မန်ယူအသင်းကို ကွင်းအတွင်း ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေပေးတဲ့ ကစားသမားတွေ များပြာလာတာကြောင့် နဗီးက အိုးလ်ထရက်ဖို့ဒ်မှာ ကစားသမားသစ် ခေါ်ယူရေးနဲ့ပတ်သက်ပြီး ဘယ်သူ ဆုံးဖြတ်ချက်ချတာလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။

မန်ယူကို ပြင်ဆင်မှုအသစ်တွေအတွက် ဆိုးရှား တာဝန်ယူမှာဖြစ်လို့ ညံ့ဖျင်းနေတဲ့ ကစားသမား ခေါ်ယူမှုတွေကို ဘယ်သူတာဝန်ခံနေလဲလို့ နဗီးက မေးခွန်းထုတ်တာပါ။ အနာဂတ်မှာ အောင်မြင်ဖို့ အသင်း ပြန်လည် တည်ဆောက်မယ့် အရေးကြီး အချိန်ဖြစ်ပြီး ဆိုးရှားအတွက် မှားယွင်းမှုတွေကို မဖြစ်စေလိုတာကလည်း နဗီး ရည်ရွယ်တာဖြစ်တယ်။

နည်းပြကြီး ဖာဂူဆန်နောက်ပိုင်း အကောင်းဆုံး မန်နေဂျာတွေနဲ့ သူတို့ရဲ့ အကောင်းဆုံး ကင်းထောက်တွေ အိုထရတ်ဖိုဒ့်ကို အတူရောက်လာပေမယ့် ကလပ်အသင်းကတော့ ကစားသမားခေါ်ယူမှုမှာ ဂျင်းထည့်ခံရတဲ့ အနေအထား များလာပါတယ်။ ဒါကြောင့် ဘယ်သူက ဆုံးဖြတ်ချက်တွေ တာဝန်ယူနေလဲ နဗီးက မေးခွန်းထုတ်ပါတယ်။

မော်ရင်ညိုလက်ထက်က လိုချင်တဲ့ ကစားသမားတွေ မရခဲ့တာက ရလဒ်တွေ ဆိုးရွားမှုရဲ့ အကြောင်းရင်းဖြစ်ခဲ့ပြီး မော်ရင်ညိုက ခံစစ်သမားလိုအပ်ချိန်မှာ ဘုတ်အဖွဲ့က ဗဟို ခံစစ်တစ်ယောက် မခေါ်နဲ့လို့ အကြောင်းပြခဲ့ဖူးပြီး မန်ယူကစားသမားဟောင်းကြီးက ‘ဘယ်သူက ပြောတာလဲ။ အဲ့လိုပြောဖို့ ဘယ်သူက အခွင့်ရှိတာလဲ? ‘ လို့ မေးခွန်းထုတ်ပါတယ်။

မန်ယူဟာ နွေမှာ ဆိုးရှားကို အပြောင်းအရွှေ့ အသုံးစရိတ် ဘယ်လောက်ထိပေးမယ် မသိရသေးပေမယ့် နဗီးကတော့ အလုံးစုံ ထောက်ပံ့မှုတွေနဲ့ ဆိုးရှားကို အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။