ေျခ ရွိပါတယ္ ဆိုတဲ့ ကစားသမားေတြ အေၾကာင္းေတာင္ ဒီလို အေမးအေျဖေတြမွာ ေျပာေလ့ မရွိဘူး။ ဘာလို႔ အခု က်ေနာ္က ခ်ယ္ဆီးရဲ႕ အေျပာင္းအေရႊ႕ အေၾကာင္းကို ေျပာရမွာလဲ။ တကယ့္ ေပါက္ကရပါဗ်ာ။ က်ေနာ္က ဘာလို႔ ေျဖရမွာလည္း။ ဒီကိစၥနဲ႕ ပတ္သတ္ျပီး က်ေနာ့္မွာ ေျပာစရာ မရွိဘူး။

တီမို၀ါနာက တကယ့္ ကစားသမားေကာင္း တစ္ေယာက္ပါ။ ခ်ယ္ဆီးမွာ ေနာက္ရာသီ လာပူးေပါင္းေတာ့မယ္ ဆိုတဲ့ သတင္းကို က်ေနာ္လည္း ၾကားျပီးပါျပီ။ အဲဒါပါပဲ။ ” လို႔ ကေလာ့ပ္က ေျပာဆို ခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ လီဗာပူးထက္ လက္ဦးမႈ ယူျပီး တီမို၀ါနာကို ေခၚယူနိုင္လိုက္တဲ့ အျပင္ ယူအီးအက္ဖ္ေအရဲ႕ FFP စည္းမ်ဥ္း ေျဖေလွ်ာ့ေပးမႈ ေၾကာင့္ ေစ်းကြက္ထဲမွာ ေငြသံုးျပီး ကစားသမားေခၚယူမႈေတြ ဆက္လက္ ျပဳလုပ္ဦးမွာပါ။ ဒါေၾကာင့္ လန္ဒန္ကလပ္ဟာ ေနာက္ရာသီမွာ လီဗာပူးကို ေကာင္းေကာင္း စိန္ေခၚလာလိမ့္မယ္လို႔ သံုးသပ္မႈေတြလည္း ရွိေနၾကပါတယ္။