မာဆေးဆိုဒ်ဒါဘီမှာ လီဗာပူးက အဲဗာတန်ကို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းနဲ့ ပက်သက်လို့ အားရ ကျေနပ်စရာတွေတော့ ရှိခဲ့ပါသေးတယ်။
ကွင်းလယ်မှာ ပွဲထွက်လူစာရင်းက ပါဝင်လာတဲ့ ကီတာဟာ အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသခဲ့ပြီး တိုက်စစ်ကို လိုက်ပါ မောင်းနင်မှုနဲ့ ဖန်တီးမှုပိုင်းမှာ အားရဖို့ ကောင်းခဲ့ပါတယ်။ ကြားရက်မှာ ပဲလေစ့်နဲ့ပွဲရှိသေးတာကြောင့် ကီတာကို လူစားလဲပြီး နောက်ထပ် ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ထည့်သွင်းရတာက မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ခဲ့သော်လည်း လီဗာပူးတိုက်စစ်က ဖန်တီးမှုတွေ နည်းသွားခဲ့တယ်။
သူ့ရဲ့ ဘောလုံးထိချက်နဲ့ လှုပ်ရှားမှုတွေက အတော်လေး လှပခဲ့ပြီး အထူးသဖြင့် ပြိုင်ဘက်အသင်းရဲ့ လိုင်းတွေကြားထဲ ဝင်ရောက်ချိုးဖောက်ကစားမှုက တော်တော်လည်း ကောင်းခဲ့တယ်။ ဘောလုံးပိုင်ဆိုင်မှု ရတိုင်းမှာ ဖန်တီးမှုတွေအတွက် အဆင်သင့် ဖြစ်နေသလို ဖာမင်နိုအတွက် ဝမ်း-တူး ဖန်တီးမှုတွေကဆိုရင် ဟား..၊ ဟင်းး.. တောင်ဖြစ်ခဲ့ရတာပါ။ ကံမကောင်းစွာပဲ ဂိုးမဖြစ်ခဲ့ပါဘူး။
လီဗာပူးအခြေစိုက် သတင်းဌာနက ” ကီတာက ဘယ်နေရာမှာမဆို ပိုင်ဆိုင်မှုကို ပြန်ယူဖို့ အမြဲတမ်း ပျော်ရွှင်မှုရှိသူဖြစ်တယ်။ ပြိုင်ဘက်ခြမ်းမှာ သူ့ရဲ့ ပြေးလွှားမှုကို မြင်ရတာကလည်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ မီနာမီနိုအတွက် ကောင်းမွန်တဲ့ အခွင့်အရေးရဖို့ လှလှပပကြီး ဘောလုံး သယ်ဆောင်မှုကိုလည်း လုပ်ပေးခဲ့တယ်။ လူးစားလဲမှု မတိုင်ခင်မှာ ဂူနီယာသားက ခြေစွမ်းကောင်းတွေ ပြသခဲ့တယ် ” လို့ ချီးကျူးခံရတယ်။
ဆက်ပြီး ထောက်ခံမှုတွေမှာလည်း ” ငါတို့ရဲ့ ဖန်တီးမှုနဲ့ တိုက်စစ်ကို မောင်းနင်မှုတွေက ကီတာကို လူစားလဲလိုက်ချိန်မှာ ပျောက်ကွယ်သွားခဲ့တယ်။ သူ့ကို ကာကွယ်ဖို့ လူစားလဲခဲ့ရတာကိုး။ ကီတာက ပွဲရဲ့ အကောင်းဆုံးပါပဲ။ အကောင်းဆုံး ကစားနိုင်စွမ်းရှိချိန်မှာ ကီတာက ကမ္ဘာအဆင့်တစ်ဦးပဲ ” လို့ ပါဝင်ခဲ့တာပါ။
ZAWGYI
မာေဆးဆိုဒ္ဒါဘီမွာ လီဗာပူးက အဲဗာတန္ကို ဂိုးမသြင္းႏုိင္ခဲ့ေပမယ့္ တိုက္စစ္ပိုင္းနဲ႔ ပက္သက္လို႔ အားရ ေက်နပ္စရာေတြေတာ့ ရွိခဲ့ပါေသးတယ္။
ကြင္းလယ္မွာ ပြဲထြက္လူစာရင္းက ပါဝင္လာတဲ့ ကီတာဟာ အထင္ၾကီးေလာက္စရာ ေျခစြမ္းေတြ ျပသခဲ့ျပီး တိုက္စစ္ကို လိုက္ပါ ေမာင္းနင္မႈနဲ႔ ဖန္တီးမႈပိုင္းမွာ အားရဖို႔ ေကာင္းခဲ့ပါတယ္။ ၾကားရက္မွာ ပဲေလစ့္နဲ႔ပြဲရွိေသးတာေၾကာင့္ ကီတာကို လူစားလဲျပီး ေနာက္ထပ္ ကြင္းလယ္လူ ဝိုက္နယ္ဒမ္ကို ထည့္သြင္းရတာက မွန္ကန္တဲ့ လုပ္ရပ္ျဖစ္ခဲ့ေသာ္လည္း လီဗာပူးတိုက္စစ္က ဖန္တီးမႈေတြ နည္းသြားခဲ့တယ္။
သူ႔ရဲ႕ ေဘာလံုးထိခ်က္နဲ႔ လႈပ္ရွားမႈေတြက အေတာ္ေလး လွပခဲ့ျပီး အထူးသျဖင့္ ျပိဳင္ဘက္အသင္းရဲ႕ လိုင္းေတြၾကားထဲ ဝင္ေရာက္ခ်ိဳးေဖာက္ကစားမႈက ေတာ္ေတာ္လည္း ေကာင္းခဲ့တယ္။ ေဘာလံုးပိုင္ဆိုင္မႈ ရတိုင္းမွာ ဖန္တီးမႈေတြအတြက္ အဆင္သင့္ ျဖစ္ေနသလို ဖာမင္ႏိုအတြက္ ဝမ္း-တူး ဖန္တီးမႈေတြကဆိုရင္ ဟား..၊ ဟင္းး.. ေတာင္ျဖစ္ခဲ့ရတာပါ။ ကံမေကာင္းစြာပဲ ဂိုးမျဖစ္ခဲ့ပါဘူး။
လီဗာပူးအေျခစိုက္ သတင္းဌာနက ” ကီတာက ဘယ္ေနရာမွာမဆို ပိုင္ဆုိင္မႈကို ျပန္ယူဖို႔ အျမဲတမ္း ေပ်ာ္ရႊင္မႈရွိသူျဖစ္တယ္။ ျပိဳင္ဘက္ျခမ္းမွာ သူ႔ရဲ႕ ေျပးလႊားမႈကို ျမင္ရတာကလည္း စိတ္လႈပ္ရွားဖို႔ ေကာင္းပါတယ္။ မီနာမီႏိုအတြက္ ေကာင္းမြန္တဲ့ အခြင့္အေရးရဖို႔ လွလွပပၾကီး ေဘာလံုး သယ္ေဆာင္မႈကိုလည္း လုပ္ေပးခဲ့တယ္။ လူးစားလဲမႈ မတိုင္ခင္မွာ ဂူနီယာသားက ေျခစြမ္းေကာင္းေတြ ျပသခဲ့တယ္ ” လို႔ ခ်ီးက်ဴးခံရတယ္။
ဆက္ျပီး ေထာက္ခံမႈေတြမွာလည္း ” ငါတို႔ရဲ႕ ဖန္တီးမႈနဲ႔ တိုက္စစ္ကို ေမာင္းနင္မႈေတြက ကီတာကို လူစားလဲလိုက္ခ်ိန္မွာ ေပ်ာက္ကြယ္သြားခဲ့တယ္။ သူ႔ကို ကာကြယ္ဖို႔ လူစားလဲခဲ့ရတာကိုး။ ကီတာက ပြဲရဲ႕ အေကာင္းဆံုးပါပဲ။ အေကာင္းဆံုး ကစားႏုိင္စြမ္းရွိခ်ိန္မွာ ကီတာက ကမၻာအဆင့္တစ္ဦးပဲ ” လို႔ ပါဝင္ခဲ့တာပါ။