အက်သလက်တီကို တိုက်စစ်သမား သောမက်စ် လီမာက လီဗာပူးအသင်းထံ အပြောင်းအရွှေ့ မဖြစ်ခဲ့တဲ့ အနေအထားကို နောင်တရမှုတော့ ရှိခဲ့တယ်လို့ ထုတ်ပြောခဲ့တယ်။
၂၀၁၇ ခုနှစ်တုန်းက လီဗာပူးဟာ သောမက်စ် လီမာကို ယူရို ၅၅ သန်းဖြင့် ခေါ်ယူဖို့ ကြိုးစားပေမယ့် မိုနာကိုအသင်းက ဈေးပိုတောင်းမှုကြောင့် ငြင်းဆန်ခဲ့ပါတယ်။ လီဗာပူးဘက် အတော်လေးကို ချိတ်ဆက် လှုပ်ရှားခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ညိမရခဲ့ဘဲ နောက်နှစ် ဇူလိုင်မှာတော့ အက်သလက်တီကိုက လီမာကို ယူရို သန်း ၇၀ နဲ့ ခေါ်ယူသွားခဲ့တာဖြစ်တယ်။
အက်သလက်တီကိုမှာတော့ အထင်ကြီးစရာ ခြေစွမ်းတွေ ပြသဖို့ ရုန်းကန်ခဲ့ရတဲ့ သောမက်စ် လီမာဟာ ပွဲပေါင်း ၆၈ ပွဲ ကစားပြီး သွင်းဂိုး ၄ ဂိုးပဲ ရယူထားခဲ့တယ်။ ကစားသမားက ဆက်ပြီးလည်း ကြိုးစားနေပေမယ့် အနာဂတ်မှာ အသင်းပြောင်းဖို့ ဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေကိုလည်း လမ်းဖွင့်ထားပါတယ်လို့ ပြောဆိုခဲ့တယ်။
သောမက်စ် လီမာက ပြောရာမှာ ” နောင်တရလားဆိုရင် ရတယ်လို့ပဲ ပြောရမှာပေါ့။ ကျနော် မဖုန်းကွယ်ထားလိုပါဘူး။ နည်းနည်း စိတ်ပျက်ခဲ့ရပါတယ်။ ပြီးသွားတာတော့ ပြီးသွားတာပါပဲ။ ဒီတော့ ကျနော်လည်း ဆက်ပြီး စဉ်းစားဖို့ ကြိုးစားမနေတော့ပါဘူး။
ကျနော် ဆက်ပြီး ကြိုးစားခဲ့တယ် ဒီတော့ နောက်ထပ် အပြောင်းအရွှေ့မှာ ကလပ်တွေက ကျနေ်ာကို ပြန်ပြီး ကမ်းလှမ်းလာနိုင်တာပေါ့။ ကျနော်က အပြောင်းအရွှေ့ အားလုံးကို လမ်းဖွင့်ပေးထားပါတယ်။ ကျနော်က ဘောလုံးသမားပါ ဘောလုံးကစားရတာကို ကြိုက်ပါတယ်။ ဘယ်အသင်းကိုမှ အပြောင်းအရွှေ့အတွက် တံခါး မပိတ်ထားပါဘူး။ ” လို့ ဖြစ်ပါတယ်။
ZAWGYI
အက္သလက္တီကို တိုက္စစ္သမား ေသာမက္စ္ လီမာက လီဗာပူးအသင္းထံ အေျပာင္းအေရႊ႔ မျဖစ္ခဲ့တဲ့ အေနအထားကို ေနာင္တရမႈေတာ့ ရွိခဲ့တယ္လို႔ ထုတ္ေျပာခဲ့တယ္။
၂၀၁၇ ခုႏွစ္တုန္းက လီဗာပူးဟာ ေသာမက္စ္ လီမာကို ယူရို ၅၅ သန္းျဖင့္ ေခၚယူဖို႔ ၾကိဳးစားေပမယ့္ မိုနာကိုအသင္းက ေစ်းပိုေတာင္းမႈေၾကာင့္ ျငင္းဆန္ခဲ့ပါတယ္။ လီဗာပူးဘက္ အေတာ္ေလးကို ခ်ိတ္ဆက္ လႈပ္ရွားခဲ့ေပမယ့္ ေျပာင္းေရႊ႔ေၾကး ညိမရခဲ့ဘဲ ေနာက္ႏွစ္ ဇူလိုင္မွာေတာ့ အက္သလက္တီကိုက လီမာကို ယူရုိ သန္း ၇၀ နဲ႔ ေခၚယူသြားခဲ့တာျဖစ္တယ္။
အက္သလက္တီကိုမွာေတာ့ အထင္ၾကီးစရာ ေျခစြမ္းေတြ ျပသဖို႔ ရုန္းကန္ခဲ့ရတဲ့ ေသာမက္စ္ လီမာဟာ ပြဲေပါင္း ၆၈ ပြဲ ကစားျပီး သြင္းဂိုး ၄ ဂိုးပဲ ရယူထားခဲ့တယ္။ ကစားသမားက ဆက္ျပီးလည္း ၾကိဳးစားေနေပမယ့္ အနာဂတ္မွာ အသင္းေျပာင္းဖို႔ ျဖစ္လာနုိင္တဲ့ အခြင့္အေရးေတြကိုလည္း လမ္းဖြင့္ထားပါတယ္လို႔ ေျပာဆိုခဲ့တယ္။
ေသာမက္စ္ လီမာက ေျပာရာမွာ ” ေနာင္တရလားဆိုရင္ ရတယ္လို႔ပဲ ေျပာရမွာေပါ့။ က်ေနာ္ မဖုန္းကြယ္ထားလိုပါဘူး။ နည္းနည္း စိတ္ပ်က္ခဲ့ရပါတယ္။ ျပီးသြားတာေတာ့ ျပီးသြားတာပါပဲ။ ဒီေတာ့ က်ေနာ္လည္း ဆက္ျပီး စဥ္းစားဖို႔ ၾကိဳးစားမေနေတာ့ပါဘူး။
က်ေနာ္ ဆက္ျပီး ၾကိဳးစားခဲ့တယ္ ဒီေတာ့ ေနာက္ထပ္ အေျပာင္းအေရႊ႔မွာ ကလပ္ေတြက က်ေန္ာကို ျပန္ျပီး ကမ္းလွမ္းလာႏုိင္တာေပါ့။ က်ေနာ္က အေျပာင္းအေရႊ႔ အားလံုးကို လမ္းဖြင့္ေပးထားပါတယ္။ က်ေနာ္က ေဘာလံုးသမားပါ ေဘာလံုးကစားရတာကို ၾကိဳက္ပါတယ္။ ဘယ္အသင္းကိုမွ အေျပာင္းအေရႊ႔အတြက္ တံခါး မပိတ္ထားပါဘူး။ ” လို႔ ျဖစ္ပါတယ္။