အက်သလက်တီကို တိုက်စစ်သမား သောမက်စ် လီမာက မိုနာကိုကနေ လီဗာပူးအသင်းထံ အပြောင်းအရွှေ့ မဖြစ်ခဲ့တဲ့ အနေအထားကို နောင်တရမှုတော့ ရှိခဲ့တယ်လို့ ထုတ်ပြောခဲ့တယ်။

လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်က အဲဗာတန်နဲ့ပွဲမှာ ပရိသတ်တွေ ဝင်ရောက် အားပေးနိုင်မှာ မဟုတ်လို့ လီဗာပူးအသင်းဖော်ချင်း အင်အားတွေဖြစ်စေဖို့ ပိုမို အားပေးကြမယ်လို့ တိုက်တွန်းစကား ပြောဆိုလိုက်ပါတယ်။

အဲဗာတန်နဲ့ ယူနိုက်တက် တိုက်စစ်သမားဟောင်း ဝိန်းရွန်းနီက ပြိုင်ဘက်ဟောင်းဖြစ်တဲ့ လီဗာပူးအသင်းဟာ ချန်ပီယံဖြစ်ဖို့ ထိုက်တန်တဲ့အသင်းဖြစ်ပြီး ကလော့ပ်ကို နောက်ထပ် ၁၀ နှစ် ဆက်ထိန်းနိုင်ရင် ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်လောက် ထပ်ရလိမ့်မယ်လို့ ချီးကျူးသွားပါတယ်။

နာမည်ကျော် GQ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ လန်ဒန်ဖွား လီဗာပူးအမာခံပရိသတ်ကြီးဖြစ်တဲ့ ရပ်ပါ Loyle Carner က လီဗာပူးက ကစားပုံကောင်းမှုကြောင့်တင် မဟုတ်ပါဘူး လီဗာပူးမြို့သားတွေရဲ့ စစ်မှန်တဲ့ အားကစား စိတ်ဓါတ်ရှိမှုကြောင့် ထူးရှယ်ကလပ် ဖြစ်နေရတာလို့ ရှင်းပြသွားပါတယ်။

ထရန့် အလက်ဇန္ဒား-အာနိုးဟာ ဒီကနေ့ည အဲဗာတန်ပွဲမှာတော့ အနက်ရောင် အထူး ဖိနပ်ကို ဝတ်ဆင်ကစားမှာဖြစ်ပြီး ပွဲအပြီးမှာ အဆိုပါ ဖိနပ်ကို လေလံတင် ရောင်းချမှာဖြစ်ကာ ရလာတဲ့ ငွေကြေးအားလုံးကို ကမ္ဘာလုံးဆိုင်ရာ သာတူညီမျှမှုနဲ့ လွတ်လပ်မှုတွေအတွက် အလုပ်လုပ်နေတဲ့ နယ်ဆန် မန်ဒယ်လား ဖောင်ဒေးရှင်းကို လှူးဒါန်းမယ်လို့ ကြေညာလိုက်ပါတယ်။

စကိုင်းစပေါ့ သုံးသပ်သူ ပေါမာဆန်က ချယ်ဆီးက ဝါနာကို ခေါ်ယူလိုက်နိုင်တာကြောင့် လီဗာပူးနဲ့ကြား ကွာဟချက်က ပိုကျဉ်းမြောင်းသွားပြီးလို့ ပြောဆိုသွားပါတယ်။

လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ကိုရိုနာကပ်ဘေးအတွင်း ပြိုင်ဘက် အသင်းတွေက ဘောလုံးရာသီ ပယ်ဖျက်လိုက်ဖို့ တောင်းဆိုမှုတွေကို မြင်ရတာအတွက် နာကျင်မုန်းတီးရကြောင်း ဝန်ခံသွားပါတယ်။

လီဗာပူးအခြေစိုက် သတင်းဌာနရဲ့ အကြီးတန်း သတင်းထောက် Ian Doyle က ဒီကနေ့ည အဲဗာတန်နဲ့ပွဲမှာ ဆာလက်နဲ့ ရော်ဘတ်ဆန်တို့ အရန်ခုံထိုင်ရလိမ့်မယ်လို့ ခန့်မှန်းသွားပါတယ်။

လီဗာပူးဟာ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်တစ်နှစ်ပဲ ကျန်တဲ့ ခံစစ်သမား အလာဘာကို ခေါ်ယူရေးအား လေ့လာနေတယ်လို့ သိရပါတယ်။

ZAWGYI

အက္သလက္တီကို တိုက္စစ္သမား ေသာမက္စ္ လီမာက မိုနာကိုကေန လီဗာပူးအသင္းထံ အေျပာင္းအေရႊ႔ မျဖစ္ခဲ့တဲ့ အေနအထားကို ေနာင္တရမႈေတာ့ ရွိခဲ့တယ္လို႔ ထုတ္ေျပာခဲ့တယ္။

လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္က အဲဗာတန္နဲ႔ပြဲမွာ ပရိသတ္ေတြ ဝင္ေရာက္ အားေပးႏုိင္မွာ မဟုတ္လို႔ လီဗာပူးအသင္းေဖာ္ခ်င္း အင္အားေတြျဖစ္ေစဖို႔ ပိုမို အားေပးၾကမယ္လို႔ တိုက္တြန္းစကား ေျပာဆိုလိုက္ပါတယ္။

အဲဗာတန္နဲ႔ ယူႏိုက္တက္ တိုက္စစ္သမားေဟာင္း ဝိန္းရြန္းနီက ျပိဳင္ဘက္ေဟာင္းျဖစ္တဲ့ လီဗာပူးအသင္းဟာ ခ်န္ပီယံျဖစ္ဖို႔ ထိုက္တန္တဲ့အသင္းျဖစ္ျပီး ကေလာ့ပ္ကို ေနာက္ထပ္ ၁၀ ႏွစ္ ဆက္ထိန္းႏုိင္ရင္ ပရီးမီးယားလိဂ္ဖလား ၅ ၾကိမ္ေလာက္ ထပ္ရလိမ့္မယ္လို႔ ခ်ီးက်ဴးသြားပါတယ္။

နာမည္ေက်ာ္ GQ မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ လန္ဒန္ဖြား လီဗာပူးအမာခံပရိသတ္ၾကီးျဖစ္တ့ဲ ရပ္ပါ Loyle Carner က လီဗာပူးက ကစားပံုေကာင္းမႈေၾကာင့္တင္ မဟုတ္ပါဘူး လီဗာပူးျမိဳ႕သားေတြရဲ႕ စစ္မွန္တဲ့ အားကစား စိတ္ဓါတ္ရွိမႈေၾကာင့္ ထူးရွယ္ကလပ္ ျဖစ္ေနရတာလို႔ ရွင္းျပသြားပါတယ္။

ထရန႔္ အလက္ဇႏၵား-အာႏိုးဟာ ဒီကေန႔ည အဲဗာတန္ပြဲမွာေတာ့ အနက္ေရာင္ အထူး ဖိနပ္ကို ဝတ္ဆင္ကစားမွာျဖစ္ျပီး ပြဲအၿပီးမွာ အဆိုပါ ဖိနပ္ကို ေလလံတင္ ေရာင္းခ်မွာျဖစ္ကာ ရလာတဲ့ ေငြေၾကးအားလုံးကို ကမာၻလုံးဆိုင္ရာ သာတူညီမွ်မႈနဲ႔ လြတ္လပ္မႈေတြအတြက္ အလုပ္လုပ္ေနတဲ့ နယ္ဆန္ မန္ဒယ္လား ေဖာင္ေဒးရွင္းကို လႉးဒါန္းမယ္လို႔ ေၾကညာလိုက္ပါတယ္။

စကိုင္းစေပါ့ သံုးသပ္သူ ေပါမာဆန္က ခ်ယ္ဆီးက ဝါနာကို ေခၚယူလိုက္ႏုိင္တာေၾကာင့္ လီဗာပူးနဲ႔ၾကား ကြာဟခ်က္က ပိုက်ဥ္းေျမာင္းသြားျပီးလို႔ ေျပာဆိုသြားပါတယ္။

လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က ကိုရိုနာကပ္ေဘးအတြင္း ျပိဳင္ဘက္ အသင္းေတြက ေဘာလံုးရာသီ ပယ္ဖ်က္လိုက္ဖို႔ ေတာင္းဆိုမႈေတြကို ျမင္ရတာအတြက္ နာက်င္မုန္းတီးရေၾကာင္း ဝန္ခံသြားပါတယ္။

လီဗာပူးအေျခစိုက္ သတင္းဌာနရဲ႕ အၾကီးတန္း သတင္းေထာက္ Ian Doyle က ဒီကေန႔ည အဲဗာတန္နဲ႔ပြဲမွာ ဆာလက္နဲ႔ ေရာ္ဘတ္ဆန္တို႔ အရန္ခံုထိုင္ရလိမ့္မယ္လို႔ ခန္႔မွန္းသြားပါတယ္။

လီဗာပူးဟာ ဘြန္ဒက္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္နဲ႔ စာခ်ဳပ္တစ္ႏွစ္ပဲ က်န္တ့ဲ ခံစစ္သမား အလာဘာကို ေခၚယူေရးအား ေလ့လာေနတယ္လို႔ သိရပါတယ္။