မန်နေဂျာကလော့ပ်က မာဆေးဆိုဒ် ဒါဘီပွဲကြိုနဲ့ ပွဲပြီးတွေမှာ အသင်း ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ ပက်သက်လို့ ထုတ်ပြောမှု လုပ်သွားပါတယ်။

ပွဲနေ့ လူစာရင်းမှာတော့ ရော်ဘတ်ဆန်နဲ့ ရှာကွီရီ မပါလာခဲ့ဘဲ ဆာလက် အရန်မှာသာ ပါဝင်လာပါတယ်။ သူတို့နှစ်ဦးအစား မီလ်နာနဲ့ မီနာမီနိုတို့ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်က ” တိုက်စစ်က တာကီ ဝင်ကစားခဲ့ပါတယ်။ မို၊ ရိုဘိုနဲ့ ရှာကွီတို့က အချိန်တိုင်း ပါဝင်လေ့ကျင့်နိုင်ခဲ့ပါတယ်။ ပွဲထွက်လူစာရင်းအတွက် ဆုံးဖြတ်ချက် မချခင်မှာ သူတို့ရဲ့ အခြေအနေကို ဆေးအဖွဲ့က အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုတာကြောင့် မပါခဲ့ကြတာဖြစ်ပါတယ်။ မိုကတော့ အရန်စာရင်းမှာ ပါလာပြီး ရိုဘိုက မပါလာပါဘူး။ ဒါပေမယ့် ကြားရက်ပွဲမှာတော့ ပါဝင်သွားနိုင်ပါတယ် ” လို့ ဖြေဆိုခဲ့တယ်။

ပထမပိုင်းမှာ မီလ်နာ ဒဏ်ရာရခဲ့ပြီး သူ့ရဲ့ ဘယ်အစွန်နေရာကို ဂိုးမက်စ် ဝင်ဖြည့်ပေးသွားပါတယ်။ မီလ်နာက တံကောက်ကြောကို ရေခဲခုနေပြီး သူ့ရဲ့ အခြေအနေကို ဆေးအဖွဲ့ကို ပြောနေပုံအရ အရမ်းတော့ မပြင်းထန်လောက်ပါဘူး။ ဂျိုးမာတစ်ကလည်း ရစ်ချာလီဆန် တက်နင်းလို့ နာကျင်သွားတာကြောင့် ခပ်မြန်မြန် လူစားလဲခဲ့ရတာပါ။ သွေးအေးသွားမှပဲ အခြေအနေ သိရပါမယ်။

မန်နေဂျာကပဲ “ မီလီက တံကောက်ကျောမှာ ဒဏ်ရာအနည်းငယ် ရသွားပါတယ်။ ဒါပေမယ့် ဒါက အတိတ်တုန်းကလည်း သူရဖူးပါတယ်။ မီလီဒဏ်ရာက မပြင်းထန်ဖို့ မျှော်လင့်ပါတယ်။ သူ ခံစားရတာကို ပြောဖို့ လုံလောက်အောင် ပါးနပ်မှုလည်း ရှိပါတယ်။ ဒီတော့ သူ့အတွက် အခြေအနေကောင်းနေဖို့ မျှော်လင့်ပါတယ်။ ဗုဒ္ဓဟူးနေ့ပွဲမှာတော့ ပါချင်မှ ပါပါမယ်။ အဲ့ပွဲပြီးရင် ပြန်ပါဖို့တော့ မျှော်လင့်တာပေါ့။

ဂျိုးကတော့ ကံမကောင်းခဲ့ပါဘူး၊ ကျနေ်ာတို့ ဆုံးဖြတ်ချက် ခပ်မြန်မြန်လုပ်ဖို့ လိုတယ်လေ။ ရစ်ချာလီဆန်က ဂျိုးရဲ့ ခြေမကို နင်းမိခဲ့တဲ့ အနေအထားပါပဲ။ လူတွေ သိကြရဲ့လား မသိဘူး။ အဲ့တာက အရမ်းနာတယ်ဗျ ဒါပေမယ့် သက်သာဖို့ မျှော်လင့်ပါတယ်။ နားလိုက်ရင် အဆင်ပြေသွားမလား ကြည့်ရမှာပေါ့။ မပြင်းထန်ဖို့ မျှော်လင့်ပေမယ့် အခြေမနေ မသိရသေးပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္က မာေဆးဆိုဒ္ ဒါဘီပြဲၾကိဳနဲ႔ ပြဲျပီးေတြမွာ အသင္း ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈ အေျခအေနနဲ႔ ပက္သက္လို႔ ထုတ္ေျပာမႈ လုပ္သြားပါတယ္။

ပြဲေန႔ လူစာရင္းမွာေတာ့ ေရာ္ဘတ္ဆန္နဲ႔ ရွာကီြရီ မပါလာခဲ့ဘဲ ဆာလက္ အရန္မွာသာ ပါဝင္လာပါတယ္။ သူတို႔ႏွစ္ဦးအစား မီလ္နာနဲ႔ မီနာမီႏိုတို႔ ပါဝင္ကစားခဲ့တာ ျဖစ္ပါတယ္။

ကေလာ့ပ္က ” တိုက္စစ္က တာကီ ဝင္ကစားခဲ့ပါတယ္။ မို၊ ရိုဘိုနဲ႔ ရွာကီြတို႔က အခ်ိန္တိုင္း ပါဝင္ေလ့က်င့္ႏုိင္ခဲ့ပါတယ္။ ပြဲထြက္လူစာရင္းအတြက္ ဆံုးျဖတ္ခ်က္ မခ်ခင္မွာ သူတို႔ရဲ႕ အေျခအေနကို ေဆးအဖြဲ႔က အဆင္သင့္မျဖစ္ေသးဘူးလို႔ ဆိုတာေၾကာင့္ မပါခဲ့ၾကတာျဖစ္ပါတယ္။ မိုကေတာ့ အရန္စာရင္းမွာ ပါလာျပီး ရိုဘိုက မပါလာပါဘူး။ ဒါေပမယ့္ ၾကားရက္ပြဲမွာေတာ့ ပါဝင္သြားႏုိင္ပါတယ္ ” လို႔ ေျဖဆိုခဲ့တယ္။

ပထမပိုင္းမွာ မီလ္နာ ဒဏ္ရာရခဲ့ျပီး သူ႔ရဲ႕ ဘယ္အစြန္ေနရာကို ဂိုးမက္စ္ ဝင္ျဖည့္ေပးသြားပါတယ္။ မီလ္နာက တံေကာက္ေၾကာကို ေရခဲခုေနျပီး သူ႔ရဲ႕ အေျခအေနကို ေဆးအဖြဲ႔ကို ေျပာေနပံုအရ အရမ္းေတာ့ မျပင္းထန္ေလာက္ပါဘူး။ ဂ်ိဳးမာတစ္ကလည္း ရစ္ခ်ာလီဆန္ တက္နင္းလို႔ နာက်င္သြားတာေၾကာင့္ ခပ္ျမန္ျမန္ လူစားလဲခဲ့ရတာပါ။ ေသြးေအးသြားမွပဲ အေျခအေန သိရပါမယ္။

မန္ေနဂ်ာကပဲ “ မီလီက တံေကာက္ေက်ာမွာ ဒဏ္ရာအနည္းငယ္ ရသြားပါတယ္။ ဒါေပမယ့္ ဒါက အတိတ္တုန္းကလည္း သူရဖူးပါတယ္။ မီလီဒဏ္ရာက မျပင္းထန္ဖို႔ ေမွ်ာ္လင့္ပါတယ္။ သူ ခံစားရတာကို ေျပာဖို႔ လံုေလာက္ေအာင္ ပါးနပ္မႈလည္း ရွိပါတယ္။ ဒီေတာ့ သူ႔အတြက္ အေျခအေနေကာင္းေနဖို႔ ေမွ်ာ္လင့္ပါတယ္။ ဗုဒၶဟူးေန႔ပြဲမွာေတာ့ ပါခ်င္မွ ပါပါမယ္။ အဲ့ပြဲျပီးရင္ ျပန္ပါဖို႔ေတာ့ ေမွ်ာ္လင့္တာေပါ့။

ဂ်ိဳးကေတာ့ ကံမေကာင္းခဲ့ပါဘူး၊ က်ေန္ာတို႔ ဆံုးျဖတ္ခ်က္ ခပ္ျမန္ျမန္လုပ္ဖို႔ လိုတယ္ေလ။ ရစ္ခ်ာလီဆန္က ဂ်ိဳးရဲ႕ ေျခမကို နင္းမိခဲ့တဲ့ အေနအထားပါပဲ။ လူေတြ သိၾကရဲ႕လား မသိဘူး။ အဲ့တာက အရမ္းနာတယ္ဗ် ဒါေပမယ့္ သက္သာဖို႔ ေမွ်ာ္လင့္ပါတယ္။ နားလိုက္ရင္ အဆင္ေျပသြားမလား ၾကည့္ရမွာေပါ့။ မျပင္းထန္ဖို႔ ေမွ်ာ္လင့္ေပမယ့္ အေျခမေန မသိရေသးပါဘူး ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။