မနက်က ယှဉ်ပြိုင်တဲ့ မာဆေးဆိုဒ်ဒါဘီမှာ လိုဗရန်ရဲ့ လူစားဝင်လာပြီး ကစားတဲ့ ခြေစွမ်းကို ထောက်ပြမှုတစ်ခုအား ကာရေဂါက ပြုလုပ်သွားပါတယ်။

လိုဗရန်ဟာ လူစားဝင်လာပြီးနောက် ရစ်ချာလီဆန်ကို ထိန်းချုပ်ဖို့ ကြိုးစားရင် နှစ်ကြိမ်လောက် အရှိန်လွန်ကာ ချော်လဲနေခဲ့တာပါ။ ကာရေဂါကတော့ လိုဗရန်က ဘောလုံးရဖို့အတွက် အရမ်းကို အားစိုက်ထုတ်လွန်းပြီး စိတ်ခံစားမှုကို လိုက်လွန်းတာကြောင့် ကိုယ်တာဝန်ကို မယူနိုင်ခဲ့တာလို့ ပြောပါတယ်။

မီလ်နာနဲ့ မာတစ်တို့ ထွက်ခွာသွားတဲ့နောက် လီဗာပူးခံစစ်တန်းက နေရာအပြောင်းအလဲတွေ ဖြစ်ခဲ့ရာမှာ တည်ငြိမ်မှုက အတော်လေး ကျဆင်းခဲ့တာပါ။ လိုဗရန်ရဲ့ ဇောကပ်တဲ့ ဝင်လုမှုတွေက ရစ်ချာလီဆန်ကို မထိန်းနိုင်ခဲ့ဘဲ ခံစစ်ကို ယိုယွင်းစေခဲ့တယ်။ ဧရိယာထဲမှာ လိုဗရန်ရဲ့ ချော်လဲမှု တစ်ကြိမ်က ပြိုင်ဘက်ကို အခွင့်အရေးကောင်း ဖြစ်စေခဲ့ပြီး အယ်လီဆန် ကာကွယ်နိုင်ခဲ့လို့ လီဗာပူးက သက်သာခဲ့ရပါတယ်။

လိုဗရန်နဲ့ ပက်သက်ပြီး ကာရေဂါက သူ့အမြင်ကို ပြောရာမှာ ” သူက စိတ်ခံစားချက် သိပ်ပါလွန်းတယ်၊ ဒါကပဲ အမြဲတမ်း သူ့အတွက် ပြဿနာဖြစ်နေရတာပါပဲ။ သူက အမြဲတမ်း ယှဉ်ပြိုင်တိုက်ခိုက်မှုတွေမှာ အနိုင်ရဖို့ လိုတယ်လို့ ခံစားရပြီး စိန်ခေါ်မှုတွေကို အနိုင်ရအောင် လုပ်လေ့ရှိတယ်။

ဗဟိုခံစစ်သမားအဖြစ် သူကစားတဲ့ နေရာတွေမှာ ကျနော် ကစားခဲ့ပါတယ်။ အဲ့လို အနေအထားမှာ တစ်စုံတစ်ယောက်က ကိုယ်ထက် ပိုပြီး သန်မာတယ်၊ မြန်ဆန်တယ်ဆိုတာကို လက်ခံဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ နေရာတွေမှာ ရှိနေဖို့နဲ့ ပြိင်ဘက်တွေကို ထိန်းထားနိုင်ဖို့ ကြိုးစားရမှာပါ။ ” လို့ ဖြစ်ပါတယ်။

သူတို့နှစ်ဦး လုပ်နေတဲ့ ပရိုအလုပ်တွေကို လုပ်ဆောင်ရင်း လိုဗရန်နဲ့ ကာရေဂါတို့ကြား ခပ်ထိထိတွေဖြစ်တဲ့ ရေစက်က အခုမှတော့ မဟုတ်ပါဘူး။ သိပ်မကြာသေးခင်ကပဲ လိုဗရန်က ကာရေဂါကို ဝေဖန်တဲ့ ပိုစ့်တစ်ခုကို Like ပေးမှုတစ်ခု လုပ်ခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္တဲ့ မာေဆးဆိုဒ္ဒါဘီမွာ လိုဗရန္ရဲ႕ လူစားဝင္လာျပီး ကစားတဲ့ ေျခစြမ္းကို ေထာက္ျပမႈတစ္ခုအား ကာေရဂါက ျပဳလုပ္သြားပါတယ္။

လိုဗရန္ဟာ လူစားဝင္လာျပီးေနာက္ ရစ္ခ်ာလီဆန္ကို ထိန္းခ်ဳပ္ဖို႔ ၾကိဳးစားရင္ ႏွစ္ၾကိမ္ေလာက္ အရွိန္လြန္ကာ ေခ်ာ္လဲေနခဲ့တာပါ။ ကာေရဂါကေတာ့ လိုဗရန္က ေဘာလံုးရဖို႔အတြက္ အရမ္းကို အားစိုက္ထုတ္လြန္းျပီး စိတ္ခံစားမႈကို လိုက္လြန္းတာေၾကာင့္ ကိုယ္တာဝန္ကို မယူႏုိင္ခဲ့တာလို႔ ေျပာပါတယ္။

မီလ္နာနဲ႔ မာတစ္တို႔ ထြက္ခြာသြားတဲ့ေနာက္ လီဗာပူးခံစစ္တန္းက ေနရာအေျပာင္းအလဲေတြ ျဖစ္ခဲ့ရာမွာ တည္ျငိမ္မႈက အေတာ္ေလး က်ဆင္းခဲ့တာပါ။ လိုဗရန္ရဲ႕ ေဇာကပ္တဲ့ ဝင္လုမႈေတြက ရစ္ခ်ာလီဆန္ကို မထိန္းႏုိင္ခဲ့ဘဲ ခံစစ္ကို ယိုယြင္းေစခဲ့တယ္။ ဧရိယာထဲမွာ လိုဗရန္ရဲ႕ ေခ်ာ္လဲမႈ တစ္ၾကိမ္က ျပိဳင္ဘက္ကို အခြင့္အေရးေကာင္း ျဖစ္ေစခဲ့ျပီး အယ္လီဆန္ ကာကြယ္ႏုိင္ခဲ့လို႔ လီဗာပူးက သက္သာခ့ဲရပါတယ္။

လိုဗရန္နဲ႔ ပက္သက္ျပီး ကာေရဂါက သူ႔အျမင္ကို ေျပာရာမွာ ” သူက စိတ္ခံစားခ်က္ သိပ္ပါလြန္းတယ္၊ ဒါကပဲ အျမဲတမ္း သူ႔အတြက္ ျပႆနာျဖစ္ေနရတာပါပဲ။ သူက အျမဲတမ္း ယွဥ္ျပိဳင္တိုက္ခိုက္မႈေတြမွာ အႏုိင္ရဖို႔ လိုတယ္လို႔ ခံစားရျပီး စိန္ေခၚမႈေတြကို အႏုိင္ရေအာင္ လုပ္ေလ့ရွိတယ္။

ဗဟိုခံစစ္သမားအျဖစ္ သူကစားတဲ့ ေနရာေတြမွာ က်ေနာ္ ကစားခဲ့ပါတယ္။ အဲ့လို အေနအထားမွာ တစ္စံုတစ္ေယာက္က ကိုယ္ထက္ ပိုျပီး သန္မာတယ္၊ ျမန္ဆန္တယ္ဆိုတာကို လက္ခံဖို႔ လိုအပ္ပါတယ္။ မွန္ကန္တဲ့ ေနရာေတြမွာ ရွိေနဖို႔နဲ႔ ျပိင္ဘက္ေတြကို ထိန္းထားႏုိင္ဖို႔ ၾကိဳးစားရမွာပါ။ ” လို႔ ျဖစ္ပါတယ္။

သူတို႔ႏွစ္ဦး လုပ္ေနတဲ့ ပရိုအလုပ္ေတြကို လုပ္ေဆာင္ရင္း လိုဗရန္နဲ႔ ကာေရဂါတို႔ၾကား ခပ္ထိထိေတြျဖစ္တဲ့ ေရစက္က အခုမွေတာ့ မဟုတ္ပါဘူး။ သိပ္မၾကာေသးခင္ကပဲ လိုဗရန္က ကာေရဂါကို ေဝဖန္တဲ့ ပိုစ့္တစ္ခုကို Like ေပးမႈတစ္ခု လုပ္ခဲ့ေသးတာျဖစ္ပါတယ္။