လီဗာပူး ကြယ်ပွင့်ဟောင်း ဘော်ဘီ အက်ဒီကန်ယေးက လီဗာပူးကပေးတဲ့ စာချုပ်သစ်ကို ငြင်းဆန်ပြီး လာဇီယိုကို ပြောင်းရွှေ့ဖို့ ရွှေးချယ်ခဲ့ခြင်း အကြောင်းရင်းကို ထုတ်ပြောလိုက်ပါတယ်။
အက်ဒီကန်ယေးဟာ လီဗာပူး လူငယ်ကြယ်ပွင့်ဟောင်းဖြစ်ပြီး စတီဗင်ဂျရတ် ကိုင်တွယ်တဲ့ လူငယ်အသင်းမှာ တောက်ပတဲ့ အလားအလာတွေ ပြသခဲ့သူပါ။ ပရီးမီးယားလိဂ်-၂ နဲ့ လူငယ် ချန်ပီယံလိဂ်တွေမှာ ဂျရတ်ရဲ့ လက်စွဲတော် ကစားသမား ဖြစ်ခဲ့ပေမယ့် မနှစ်တုန်းက လီဗာပူးရဲ့ စာချုပ်ကို ငြင်းဆန်ပြီး လာဇီယိုကို ပြောင်းခဲ့သူဖြစ်ပါတယ်။
သူဟာ လာဇီယိုဟာ ပွဲကစားခွင့်တွေ အနည်းငယ် ရထားပြီး ပြိုင်ပွဲစုံ ၇ ပွဲ ကစားခွင့်ရထားသူဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးက လီဗာပူးဘက်က သုံးနှစ်စာချုပ် ပေးခဲ့သေးကြောင်း ထုတ်ပြောခဲ့တယ်။
အက်ဒီကန်ယေးက ပြောရာမှာ “ လီဗာပူးက သုံးနှစ်စာချုပ် ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ရဲ့ အနာဂတ်အတွက်တော့ ဘာအစီအစဉ်မှ ရှိပုံ မရပါဘူး။ လီဗာပူးက လက်မှတ်ပဲ ထိုးထားလိုက် ကြည့်လုပ်ပေးမယ်ဆိုတဲ့ သဘောပါပဲ။ အဲ့တာက ကျနော်နဲ့ ကျနော် မိသားစုအတွက် မကောင်းပါဘူး။
ပထမအသင်းမှာ နေရာရဖို့ ကျနော် အဆင်သင့်ဖြစ်နေပြီလို့ ထင်တယ်။ ဒါပေမယ့်လည်း သူတို့မှာက အရည်အချင်းရှိ ကစားသမားတွေ များပါတယ်။ လာဇီယိုက ရည်မှန်းချက်ကီးပါတယ်။ သူတို့က အသင်းလူစာရင်းထဲ ကျနော်ကို ပါဝင်စေလိုတဲ့ သဘောတွေ ပြခဲ့တယ်။ အနာဂတ်အတွက် သူတို့မှာ သိပ်ကောင်းတဲ့ အစီအစဉ်တွေ ရှိပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
လာဇီယိုမှာတော့ လီဗာပူးကစားသမားဟောင်းတွေဖြစ်တဲ့ လူးကပ် လေဗာနဲ့ လူးဝစ် အယ်ဘာတိုတို့လည်း ကစားနေကြတာ ဖြစ်ပါတယ်။
ZAWGYI