မနက်က ယှဉ်ပြိုင်တဲ့ မာဆေးဆိုဒ်ဒါဘီမှာ လိုဗရန်ရဲ့ လူစားဝင်လာပြီး ကစားတဲ့ ခြေစွမ်းအပေါ် ခံစစ်သမားဟာ စိတ်ခံစားချက် ပါလွန်းပြီး ထိပ်တိုက် စိန်ခေါ်မှုတိုင်းကို အနိုင်ရရမယ်လို့ ဇောကြီးတာက မှားယွင်းကြောင်း ထောက်ပြမှုတစ်ခုအား ကာရေဂါက ပြုလုပ်သွားပါတယ်။
မန်နေဂျာကလော့ပ်ဟာ လီဗာပူးသမိုင်းမှာ မာဆေးဆိုဒ်ဒါဘီပွဲတွေကို အကြာဆုံး ရံှူးပွဲမရှိစံချိန် ရရှိသွားတာပါ။ သူဟာ ဒါဘီပွဲပေါင်း ၁၁ ပွဲကို ကိုင်တွယ်ခဲ့ပြီး ၇ ပွဲ အနိုင်ရကာ၊ ၄ ပွဲ သရေကျပြီး ရံှူးပွဲ မရှိခဲ့တာဖြစ်တယ်။ ဒါကြောင့် ကလော့ပ်ဟာ ဂန္တဝင်မန်နေဂျာကြီး ဘော့ ပီယာစလေရဲ့ မာဆေးဆိုဒ် ဒါဘီပွဲ ရံှူးပွဲမရှိ စံချိန်ကို ချိုးဖျက်သွားခဲ့ပြီ ဖြစ်ပါတယ်။
လီဗာပူးကစားသမားဟောင်းကြီး ဂျွန်ဘမ်းက “ မီနာမီနိုက ကွင်းလယ်တိုက်စစ်သမားနဲ့ နံပါတ် ၁၀ နေရာတွေမှာ ကစားသူဖြစ်ပါတယ်။ မီနာမီနိုက ဆာလက်၊ မာနေးတို့လို လျှင်မြန်မှုမျိုး မရှိဘူး။ သူက ဘောလုံးကို ခြေထဲ ထားကစားရတာ ပိုနှစ်သက်တဲ့ သဘောပဲ ” လို့ သုံးသပ်သွားခဲ့တယ်။
လီဗာပူးနဲ့ သတင်းထွက်ထားတဲ့ ဘာစီလိုနာ တိုက်စစ်သမား ဒမ်ဘီလီကို ပေါင် ၅၈ သန်းနဲ့ ကလပ်အသင်း တစ်ခုက ကမ်းလှမ်းထားကြောင်း သတင်းကြီးနေပါတယ်။
မာဆေးဆိုဒ်ဒါဘီမှာ လီဗာပူးက အဲဗာတန်ကို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းနဲ့ ပက်သက်လို့ အားရ ကျေနပ်စရာတွေတော့ ရှိခဲ့ပြီး ပွဲထွက်လူစာရင်းက ပါဝင်လာတဲ့ ကီတာရဲ့ တိုက်စစ်ကို လိုက်ပါ မောင်းနင်မှုနဲ့ ဖန်တီးမှုပိုင်းမှာ ပရိသတ်တွေက အားရခဲ့ကြပါတယ်။
မာဆေးဆိုဒ် ဒါဘီပွဲမှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့နောက် မန်နေဂျာ ကလော့ပ်က သရေတစ်မှတ်ရခဲ့တာက အသင်းရဲ့ ဂိုးသမား အယ်လီဆန်ရဲ့ လက်စွမ်းကြောင့်ပါလို့ ထုတ်ပြောသွားပါတယ်။
ပွဲနေ့ လူစာရင်းမှာတော့ ရော်ဘတ်ဆန်နဲ့ ရှာကွီရီ မပါလာခဲ့ဘဲ ဆာလက် အရန်မှာသာ ပါဝင်လာခဲ့ပေမယ့် ကြားရက်ပွဲဖြစ်တဲ့ ပဲလေစ့်ပွဲမှာတော့ ရိုဘိုနဲ့ မိုတို့ ပြန်ပါသွားမယ်လို့ The Times က ဖော်ပြပါတယ်။
မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို စိန်ခေါ်မယ့် အသင်းတွေက မန်စီးတီးနဲ့ လီဗာပူးအပါ ၇ သင်းထိ ရှိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။
မာဆေးဆိုဒ်ဒါဘီဟာ စကိုင်းစပေါ့ ရုပ်သံရဲ့ ပရီးမီးယားလိဂ်ပွဲ ထုတ်လွှင့်မှု သမိုင်းတစ်လျှောက် ကြည့်နှုန်း အများဆုံး စံချိန် တင်သွားခဲ့ပါတယ်။ မာဆေးဆိုဒ်ဒါဘီပွဲကို ဗြိတိန်မှာ စောင့်ကြည့်သူပေါင်း ၅.၅ သန်းထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ZAWGYI
မနက္က ယွဥ္ျပိဳင္တဲ့ မာေဆးဆိုဒ္ဒါဘီမွာ လိုဗရန္ရဲ႕ လူစားဝင္လာျပီး ကစားတဲ့ ေျခစြမ္းအေပၚ ခံစစ္သမားဟာ စိတ္ခံစားခ်က္ ပါလြန္းျပီး ထိပ္တိုက္ စိန္ေခၚမႈတိုင္းကို အႏုိင္ရရမယ္လို႔ ေဇာၾကီးတာက မွားယြင္းေၾကာင္း ေထာက္ျပမႈတစ္ခုအား ကာေရဂါက ျပဳလုပ္သြားပါတယ္။
မန္ေနဂ်ာကေလာ့ပ္ဟာ လီဗာပူးသမိုင္းမွာ မာေဆးဆိုဒ္ဒါဘီပြဲေတြကို အၾကာဆံုး ရံွဴးပြဲမရွိစံခ်ိန္ ရရွိသြားတာပါ။ သူဟာ ဒါဘီပြဲေပါင္း ၁၁ ပြဲကို ကိုင္တြယ္ခဲ့ျပီး ၇ ပြဲ အႏုိင္ရကာ၊ ၄ ပြဲ သေရက်ျပီး ရံွဴးပြဲ မရွိခဲ့တာျဖစ္တယ္။ ဒါေၾကာင့္ ကေလာ့ပ္ဟာ ဂႏၱဝင္မန္ေနဂ်ာၾကီး ေဘာ့ ပီယာစေလရဲ႕ မာေဆးဆိုဒ္ ဒါဘီပြဲ ရံွဴးပြဲမရွိ စံခ်ိန္ကို ခ်ိဳးဖ်က္သြားခဲ့ျပီ ျဖစ္ပါတယ္။
လီဗာပူးကစားသမားေဟာင္းၾကီး ဂၽြန္ဘမ္းက “ မီနာမီႏိုက ကြင္းလယ္တိုက္စစ္သမားနဲ႔ နံပါတ္ ၁၀ ေနရာေတြမွာ ကစားသူျဖစ္ပါတယ္။ မီနာမီႏိုက ဆာလက္၊ မာေနးတို႔လို လွ်င္ျမန္မႈမ်ိဳး မရွိဘူး။ သူက ေဘာလံုးကို ေျခထဲ ထားကစားရတာ ပိုႏွစ္သက္တဲ့ သေဘာပဲ ” လို႔ သံုးသပ္သြားခဲ့တယ္။
လီဗာပူးနဲ႔ သတင္းထြက္ထားတဲ့ ဘာစီလိုနာ တိုက္စစ္သမား ဒမ္ဘီလီကို ေပါင္ ၅၈ သန္းနဲ႔ ကလပ္အသင္း တစ္ခုက ကမ္းလွမ္းထားေၾကာင္း သတင္းၾကီးေနပါတယ္။
မာေဆးဆိုဒ္ဒါဘီမွာ လီဗာပူးက အဲဗာတန္ကို ဂိုးမသြင္းႏုိင္ခဲ့ေပမယ့္ တိုက္စစ္ပိုင္းနဲ႔ ပက္သက္လို႔ အားရ ေက်နပ္စရာေတြေတာ့ ရွိခဲ့ျပီး ပြဲထြက္လူစာရင္းက ပါဝင္လာတဲ့ ကီတာရဲ႕ တိုက္စစ္ကို လိုက္ပါ ေမာင္းနင္မႈနဲ႔ ဖန္တီးမႈပိုင္းမွာ ပရိသတ္ေတြက အားရခဲ့ၾကပါတယ္။
မာေဆးဆိုဒ္ ဒါဘီပြဲမွာ ဂိုးမရွိ သေရရလဒ္ ထြက္ေပၚခဲ့တဲ့ေနာက္ မန္ေနဂ်ာ ကေလာ့ပ္က သေရတစ္မွတ္ရခဲ့တာက အသင္းရဲ႕ ဂိုးသမား အယ္လီဆန္ရဲ႕ လက္စြမ္းေၾကာင့္ပါလို႔ ထုတ္ေျပာသြားပါတယ္။
ပြဲေန႔ လူစာရင္းမွာေတာ့ ေရာ္ဘတ္ဆန္နဲ႔ ရွာကီြရီ မပါလာခဲ့ဘဲ ဆာလက္ အရန္မွာသာ ပါဝင္လာခဲ့ေပမယ့္ ၾကားရက္ပြဲျဖစ္တဲ့ ပဲေလစ့္ပြဲမွာေတာ့ ရိုဘိုနဲ႔ မိုတို႔ ျပန္ပါသြားမယ္လို႔ The Times က ေဖာ္ျပပါတယ္။
မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက လာမယ့္ရာသီ ပရီးမီးယားလိဂ္ကို စိန္ေခၚမယ့္ အသင္းေတြက မန္စီးတီးနဲ႔ လီဗာပူးအပါ ၇ သင္းထိ ရွိတယ္လို႔ ထုတ္ေျပာလုိက္ပါတယ္။
မာေဆးဆိုဒ္ဒါဘီဟာ စကိုင္းစေပါ့ ရုပ္သံရဲ႕ ပရီးမီးယားလိဂ္ပြဲ ထုတ္လႊင့္မႈ သမိုင္းတစ္ေလွ်ာက္ ၾကည့္ႏႈန္း အမ်ားဆံုး စံခ်ိန္ တင္သြားခဲ့ပါတယ္။ မာေဆးဆိုဒ္ဒါဘီပြဲကို ျဗိတိန္မွာ ေစာင့္ၾကည့္သူေပါင္း ၅.၅ သန္းထိ ရွိခဲ့တယ္လို႔ သိရပါတယ္။