အဲဗာတန်နဲ့ ယူနိုက်တက် တိုက်စစ်သမားဟောင်း ဝိန်းရွန်းနီက ပြိုင်ဘက်ဟောင်းဖြစ်တဲ့ လီဗာပူးအသင်းဟာ ချန်ပီယံဖြစ်ဖို့ ထိုက်တန်တဲ့အသင်းလို့ ချီးကျူးသွားပါတယ်။
ရွန်းနီက လီဗာပူးအသင်းဟာ မန်နေဂျာကလော့ပ်ကို ကာလရှည် ဆက်ပြီး တာဝန်ပေးနိုင်ရင် အနာဂတ်မှာလည်း ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားမယ်လို့ ပြောဆိုခဲ့တယ်။ လီဗာပူးအသင်းဟာ အဓိက ကစားသမားတွေကို ဆက်ထိန်းဖို့ကိုပဲ အဓိကလုပ်မယ်လို့ သတင်းလွှင့်ထားပြီး ကလော့ပ်နဲ့က ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိနေတာ ဖြစ်ပါတယ်။
ဝိန်းရွန်းနီက ပြောရာမှာ “ လီဗာပူးအသင်း ဆုဖလား အနိုင်ရတာ မမြင်ချင်ဘူး ဒါပေမယ့် ဘောလုံးကို မြတ်နိုးတဲ့သူ တစ်ယောက်အနေနဲ့ သူတို့ ကစားနေပုံကို လေးစားမှု ရှိပါတယ်။ သူတို့က ချန်ပီယံဖြစ်ဖို့ ထိုက်တန်းတဲ့ အသင်းဆိုကိုလည်း ဝန်ခံလိုက်ပါတယ်။
သူတို့မှာ သိပ်ကောင်းတဲ့ ဂိုးသမားနဲ့ ခံစစ်လေးယောက်တန်း ရှိတယ်။ လီဗာပူးက ကမ္ဘာအကောင်းဆုံး တိုက်စစ်ကိုလည်း ပိုင်ဆိုင်ထားတယ်။ သူတို့ရဲ့ ဖိအားပေး ကစားပုံနဲ့တကွ စိတ်ဓါတ်ပိုင်း မာကျောမှုကို ကျနော် အသိအမှတ် ပြုပါတယ်။ သူတို့ကစားသမားတွေက ကွင်းထဲမှာရှိတဲ့ ပွဲတိုင်းမှာ အနိုင်ရမယ်လို့ ယုံကြည်ကြတယ်။ ပြိုင်ဘက်က သွင်းဂိုး အသာ ရထားတာတောင်မှ သူတို့က ယုံကြည်နေဆဲပါပဲ။
ကလော့ပ်က အတိတ်တုန်းက ယူနိုက်တက်လို ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပေမယ့် သူပြောတာက မှားပါတယ်။ လီဗာပူးပ ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားလိုရင် ကလော့ပ်ကို မန်နေဂျာအဖြစ် ဆက်ပြီး တာဝန်ပေးယုံပါပဲ။ လီဗာပူးမှာ နောက်ထပ် ၁၀ ရာသီအတွက် ကလော့ပ် ဆက်ရှိနေမယ်ဆိုရင် သူတို့ အနည်းဆုံး အမှတ်ပေးဖလား ၅ ကြိမ်ထိ အနိုင်ရမယ်လို့ ကျနော် ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
အဲဗာတန္နဲ႔ ယူႏိုက္တက္ တိုက္စစ္သမားေဟာင္း ဝိန္းရြန္းနီက ျပိဳင္ဘက္ေဟာင္းျဖစ္တဲ့ လီဗာပူးအသင္းဟာ ခ်န္ပီယံျဖစ္ဖို႔ ထိုက္တန္တဲ့အသင္းလို႔ ခ်ီးက်ဴးသြားပါတယ္။
ရြန္းနီက လီဗာပူးအသင္းဟာ မန္ေနဂ်ာကေလာ့ပ္ကို ကာလရွည္ ဆက္ျပီး တာဝန္ေပးႏုိင္ရင္ အနာဂတ္မွာလည္း ပရီးမီးယားလိဂ္ကို လႊမ္းမိုးထားမယ္လို႔ ေျပာဆိုခဲ့တယ္။ လီဗာပူးအသင္းဟာ အဓိက ကစားသမားေတြကို ဆက္ထိန္းဖို႔ကိုပဲ အဓိကလုပ္မယ္လို႔ သတင္းလႊင့္ထားျပီး ကေလာ့ပ္နဲ႔က ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိေနတာ ျဖစ္ပါတယ္။
ဝိန္းရြန္းနီက ေျပာရာမွာ “ လီဗာပူးအသင္း ဆုဖလား အႏုိင္ရတာ မျမင္ခ်င္ဘူး ဒါေပမယ့္ ေဘာလံုးကို ျမတ္ႏိုးတဲ့သူ တစ္ေယာက္အေနနဲ႔ သူတို႔ ကစားေနပံုကို ေလးစားမႈ ရွိပါတယ္။ သူတို႔က ခ်န္ပီယံျဖစ္ဖို႔ ထိုက္တန္းတဲ့ အသင္းဆိုကိုလည္း ဝန္ခံလိုက္ပါတယ္။
သူတို႔မွာ သိပ္ေကာင္းတဲ့ ဂိုးသမားနဲ႔ ခံစစ္ေလးေယာက္တန္း ရွိတယ္။ လီဗာပူးက ကမၻာအေကာင္းဆံုး တိုက္စစ္ကိုလည္း ပိုင္ဆုိင္ထားတယ္။ သူတို႔ရဲ႕ ဖိအားေပး ကစားပံုနဲ႔တကြ စိတ္ဓါတ္ပိုင္း မာေက်ာမႈကို က်ေနာ္ အသိအမွတ္ ျပဳပါတယ္။ သူတို႔ကစားသမားေတြက ကြင္းထဲမွာရွိတဲ့ ပြဲတိုင္းမွာ အႏုိင္ရမယ္လို႔ ယံုၾကည္ၾကတယ္။ ျပိဳင္ဘက္က သြင္းဂိုး အသာ ရထားတာေတာင္မွ သူတို႔က ယံုၾကည္ေနဆဲပါပဲ။
ကေလာ့ပ္က အတိတ္တုန္းက ယူႏုိက္တက္လို ပရီးမီးယားလိဂ္ကို လႊမ္းမိုးထားဖို႔ဆိုတာ မျဖစ္ႏုိင္ဘူးလို႔ ေျပာခဲ့ေပမယ့္ သူေျပာတာက မွားပါတယ္။ လီဗာပူးပ ပရီးမီးယားလိဂ္ကို လႊမ္းမိုးထားလိုရင္ ကေလာ့ပ္ကို မန္ေနဂ်ာအျဖစ္ ဆက္ျပီး တာဝန္ေပးယံုပါပဲ။ လီဗာပူးမွာ ေနာက္ထပ္ ၁၀ ရာသီအတြက္ ကေလာ့ပ္ ဆက္ရွိေနမယ္ဆိုရင္ သူတို႔ အနည္းဆံုး အမွတ္ေပးဖလား ၅ ၾကိမ္ထိ အႏုိင္ရမယ္လို႔ က်ေနာ္ ထင္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။