မာဆေးဆိုဒ် ဒါဘီပွဲမှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့နောက် မန်နေဂျာ ကလော့ပ်က အသင်းရဲ့ ဂိုးသမား အယ်လီဆန်ကို ချီးကျူးသွားပါတယ်။
ကလော့ပ်ကပဲ အသင်းက ရလဒ်အတွက် ဂိုးသမားကို မှီခိုနေရမှာ မဟုတ်ကြောင်း ထပ်ပြောပေမယ့် အယ်လီဆန်ရဲ့ အရည်အချင်းရှိမှုကိုတော့ ကျေကျေနပ်နပ် ထောက်ပြသွားခဲ့ပါတယ်။
မန်နေဂျာကလော့ပ်က ” အယ်လီဆန်ကိုပဲ အမြဲတမ်း အားကိုးနေလို့ မရပါဘူး။ သူက အရမ်းကို ထူးချွန်ပါတယ်။ တကယ်ကို ကမ္ဘာအဆင့် ဂိုးသမားပါပဲ။ သူ မပါဘဲနဲ့တော့ ဒါဘီပွဲမှာ မိနစ် ၉၀ လုံးလုံး ကောင်းကောင်းလုပ်နိုင်မှာတောင် မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာပါ။
အယ်လီဆန်ဟာ လီဗာပူူးရဲ့ စွမ်းဆောင်ရည်ကောင်း ကစားသမားဖြစ်ခဲ့ပြီး အရေးပါတဲ့ အခြေအနေတွေမှာ သူ့ရဲ့ ကာကွယ်ပေးမှုကပဲ လီဗာပူးကို သရေတစ်မှတ် ရစေခဲ့တာပါ။ ချန်ပီယံဖြစ်ဖို့ နီးကပ်လာပေမယ့်လည်း အဲဗာတန်နဲ့ပွဲမှာ ပိုကောင်းတဲ့အသင်းက လီဗာပူး မဟုတ်ဘူးလို့ ကလော့ပ်က မြင်ပါတယ်။
” ရလိုက်တဲ့ တစ်မှတ်ကပဲ ကျနေ်ာတို့နဲ့ ထိုက်တန်ပါတယ်။ အဲဗာတန်က စုဖွဲ့မှုကောင်းပြီး ကျနေ်ာတို့ အများကြီးလည်း ပြေးလွှားခဲ့ရတယ်။ အဆင့်သင့်တော့ ပြန်ဖြစ်လာနေပါပြီ။ နောက် သုံးရက်မှာ ပဲလေစ့်နဲ့ပွဲရှိပါတယ်။ သူတို့က စနေနေ့ပွဲမှာတော့ ပုံစံကောင်းပြထားပြီး ဒီပွဲအတွက် ကျနော်တို့ အဆင်သင့် ဖြစ်နေရမှာပါ ” လို့ ကလော့ပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
လီဗာပူးဟာ ကြားရက်မှာ ပဲလေစ့်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်စီးတီးက ဒီညမှာ ဘန်လေ ကြားရက်မှာ ချယ်ဆီးတို့နဲ့ ယှဉ်ပြိုင်ရမယ် သီတင်းပတ် အကုန်မှာတော့ မန်စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။
ZAWGYI
မာေဆးဆိုဒ္ ဒါဘီပြဲမွာ ဂိုးမရွိ သေရရလဒ္ ထြက္ေပၚခဲ့တဲ့ေနာက္ မန္ေနဂ်ာ ကေလာ့ပ္က အသင္းရဲ႕ ဂိုးသမား အယ္လီဆန္ကို ခ်ီးက်ဴးသြားပါတယ္။
ကေလာ့ပ္ကပဲ အသင္းက ရလဒ္အတြက္ ဂိုးသမားကို မွီခိုေနရမွာ မဟုတ္ေၾကာင္း ထပ္ေျပာေပမယ့္ အယ္လီဆန္ရဲ႕ အရည္အခ်င္းရွိမႈကိုေတာ့ ေက်ေက်နပ္နပ္ ေထာက္ျပသြားခဲ့ပါတယ္။
မန္ေနဂ်ာကေလာ့ပ္က ” အယ္လီဆန္ကိုပဲ အျမဲတမ္း အားကိုးေနလို႔ မရပါဘူး။ သူက အရမ္းကို ထူးခၽြန္ပါတယ္။ တကယ္ကို ကမၻာအဆင့္ ဂိုးသမားပါပဲ။ သူ မပါဘဲနဲ႔ေတာ့ ဒါဘီပြဲမွာ မိနစ္ ၉၀ လံုးလံုး ေကာင္းေကာင္းလုပ္ႏုိင္မွာေတာင္ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာပါ။
အယ္လီဆန္ဟာ လီဗာပူူးရဲ႕ စြမ္းေဆာင္ရည္ေကာင္း ကစားသမားျဖစ္ခဲ့ျပီး အေရးပါတဲ့ အေျခအေနေတြမွာ သူ႔ရဲ႕ ကာကြယ္ေပးမႈကပဲ လီဗာပူးကို သေရတစ္မွတ္ ရေစခဲ့တာပါ။ ခ်န္ပီယံျဖစ္ဖို႔ နီးကပ္လာေပမယ့္လည္း အဲဗာတန္နဲ႔ပြဲမွာ ပိုေကာင္းတဲ့အသင္းက လီဗာပူး မဟုတ္ဘူးလို႔ ကေလာ့ပ္က ျမင္ပါတယ္။
” ရလိုက္တဲ့ တစ္မွတ္ကပဲ က်ေန္ာတို႔နဲ႔ ထိုက္တန္ပါတယ္။ အဲဗာတန္က စုဖြဲ႔မႈေကာင္းျပီး က်ေန္ာတို႔ အမ်ားၾကီးလည္း ေျပးလႊားခဲ့ရတယ္။ အဆင့္သင့္ေတာ့ ျပန္ျဖစ္လာေနပါျပီ။ ေနာက္ သံုးရက္မွာ ပဲေလစ့္နဲ႔ပြဲရွိပါတယ္။ သူတို႔က စေနေန႔ပြဲမွာေတာ့ ပံုစံေကာင္းျပထားျပီး ဒီပြဲအတြက္ က်ေနာ္တို႔ အဆင္သင့္ ျဖစ္ေနရမွာပါ ” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။
လီဗာပူးဟာ ၾကားရက္မွာ ပဲေလစ့္နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး မန္စီးတီးက ဒီညမွာ ဘန္ေလ ၾကားရက္မွာ ခ်ယ္ဆီးတို႔နဲ႔ ယွဥ္ျပိဳင္ရမယ္ သီတင္းပတ္ အကုန္မွာေတာ့ မန္စီးတီးနဲ႔ လီဗာပူးတို႔ ထိပ္တိုက္ေတြ႔မွာ ျဖစ္ပါတယ္။