လီဗာပူးဟာ လက်ကျန် ပရီးမီးယားလိဂ် ၈ ပွဲအတွင်း ရမှတ် ၅ မှတ်ဖြစ်ရင် ချန်ပီယံဖြစ်မှာဖြစ်ပြီး ကြားရက်မှာတော့ ပဲလေစ့်နဲ့ ထိပ်တိုက် တွေ့ပါမယ်။
ဘောလုံးပွဲ ပြန်စမှုအဖြစ် အဲဗာတန်နဲ့ပွဲမှာ ခြေစွမ်း မကောင်းခဲ့ပေမယ့် အသင်းသားတွေ ပွဲထိတွေ့ခွင့် ပြန်ရတာကို ဝမ်းသာရမှာပါ။ ခံစစ်တန်းနဲ့ ဂိုးသမား အယ်လီဆန်တို့ အကောင်းဆုံး လက်စွမ်းမှာ ရှိနေပြီး ဒီပွဲအတွက်ကတော့ တိုက်စစ်ရဲ့ စွမ်းဆောင်ရည်က အဓိက ကျလာပါလိမ့်မယ်။
ပွဲနဲ့ ပက်သက်ပြီး မိုက်ကယ် အိုဝင်ကတော့ ” လီဗာပူးက အဲဗာတန်ကို သရေကျပြီး ရမှတ် ခွဲယူထားတယ်။ ဒါက နောက်ဆုံး ကစားတဲ့ ၃၉ ပွဲမှာ ပထမဆုံးသော ဂိုးမရဘဲ သရေကျတဲ့ ပွဲတစ်ပွဲကို မြင်လိုက်ရတာပါပဲ။ လီဗာပူးက ချန်ပီယံဖြစ်ဖို့ ရမှတ် ၅ မှတ်ပဲ လိုပါတယ်။
လီဗာပူးက စွမ်းဆောင်ရည်မှာ ပုံမှန် အနေအထားကို မရောက်သေးပါဘူး။ ဒီရာသီမှာ သူတို့က ပြိုင်ဘက်တွေ အားလုံးထက် သာလွန်တဲ့ အနေအထားကို ရောက်အောင် တည်ဆောက်ထားနိုင်ပြီး ချန်ပီယံဖြစ်ဖို့ကလည်း အနှေးနဲ့ အမြန်ပဲ ကွာပါလိမ့်မယ်။ ဒါပေမယ့် ပဲလေစ့်ကလည်း ပုံစံကောင်းရနေပြီး သူတို့က လီဗာပူးကို ရမှတ်လွယ်လွယ်ပေးမယ့် အသင်းတော့ မဟုတ်ပါဘူး။
ပဲလေ့်က ပထမဆုံး ပြန်ကစားတဲ့ ဘုန်းမောက်နဲ့ပွဲကို ဂိုးပြတ်အနိုင်ယူထားတယ်။ သူတို့က ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည်တောင် ပြန်ရနေတယ်။ ဒါပေမယ့် ဒါကို လီဗာပူးဘက်က တုန့်လှုပ်နေမှာ မဟုတ်ပါဘူး။ အသင်းသားတွေကို ထောက်ပံ့ပေးနေတဲ့ ပရိသတ်တွေ မရှိပေမယ့် အန်ဖီးကွင်းမှာတော့ ယာဂင်ကလော့ပ်ရဲ့ အသင်းသားတွေဟာ ရမှတ် သုံးမှတ် အပြည့် ရယူသွားပါလိမ့်မယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပွဲရလဒ်ကိုတော့ မိုက်ကယ်အိုဝင်က လီဗာပူး နှစ်ဂိုးပြတ် အနိုင်ရမယ်လို့ ခန့်မှန်းသွားပါတယ်။
ZAWGYI
လီဗာပူးဟာ လက္က်န္ ပရီးမီးယားလိဂ္ ၈ ပြဲအတြင္း ရမွတ္ ၅ မွတ္ျဖစ္ရင္ ခ်န္ပီယံျဖစ္မွာျဖစ္ျပီး ၾကားရက္မွာေတာ့ ပဲေလစ့္နဲ႔ ထိပ္တိုက္ ေတြ႔ပါမယ္။
ေဘာလံုးပြဲ ျပန္စမႈအျဖစ္ အဲဗာတန္နဲ႔ပြဲမွာ ေျခစြမ္း မေကာင္းခဲ့ေပမယ့္ အသင္းသားေတြ ပြဲထိေတြ႔ခြင့္ ျပန္ရတာကို ဝမ္းသာရမွာပါ။ ခံစစ္တန္းနဲ႔ ဂိုးသမား အယ္လီဆန္တို႔ အေကာင္းဆံုး လက္စြမ္းမွာ ရွိေနျပီး ဒီပြဲအတြက္ကေတာ့ တိုက္စစ္ရဲ႕ စြမ္းေဆာင္ရည္က အဓိက က်လာပါလိမ့္မယ္။
ပြဲနဲ႔ ပက္သက္ျပီး မိုက္ကယ္ အိုဝင္ကေတာ့ ” လီဗာပူးက အဲဗာတန္ကို သေရက်ျပီး ရမွတ္ ခြဲယူထားတယ္။ ဒါက ေနာက္ဆံုး ကစားတဲ့ ၃၉ ပြဲမွာ ပထမဆံုးေသာ ဂိုးမရဘဲ သေရက်တ့ဲ ပြဲတစ္ပြဲကို ျမင္လိုက္ရတာပါပဲ။ လီဗာပူးက ခ်န္ပီယံျဖစ္ဖို႔ ရမွတ္ ၅ မွတ္ပဲ လိုပါတယ္။
လီဗာပူးက စြမ္းေဆာင္ရည္မွာ ပံုမွန္ အေနအထားကို မေရာက္ေသးပါဘူး။ ဒီရာသီမွာ သူတို႔က ျပိဳင္ဘက္ေတြ အားလံုးထက္ သာလြန္တဲ့ အေနအထားကို ေရာက္ေအာင္ တည္ေဆာက္ထားႏုိင္ျပီး ခ်န္ပီယံျဖစ္ဖို႔ကလည္း အေႏွးနဲ႔ အျမန္ပဲ ကြာပါလိမ့္မယ္။ ဒါေပမယ့္ ပဲေလစ့္ကလည္း ပံုစံေကာင္းရေနျပီး သူတို႔က လီဗာပူးကို ရမွတ္လြယ္လြယ္ေပးမယ့္ အသင္းေတာ့ မဟုတ္ပါဘူး။
ပဲေလ့္က ပထမဆံုး ျပန္ကစားတဲ့ ဘုန္းေမာက္နဲ႔ပြဲကို ဂိုးျပတ္အႏုိင္ယူထားတယ္။ သူတို႔က ပရီးမီးယားလိဂ္ သမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတာင္ ျပန္ရေနတယ္။ ဒါေပမယ့္ ဒါကို လီဗာပူးဘက္က တုန္႔လႈပ္ေနမွာ မဟုတ္ပါဘူး။ အသင္းသားေတြကို ေထာက္ပံ့ေပးေနတဲ့ ပရိသတ္ေတြ မရွိေပမယ့္ အန္ဖီးကြင္းမွာေတာ့ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းသားေတြဟာ ရမွတ္ သံုးမွတ္ အျပည့္ ရယူသြားပါလိမ့္မယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
ပြဲရလဒ္ကိုေတာ့ မိုက္ကယ္အိုဝင္က လီဗာပူး ႏွစ္ဂိုးျပတ္ အႏိုင္ရမယ္လို႔ ခန္႔မွန္းသြားပါတယ္။