ဒီတစ်ကြိမ် မာဆေးဆိုဒ်ဒါဘီပွဲမှာ နှစ်သင်းကြား အနိုင်အရံှူး ရလဒ် မပေါ်ခဲ့ပေမယ့်လည်း စံချိန်သစ် နှစ်ခုကတော့ ထွက်ပေါ်သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် အဲဗာတန်ရဲ့ အိမ်ကွင်း ဂူဒီဆင်ပက်ခ်မှာ ကစားတဲ့ မာဆေးဆိုဒ်ဒါဘီဟာ နောက်ဆုံး တွေ့ဆုံမှု ၈ ကြိမ်မှာ ၇ ကြိမ်က သရေကျခဲ့ခြင်းလည်းဖြစ်တယ်။ နောက်ဆုံး ၃ ပွဲဆက်တိုက် ဂိုးမရှိသရေရလဒ်ပဲ ထွက်ပေါ်ထားပါတယ်။
မာဆေးဆိုဒ်ဒါဘီပွဲမှာ လီဗာပူး တိုက်စစ်သမားတွေ ဂိုးပေါက်ပျောက်ခဲ့ကြပြီး ဒါဟာ ၂၀၁၉ မတ်လနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲ ၃၉ ပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ဝ-၀ ရလဒ်နဲ့ သရေကျတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။
ဒါဘီပွဲကနေ ထွက်ပေါ်ခဲ့တဲ့ ပထမ စံချိန်ကတော့ မန်နေဂျာကလော့ပ်ဟာ လီဗာပူးသမိုင်းမှာ မာဆေးဆိုဒ်ဒါဘီပွဲတွေကို အကြာဆုံး ရံှူးပွဲမရှိစံချိန် ရရှိသွားတာပါ။ သူဟာ ဒါဘီပွဲပေါင်း ၁၁ ပွဲကို ကိုင်တွယ်ခဲ့ပြီး ၇ ပွဲ အနိုင်ရကာ၊ ၄ ပွဲ သရေကျပြီး ရံှူးပွဲ မရှိခဲ့တာဖြစ်တယ်။ ဒါကြောင့် ကလော့ပ်ဟာ ဂန္တဝင်မန်နေဂျာကြီး ဘော့ ပီယာစလေရဲ့ မာဆေးဆိုဒ် ဒါဘီပွဲ ရံှူးပွဲမရှိ စံချိန်ကို ချိုးဖျက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒုတိယမြောက် မှတ်တမ်းကတော့ မာဆေးဆိုဒ်ဒါဘီဟာ စကိုင်းစပေါ့ ရုပ်သံရဲ့ ပရီးမီးယားလိဂ်ပွဲ ထုတ်လွှင့်မှု သမိုင်းတစ်လျှောက် ကြည့်နှုန်း အများဆုံး စံချိန် တင်သွားခဲ့ပါတယ်။ မာဆေးဆိုဒ်ဒါဘီပွဲကို ဗြိတိန်မှာ စောင့်ကြည့်သူပေါင်း ၅.၅ သန်းထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ကြားရက်မှာတော့ အလှည့်ကျပုံစံဖြင့် မန်နေဂျာကလော့ပ်က ပွဲထုတ်မယ်လို့ သိရပြီး အနားပေးထားတဲ့ ရော်ဘတ်ဆန်နဲ့ ဆာလက်တို့ ပြန်လည် ပါဝင်လာမှာဖြစ်ပါတယ်။
ZAWGYI
ဒီတစ္ၾကိမ္ မာေဆးဆိုဒ္ဒါဘီပြဲမွာ ႏွစ္သင္းၾကား အႏုိင္အရံွဴး ရလဒ္ မေပၚခဲ့ေပမယ့္လည္း စံခ်ိန္သစ္ ႏွစ္ခုကေတာ့ ထြက္ေပၚသြားခဲ့ပါတယ္။
ပရီးမီးယားလိဂ္ျပိဳင္ပြဲအတြက္ အဲဗာတန္ရဲ႕ အိမ္ကြင္း ဂူဒီဆင္ပက္ခ္မွာ ကစားတဲ့ မာေဆးဆိုဒ္ဒါဘီဟာ ေနာက္ဆံုး ေတြ႔ဆံုမႈ ၈ ၾကိမ္မွာ ၇ ၾကိမ္က သေရက်ခဲ့ျခင္းလည္းျဖစ္တယ္။ ေနာက္ဆံုး ၃ ပြဲဆက္တိုက္ ဂိုးမရွိသေရရလဒ္ပဲ ထြက္ေပၚထားပါတယ္။
မာေဆးဆိုဒ္ဒါဘီပြဲမွာ လီဗာပူး တိုက္စစ္သမားေတြ ဂိုးေပါက္ေပ်ာက္ခဲ့ၾကျပီး ဒါဟာ ၂၀၁၉ မတ္လေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲ ၃၉ ပြဲအတြင္း ပထမဆံုးအၾကိမ္အျဖစ္ ၀-၀ ရလဒ္နဲ႔ သေရက်တဲ့ပြဲလည္း ျဖစ္ခဲ့ပါတယ္။
ဒါဘီပြဲကေန ထြက္ေပၚခဲ့တဲ့ ပထမ စံခ်ိန္ကေတာ့ မန္ေနဂ်ာကေလာ့ပ္ဟာ လီဗာပူးသမိုင္းမွာ မာေဆးဆိုဒ္ဒါဘီပြဲေတြကို အၾကာဆံုး ရံွဴးပြဲမရွိစံခ်ိန္ ရရွိသြားတာပါ။ သူဟာ ဒါဘီပြဲေပါင္း ၁၁ ပြဲကို ကိုင္တြယ္ခဲ့ျပီး ၇ ပြဲ အႏုိင္ရကာ၊ ၄ ပြဲ သေရက်ျပီး ရံွဴးပြဲ မရွိခဲ့တာျဖစ္တယ္။ ဒါေၾကာင့္ ကေလာ့ပ္ဟာ ဂႏၱဝင္မန္ေနဂ်ာၾကီး ေဘာ့ ပီယာစေလရဲ႕ မာေဆးဆိုဒ္ ဒါဘီပြဲ ရံွဴးပြဲမရွိ စံခ်ိန္ကို ခ်ိဳးဖ်က္သြားခဲ့ျပီ ျဖစ္ပါတယ္။
ဒုတိယေျမာက္ မွတ္တမ္းကေတာ့ မာေဆးဆိုဒ္ဒါဘီဟာ စကိုင္းစေပါ့ ရုပ္သံရဲ႕ ပရီးမီးယားလိဂ္ပြဲ ထုတ္လႊင့္မႈ သမိုင္းတစ္ေလွ်ာက္ ၾကည့္ႏႈန္း အမ်ားဆံုး စံခ်ိန္ တင္သြားခဲ့ပါတယ္။ မာေဆးဆိုဒ္ဒါဘီပြဲကို ျဗိတိန္မွာ ေစာင့္ၾကည့္သူေပါင္း ၅.၅ သန္းထိ ရွိခဲ့တယ္လို႔ သိရပါတယ္။
ၾကားရက္မွာေတာ့ အလွည့္က်ပံုစံျဖင့္ မန္ေနဂ်ာကေလာ့ပ္က ပြဲထုတ္မယ္လို႔ သိရျပီး အနားေပးထားတဲ့ ေရာ္ဘတ္ဆန္နဲ႔ ဆာလက္တို႔ ျပန္လည္ ပါဝင္လာမွာျဖစ္ပါတယ္။