လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလားကို အောင်နိုင်ကြောင်း အတည်ပြုချက်တွေ ထွက်ပေါ်လာအပြီးမှာ လီဗာပူးဂန္တဝင်ကြီးက အသင်းကို ဂုဏ်ပြုစကား ပေးပို့ခဲ့ပါတယ်။

လက်ရှိ ရိန်းဂျားအသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်နေတဲ့ ဂျရတ်က အသင်းအတွက် ဂုဏ်ယူသလို ဒီဖလားအတွက် နှစ် ၃၀ လောက် စောင့်ခဲ့ရတဲ့ လီဗာပူးပရိသတ်တွေအတွက် ကျေနပ်ကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့တာဖြစ်တယ်။

စတီဗင်ဂျရတ်က ” ပရီးမီးယားလိဂ် ဖလားကို အောင်နိုင်ခဲ့တာအတွက် လီဗာပူးဘောလုံးအသင်းက အားလုံးကို ဂုဏ်ပြုပါတယ်။ မယုံနိုင်လောက်တဲ့ ထိပ်တန်း ကစားသမား အစုအဖွဲ့ရဲ့ အောင်မြင်မှုကြီးပဲ ဖြစ်ပါတယ်။

ကမ္ဘာထိပ်တန်း မန်နေဂျာနဲ့ နည်းပြအဖွဲ့က ဦးဆောင်မှုတွေ ပေးနေပြီး FSG လို့ အသင်းပိုင်ရှင်ကောင်းတွေက ထောက်ခံမှုပေးနေတဲ့ အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။ နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့ လီဗာပူးပရိသတ်တွေဟာ ဒီဖလားကို နှစ်ပေါင်း ၃၀ ကြာ စောင့်နေခဲ့ရတာဖြစ်ပါတယ်။ ပါတီပွဲတွေ စလုပ်လိုက်ကြရအောင်လား ” လို့ အင်စတာဂရမ်ကနေ ဂုဏ်ယူစကား ပေးပို့ခဲ့တာဖြစ်ပါတယ်။

စတီဗင်ဟာ ကံမကောင်းစွာဘဲ လီဗာပူးအသင်းသားအဖြစ် ပရီးမီးယားလိဂ် ချန်ပီယံကို အေင်မြင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီအောင်မြင်မှုဟာ စတီဗင်ဂျရတ်နဲ့ ကင်းကင်နီတို့လို လီဗာပူးအတွက် ပေးဆပ်ခဲ့သူတွေအတွက် သိပ်ကို ကြီးမားတဲ့ ဂုဏ်ယူစရာဖြစ်မယ်ဆိုတာကို မန်နေဂျာ ကလော့ပ်ကလည်း နားလည်ပါတယ်။

ဖလားအောင်မြင်မှုအတွက် ပျော်ရွှင်ကြောင်း စကားမှာတော့ ယာဂင်ကလော့ပ်က ” ကင်းကင်နီအတွက်၊ စတီဗင်အတွက်နဲ့ အားလုံးသော လီဗာပူးပရိသတ်တွေအတွက် ရည်ရွယ်ပါတယ် ” လို့ ထည့်ပြောခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း ပရီးမီးယားလိဂ္ဖလားကို ေအာင္ႏုိင္ေၾကာင္း အတည္ျပဳခ်က္ေတြ ထြက္ေပၚလာအျပီးမွာ လီဗာပူးဂႏၱဝင္ၾကီးက အသင္းကို ဂုဏ္ျပဳစကား ေပးပို႔ခဲ့ပါတယ္။

လက္ရွိ ရိန္းဂ်ားအသင္းကို မန္ေနဂ်ာအျဖစ္ ကိုင္တြယ္ေနတဲ့ ဂ်ရတ္က အသင္းအတြက္ ဂုဏ္ယူသလို ဒီဖလားအတြက္ ႏွစ္ ၃၀ ေလာက္ ေစာင့္ခဲ့ရတဲ့ လီဗာပူးပရိသတ္ေတြအတြက္ ေက်နပ္ေၾကာင္းလည္း ထည့္သြင္း ေျပာဆိုခဲ့တာျဖစ္တယ္။

စတီဗင္ဂ်ရတ္က ” ပရီးမီးယားလိဂ္ ဖလားကို ေအာင္ႏုိင္ခဲ့တာအတြက္ လီဗာပူးေဘာလံုးအသင္းက အားလံုးကို ဂုဏ္ျပဳပါတယ္။ မယံုႏုိင္ေလာက္တဲ့ ထိပ္တန္း ကစားသမား အစုအဖြဲ႔ရဲ႕ ေအာင္ျမင္မႈၾကီးပဲ ျဖစ္ပါတယ္။

ကမၻာထိပ္တန္း မန္ေနဂ်ာနဲ႔ နည္းျပအဖြဲ႔က ဦးေဆာင္မႈေတြ ေပးေနျပီး FSG လို႔ အသင္းပိုင္ရွင္ေကာင္းေတြက ေထာက္ခံမႈေပးေနတဲ့ အသင္းေကာင္းတစ္သင္း ျဖစ္ပါတယ္။ ေနာက္ဆံုးနဲ႔ အေရးၾကီးဆံုးကေတာ့ လီဗာပူးပရိသတ္ေတြဟာ ဒီဖလားကို ႏွစ္ေပါင္း ၃၀ ၾကာ ေစာင့္ေနခဲ့ရတာျဖစ္ပါတယ္။ ပါတီပြဲေတြ စလုပ္လိုက္ၾကရေအာင္လား ” လို႔ အင္စတာဂရမ္ကေန ဂုဏ္ယူစကား ေပးပို႔ခဲ့တာျဖစ္ပါတယ္။

စတီဗင္ဟာ ကံမေကာင္းစြာဘဲ လီဗာပူးအသင္းသားအျဖစ္ ပရီးမီးယားလိဂ္ ခ်န္ပီယံကို ေအင္ျမင္ခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ ဒီေအာင္ျမင္မႈဟာ စတီဗင္ဂ်ရတ္နဲ႔ ကင္းကင္နီတို႔လို လီဗာပူးအတြက္ ေပးဆပ္ခဲ့သူေတြအတြက္ သိပ္ကို ၾကီးမားတဲ့ ဂုဏ္ယူစရာျဖစ္မယ္ဆိုတာကို မန္ေနဂ်ာ ကေလာ့ပ္ကလည္း နားလည္ပါတယ္။

ဖလားေအာင္ျမင္မႈအတြက္ ေပ်ာ္ရႊင္ေၾကာင္း စကားမွာေတာ့ ယာဂင္ကေလာ့ပ္က ” ကင္းကင္နီအတြက္၊ စတီဗင္အတြက္နဲ႔ အားလံုးေသာ လီဗာပူးပရိသတ္ေတြအတြက္ ရည္ရြယ္ပါတယ္ ” လို႔ ထည့္ေျပာခဲ့တာ ျဖစ္ပါတယ္။