အဲဗာတန်နဲ့ပွဲမှာတော့ မန်နေဂျာကလော့ပ်က ကီတာနဲ့ မီနာမီနိုတို့ကို မိတ်ဆက်မှုတွေ လုပ်ခဲ့ပြီး ကီတာခြေစွမ်း ကောင်းခဲ့ပေမယ့် မီနာမီနိုနဲ့ ပက်သက်လို့တော့ အမျိုးမျိုး သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

အချို့က မီနာမီနိုရဲ့ တိုးတက်မှုကို အကောင်းမြင်မှုတွေ ရှိပေမယ့် အချို့ကတော့ အံမဝင်ဘူးလို့ မြင်ကြတာတွေရှိတယ်။ လီဗာပူးကစားသမားဟောင်းကြီး ဂျွန်ဘမ်းကတော့ ခြားနားတဲ့ အမြင်တစ်ခုကို ချပြခဲ့ပါတယ်။

ဂျွန်ဘမ်းက “ မီနာမီနိုက ကွင်းလယ်တိုက်စစ်သမားနဲ့ နံပါတ် ၁၀ နေရာတွေမှာ ကစားသူဖြစ်ပါတယ်။ လီဗာပူးက ဆာလက်၊ မာနေးတို့ကို တောင်ပံမှာ ထားကစားရာမှာ သူတို့က တောင်ပံမှာပဲနေတယ် အတွင်းကို ဝင်လာပြီဆိုရင်လည်း လျှင်မြန်တဲ့ အရှိန်တွေနဲ့ ခံစစ်တွေထံကို တိုက်ရိုက်ကြီး ပြေးလွှား ကစားကြတယ်။

မီနာမီနိုက အဲ့လို လျှင်မြန်မှုမျိုး မရှိဘူး။ သူက ဘောလုံးကို ခြေထဲ ထားကစားရတာ ပိုနှစ်သက်တဲ့ သဘောပဲ။ ဖာမင်နို လုပ်သလိုပေါ့။ ဒီတော့ သူတို့နှစ်ဦးက တူညီတဲ့ နေရာတွေ ကစားကြပြီး ဒါကြောင့်ပဲ သူ့ရဲ့ ကစားဟန်ကို ကျနော် အံ့အားသင့်ခဲ့ရတယ်။

ကလော့ပ်က မီနာမီနိုကို ပွဲကစားချိန်ပေးပြီး ယုံကြည်မှုတွေ ဖော်ဆောင်ပေးလိုတယ်။ ဒါပေမယ့် လီဗာပူးမှာက အစွန်နှစ်ဘက်နဲ့ တောင်ပံသမား နှစ်ဦးကြား နားလည်မှုတွေက သိပ်ကောင်းပါတယ်။ မီနာမီနိုမှာတော့ အစွန်သမားတွေနဲ့ နားလည်မှုက အဲ့လောက် အနေအထားကို မရောက်သေးပါဘူး။ ”

ယာဂင်ကလော့ပ်ကတော့ လူစားလဲမှု ၅ ကြိမ် လုပ်ခွင့်ရှိရာမှာ မီနာမီနိုကို ပွဲချိန်တွေပေးပြီး မိတ်ဆက်သွားဖို့ ရှိနေပါတယ်။ ကလော့ပ်ကပဲ အဲဗာတန်နဲ့ပွဲ ပထမပိုင်းမှာ ပြသခဲ့တဲ့ မီနာမီနိုရဲ့ ခြေစွမ်းကို နှစ်သက်မှုရှိကြောင်း ပွဲအပြီး ထုတ်ပြောခဲ့ပါတယ်။

ZAWGYI

အဲဗာတန္နဲ႔ပြဲမွာေတာ့ မန္ေနဂ်ာကေလာ့ပ္က ကီတာနဲ႔ မီနာမီႏိုတို႔ကို မိတ္ဆက္မႈေတြ လုပ္ခဲ့ျပီး ကီတာေျခစြမ္း ေကာင္းခဲ့ေပမယ့္ မီနာမီႏိုနဲ႔ ပက္သက္လို႔ေတာ့ အမ်ိဳးမ်ိဳး သံုးသပ္မႈေတြ ရွိခဲ့ပါတယ္။

အခ်ိဳ႔က မီနာမီႏိုရဲ႕ တိုးတက္မႈကို အေကာင္းျမင္မႈေတြ ရွိေပမယ့္ အခ်ိဳ႔ကေတာ့ အံမဝင္ဘူးလို႔ ျမင္ၾကတာေတြရွိတယ္။ လီဗာပူးကစားသမားေဟာင္းၾကီး ဂၽြန္ဘမ္းကေတာ့ ျခားနားတဲ့ အျမင္တစ္ခုကို ခ်ျပခဲ့ပါတယ္။

ဂၽြန္ဘမ္းက “ မီနာမီႏိုက ကြင္းလယ္တိုက္စစ္သမားနဲ႔ နံပါတ္ ၁၀ ေနရာေတြမွာ ကစားသူျဖစ္ပါတယ္။ လီဗာပူးက ဆာလက္၊ မာေနးတို႔ကို ေတာင္ပံမွာ ထားကစားရာမွာ သူတို႔က ေတာင္ပံမွာပဲေနတယ္ အတြင္းကို ဝင္လာျပီဆိုရင္လည္း လွ်င္ျမန္တဲ့ အရွိန္ေတြနဲ႔ ခံစစ္ေတြထံကို တိုက္ရိုက္ၾကီး ေျပးလႊား ကစားၾကတယ္။

မီနာမီႏိုက အဲ့လို လွ်င္ျမန္မႈမ်ိဳး မရွိဘူး။ သူက ေဘာလံုးကို ေျခထဲ ထားကစားရတာ ပိုႏွစ္သက္တဲ့ သေဘာပဲ။ ဖာမင္ႏို လုပ္သလိုေပါ့။ ဒီေတာ့ သူတို႔ႏွစ္ဦးက တူညီတဲ့ ေနရာေတြ ကစားၾကျပီး ဒါေၾကာင့္ပဲ သူ႔ရဲ႕ ကစားဟန္ကို က်ေနာ္ အံ့အားသင့္ခဲ့ရတယ္။

ကေလာ့ပ္က မီနာမီႏိုကို ပြဲကစားခ်ိန္ေပးျပီး ယံုၾကည္မႈေတြ ေဖာ္ေဆာင္ေပးလိုတယ္။ ဒါေပမယ့္ လီဗာပူးမွာက အစြန္ႏွစ္ဘက္နဲ႔ ေတာင္ပံသမား ႏွစ္ဦးၾကား နားလည္မႈေတြက သိပ္ေကာင္းပါတယ္။ မီနာမီႏိုမွာေတာ့ အစြန္သမားေတြနဲ႔ နားလည္မႈက အဲ့ေလာက္ အေနအထားကို မေရာက္ေသးပါဘူး။ ”

ယာဂင္ကေလာ့ပ္ကေတာ့ လူစားလဲမႈ ၅ ၾကိမ္ လုပ္ခြင့္ရွိရာမွာ မီနာမီႏိုကို ပြဲခ်ိန္ေတြေပးျပီး မိတ္ဆက္သြားဖို႔ ရွိေနပါတယ္။ ကေလာ့ပ္ကပဲ အဲဗာတန္နဲ႔ပြဲ ပထမပိုင္းမွာ ျပသခဲ့တဲ့ မီနာမီႏိုရဲ႕ ေျခစြမ္းကို ႏွစ္သက္မႈရွိေၾကာင္း ပြဲအျပီး ထုတ္ေျပာခဲ့ပါတယ္။