ပရီးမီးယားလိဂ်ကို ရပ်နားထားပြီး ရက်ပေါင်း ၁၀၃ ရက်အတွင်း လီဗာပူးအသင်းဟာ ပထမဆုံးသော အမှတ်ပေးပွဲအဖြစ် ဒီကနေ့ည ၁၂း၃၀ နာရီမှာ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲ ကစားရမှာ ဖြစ်ပါတယ်။
လီဗာပူးဟာ ချန်ပီယံဖြစ်ဖို့ ရမှတ် ၆ မှတ်ပဲ လိုတာဖြစ်ပြီး နိုင်ပွဲတွေကို ခပ်မြန်မြန် ရယရမယ့် အနေအထားဖြစ်တယ်။ အဲဗာတန်ကွင်းမှာ ကစားရမှဖြစ်ပေမယ့် ပရိသတ်တွေ ပါဝင်ခွင့်ရှိမှာ မဟုတ်သလို လီဗာပူးအသင်းဟာ ဂူဒီဆင်ပက်ခ်နားကို လာပြီး အားမပေးကြဖို့လည်း တောင်းဆိုမတွေ လုပ်ထားပါတယ်။
သောကြာနေ့ မီဒီယာတွေ့ဆုံမှုမှာတော့ မန်နေဂျာကလော့ပ်က မာဆေးဆိုဒ်ဒါဘီပွဲမှာ မပါနိုင်မယ့် ကစားသမား တစ်ဦးမှ မရှိဘူးလို့ ပြောဆိုထားတယ်။ ဒါပေမယ့် လီဗာပူး လူစာရင်းမှာ ဆာလက်နဲ့ ရော်ဘတ်ဆန်တို့က အသေးစား ဒဏ်ရာပြဿနာတွေ ရထားခဲ့ဖူးတာကြောင့် အရဲစွန့်ပြီး ထုတ်သုံးမလားဆိုတာ မသေချာသေးဘူး ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ ရပ်နားမှု မတိုင်ခင် ဒဏ်ရာရနေခဲ့တဲ့ အယ်လီဆန်က ကြံ့ခိုင်မှု ပြန်ကောင်းနေပြီဖြစ်ပြီး ကီတာ၊ ချိန်ဘာလိန်နဲ့ ဝိုက်နယ်ဒမ်တို့ကလည်း လေ့ကျင့်ရေးတွေမှာ အကောင်းဆုံး ပါဝင်နေတယ်။ ဒါဘီပွဲကို ရှာကွီရီ သေချာပေါက် လွဲမှာဖြစ်ပြီး လူငယ်ကစားသမားတွေကို အရန်လူစာရင်းထဲ ထည့်သွင်းမှုတွေ လုပ်လာနိုင်ပါတယ်။
ပရီးမီးယားလိဂ်ဟာ အရန်စာရင်းကို ၉ ဦးထိ ထည့်သွင်းခွင့် ပေးထားသလို လူစားလဲမှု ၅ ခုထိ လုပ်ခွင့်ရှိတဲ့ အနေအထားကို ကလော့ပ် အသုံးချမယ်လို့ ခန့်မှန်းရတယ်။
အဲဗာတန်နဲ့ပွဲအတွက် လီဗာပူးထုတ်သုံးနိုင်တဲ့ ပထမလူစာရင်း
ဒီလူစာရင်းကတော့ ဒီရာသီ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားတွေ အားလုံးကို ပါဝင်စေဖို့ ဖြစ်ပါတယ်။ ဂိုးသမား အယ်လီဆန်ကို ထရန့်၊ ဂိုးမက်စ်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်တို့နဲ့ တွဲဘက်ပေးပြီး ကွင်းလယ်မှာ ဖာဘင်ညို၊ ဟန်ဒိုနဲ့ ဂီနီတို့ကို ကစားခွင့်ပေးဖို့ဖြစ်တယ်။ တိုက်စစ်ကိုယ်တော့ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့အတွဲ ထုတ်သုံးဖို့ ဖြစ်ပါတယ်။
ထူးခြားတာက လီဗာပူးတိုက်စစ်အတွဲဟာ မာဆေးဆိုဒ် ဒါဘီမှာ တစ်ကြိမ်မှ အတူတွဲပြီး မကစားဖူးသေးပါဘူး။ ဒီတစ်ကြိမ်မှာ အတူတွဲကစားခွင့်ရမလားက စောင့်ကြည့်စရာဖြစ်ပါတယ်။
အဲဗာတန်နဲ့ပွဲအတွက် ဒုတိယလူစာရင်း
ဆာလက်နဲ့ ရော်ဘတ်ဆန်တို့ ကြံ့ခိုင်မှု ရာနှုန်းပြည့် မကောင်းရင်တော့ လူစာရင်းမှာ မီနာမီနိုနဲ့ မီလ်နာတို့ကို အစားထိုးဖို့ ဖြစ်တယ်။ ဒါ့အပြင် ကွင်းလယ်တစ်နေရာမှာ ကီတာကို အသုံးပြုဖို့ကလည်း ဖြစ်နိုင်ပါတယ်။
လေ့ကျင့်ရေးတွေ ပြန်လည်စတင်ကတည်းက မပျက်မကွက် ပါဝင်ခွင့်ရနေတဲ့ ကီတာက ခြေစွမ်းကောင်းတွေ ပြသထားပါတယ်။ ကလော့ပ်ကတော့ ကီတာရဲ့ အနေအထား ကောင်းမွန်ကြောင်း ပြောထားသလို မီနာမီနိုကို အခွင့်အရေးပေးမယ်ဆိုတဲ့ သဘောကိုလည်း ထုတ်ပြောထားတယ်။
ကြံ့ခိုင်မှု အသားပေး ကစားမယ့် အဲဗာတန်ကို ရင်ဆိုင်ရာမှာ အကောင်းဆုံး အနေအထားမှာ ရှိနေတဲ့ မီလ်နာတို့ သုံးဦးကို ထည့်သွင်းပြီး ဆာလက်တို့ကို အရန်မှာထားခြင်းကလည်း ကလော့ပ် ရွေးချယ်နိုင်တဲ့ လူစာရင်း ဖြစ်ပါတယ်။
ZAWGYI
ပရီးမီးယားလိဂ္ကို ရပ္နားထားျပီး ရက္ေပါင္း ၁၀၃ ရက္အတြင္း လီဗာပူးအသင္းဟာ ပထမဆံုးေသာ အမွတ္ေပးပြဲအျဖစ္ ဒီကေန႔ည ၁၂း၃၀ နာရီမွာ အဲဗာတန္နဲ႔ မာေဆးဆိုဒ္ဒါဘီပြဲ ကစားရမွာ ျဖစ္ပါတယ္။
လီဗာပူးဟာ ခ်န္ပီယံျဖစ္ဖို႔ ရမွတ္ ၆ မွတ္ပဲ လိုတာျဖစ္ျပီး ႏုိင္ပြဲေတြကို ခပ္ျမန္ျမန္ ရယရမယ့္ အေနအထားျဖစ္တယ္။ အဲဗာတန္ကြင္းမွာ ကစားရမွျဖစ္ေပမယ့္ ပရိသတ္ေတြ ပါဝင္ခြင့္ရွိမွာ မဟုတ္သလို လီဗာပူးအသင္းဟာ ဂူဒီဆင္ပက္ခ္နားကို လာျပီး အားမေပးၾကဖို႔လည္း ေတာင္းဆိုမေတြ လုပ္ထားပါတယ္။
ေသာၾကာေန႔ မီဒီယာေတြ႔ဆံုမႈမွာေတာ့ မန္ေနဂ်ာကေလာ့ပ္က မာေဆးဆိုဒ္ဒါဘီပြဲမွာ မပါႏုိင္မယ့္ ကစားသမား တစ္ဦးမွ မရွိဘူးလို႔ ေျပာဆိုထားတယ္။ ဒါေပမယ့္ လီဗာပူး လူစာရင္းမွာ ဆာလက္နဲ႔ ေရာ္ဘတ္ဆန္တို႔က အေသးစား ဒဏ္ရာျပႆနာေတြ ရထားခဲ့ဖူးတာေၾကာင့္ အရဲစြန္႔ျပီး ထုတ္သံုးမလားဆိုတာ မေသခ်ာေသးဘူး ျဖစ္ပါတယ္။
ေဘာလံုးပြဲေတြ ရပ္နားမႈ မတိုင္ခင္ ဒဏ္ရာရေနခဲ့တဲ့ အယ္လီဆန္က ၾကံ႕ခိုင္မႈ ျပန္ေကာင္းေနျပီျဖစ္ျပီး ကီတာ၊ ခ်ိန္ဘာလိန္နဲ႔ ဝိုက္နယ္ဒမ္တို႔ကလည္း ေလ့က်င့္ေရးေတြမွာ အေကာင္းဆံုး ပါဝင္ေနတယ္။ ဒါဘီပြဲကို ရွာကီြရီ ေသခ်ာေပါက္ လြဲမွာျဖစ္ျပီး လူငယ္ကစားသမားေတြကို အရန္လူစာရင္းထဲ ထည့္သြင္းမႈေတြ လုပ္လာႏုိင္ပါတယ္။
ပရီးမီးယားလိဂ္ဟာ အရန္စာရင္းကို ၉ ဦးထိ ထည့္သြင္းခြင့္ ေပးထားသလို လူစားလဲမႈ ၅ ခုထိ လုပ္ခြင့္ရွိတဲ့ အေနအထားကို ကေလာ့ပ္ အသံုးခ်မယ္လို႔ ခန္႔မွန္းရတယ္။
အဲဗာတန္နဲ႔ပြဲအတြက္ လီဗာပူးထုတ္သံုးႏုိင္တဲ့ ပထမလူစာရင္း
ဒီလူစာရင္းကေတာ့ ဒီရာသီ လီဗာပူးရဲ႕ အေကာင္းဆံုး ကစားသမားေတြ အားလံုးကို ပါဝင္ေစဖို႔ ျဖစ္ပါတယ္။ ဂိုးသမား အယ္လီဆန္ကို ထရန္႔၊ ဂိုးမက္စ္၊ ဗန္ဒိုက္၊ ေရာ္ဘတ္ဆန္တို႔နဲ႔ တြဲဘက္ေပးျပီး ကြင္းလယ္မွာ ဖာဘင္ညိဳ၊ ဟန္ဒိုနဲ႔ ဂီနီတို႔ကို ကစားခြင့္ေပးဖို႔ျဖစ္တယ္။ တိုက္စစ္ကိုယ္ေတာ့ ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔အတြဲ ထုတ္သံုးဖို႔ ျဖစ္ပါတယ္။
ထူးျခားတာက လီဗာပူးတိုက္စစ္အတြဲဟာ မာေဆးဆိုဒ္ ဒါဘီမွာ တစ္ၾကိမ္မွ အတူတြဲျပီး မကစားဖူးေသးပါဘူး။ ဒီတစ္ၾကိမ္မွာ အတူတြဲကစားခြင့္ရမလားက ေစာင့္ၾကည့္စရာျဖစ္ပါတယ္။
အဲဗာတန္နဲ႔ပြဲအတြက္ ဒုတိယလူစာရင္း
ဆာလက္နဲ႔ ေရာ္ဘတ္ဆန္တို႔ ၾကံ႕ခိုင္မႈ ရာႏႈန္းျပည့္ မေကာင္းရင္ေတာ့ လူစာရင္းမွာ မီနာမီႏိုနဲ႔ မီလ္နာတို႔ကို အစားထိုးဖို႔ ျဖစ္တယ္။ ဒါ့အျပင္ ကြင္းလယ္တစ္ေနရာမွာ ကီတာကို အသံုးျပဳဖို႔ကလည္း ျဖစ္ႏုိင္ပါတယ္။
ေလ့က်င့္ေရးေတြ ျပန္လည္စတင္ကတည္းက မပ်က္မကြက္ ပါဝင္ခြင့္ရေနတဲ့ ကီတာက ေျခစြမ္းေကာင္းေတြ ျပသထားပါတယ္။ ကေလာ့ပ္ကေတာ့ ကီတာရဲ႕ အေနအထား ေကာင္းမြန္ေၾကာင္း ေျပာထားသလို မီနာမီႏိုကို အခြင့္အေရးေပးမယ္ဆိုတဲ့ သေဘာကိုလည္း ထုတ္ေျပာထားတယ္။
ၾကံ႕ခိုင္မႈ အသားေပး ကစားမယ့္ အဲဗာတန္ကို ရင္ဆိုင္ရာမွာ အေကာင္းဆံုး အေနအထားမွာ ရွိေနတဲ့ မီလ္နာတို႔ သံုးဦးကို ထည့္သြင္းျပီး ဆာလက္တို႔ကို အရန္မွာထားျခင္းကလည္း ကေလာ့ပ္ ေရြးခ်ယ္ႏုိင္တဲ့ လူစာရင္း ျဖစ္ပါတယ္။