ပရီးမီးယားလိဂ်ရဲ့ ဘောလုံးရာသီသစ်မှာ လူမုန်းအများဆုံးအသင်းက ဘာဖြစ်မလဲဆိုတာကို Mirror သတင်းစာက စစ်တမ်း ကောက်ယူခဲ့ပြီး ချယ်လ်ဆီးအသင်းက ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ လက်ထက်ကတည်းက လူမုန်းအများဆုံး ကလပ်အသင်းအဖြစ် ရပ်တည်ခဲ့တဲ့ ချယ်လ်ဆီးဟာ နှစ်တွေပြောင်းလဲလာတဲ့တိုင်အောင် လူမုန်းအများဆုံးစာရင်းရဲ့ ထိပ်ဆုံးမှာရှိနေဆဲပါ။

Mirror သတင်းစာက သူတို့ရဲ့ ၀က်ဆိုက်မှာ ပရိသတ်တွေကို ၀င်ရောက်မဲပေးစေခဲ့ပြီး သိန်းချီတဲ့ ပရိသတ်တွေက မဲပေးခဲ့ကြတာပါ။
မဲပေးပြီးသွားတဲ့နောက်မှာတော့ ရာသီသစ်အတွက် လူမုန်းအများဆုံး ပရီးမီးယားလိဂ်အသင်းအဖြစ် ချယ်လ်ဆီးအသင်းက (၆၈.၇) ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး မန်ယူအသင်းက (၆၈.၁) ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့တာပါ။

လူမုန်းအများဆုံး ထိပ်ဆုံး (၇)သင်း

  • (၁) ချယ်လ်ဆီး – (၆၈.၇%)
  • (၂) မန်ယူ – (၆၈.၁ %)
  • (၃) လီဗာပူးလ် – (၅၂.၈ %)
  • (၄) ၀က်စ်ဟမ်း – (၄၇.၆ %)
  • (၅) အာဆင်နယ် (၄၆.၂ %)
  • (၆) စပါး (၄၃.၅ %)
  • (၇) မန်စီးတီး (၃၈.၇ %)

ဘောလုံးပရိသတ်အများစုက မော်ရင်ဟိုရဲ့ မန်ယူအသင်းကို လူမုန်းအများဆုံး အသင်း ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့်လည်း မထင်မှတ်ပဲ ချယ်လ်ဆီးအသင်းက ထိပ်ဆုံးမှာ ရပ်တည်သွားခဲ့တာပါ။

ပရိသတ်တွေအချစ်ဆုံးအသင်း ဒါမှမဟုတ် လူမုန်းအနည်းဆုံးအသင်းအဖြစ် ရပ်တည်ခဲ့တာကတော့ ဟက်ဒါဖီး အသင်းပဲဖြစ်ပြီး သူတို့ကို မုန်းတီးတဲ့ ပရိသတ်ရာခိုင်နှုန်းဟာ (၉.၇%) ပဲရှိခဲ့ပါတယ်။

Myan Ball