မန်နေဂျာယာဂင်ကလောပ့်က ဒီနွေမှာ လီဗာပူးက ဆန်ချိုကို ခေါ်ယူခဲ့မယ်ဆိုရင် အရမ်းကို အံ့အားသင့်မိပါလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်တောင်ပံသမားက ဒေါ့မွန်မှာ အနာဂတ် မသေချာဖြစ်နေပြီး ဒေါ့မွန်မန်နေဂျာကတော့ တိုက်စစ်သမားက ဒီနွေမှာ ထွက်သွားနိုင်တယ်လို့ ထုတ်ပြောထားတယ်။ သန်း ၁၀၀ တန်ကြေးရှိတဲ့ တိုက်စစ်သမားဟာ ဒေါ့မွန်နဲ့ စာချပ် နှစ်နှစ်ပဲ ကျန်ရှိတော့တာဖြစ်ပြီး သူ့ကို ခေါ်ယူရေးကို အင်္ဂလန်အသင်း အများအပြားက သတင်းထွက်ထားပါတယ်။

ဆန်ချိုကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် လီဗာပူးလည်း ပါဝင်နေပြီး မန်နေဂျာကလော့ပ်ကလည်း ကစားသမားကောင်းဖြစ်တဲ့ ဆန်ချိုကို စိတ်ဝင်စားမိတယ်လို့ ဝန်ခံတယ်။ ဒါပေမယ့်လို့ အပြောင်းအရွှေ့ကတော့ ဖြစ်လာဖွယ် မရှိပါဘူးလို့ သူ့အမြင်ကို ပြောဆိုလိုက်ပါတယ်။

ဂျာမနီသတင်းစာ Bild နဲ့ အင်တာဗျူးမှာတော့ ကလော့ပ်က ” အနီရောင်ဂျာစီက ဆန်ချိုနဲ့ အတော်လေး သင့်လျော်ပါလိမ့်မယ်။ ဒီနွေမှာတော့ သူ့ကို ခေါ်ယူဖို့လို အပြောင်းအရွှေ့ ကိစ္စကို လုပ်နိုင်မယ်လို့ မထင်ပါဘူး။

ဆန်ချိုက အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ကစားသမားပါ။ လီဗာပူးကို သူပြောင်းလာမယ်ဆိုရင် အသင်းက လူတွေထဲမှာ ကျနော်က အံ့အားအသင့်ရဆုံး ဖြစ်နေပါလိမ့်မယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်ကတော့ ဆန်ချိုအနေနဲ့ နွေမှာ အသင်းပြောင်းမယ်ဆိုရင် စိန်ခေါ်မှုတွေ ရင်ဆိုင်ရမှာဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရ အသင်းတစ်သင်းထံ ပြောင်းရင်တောင် ဒီအခြေအနေက မပြောင်းလဲနိုင်ဘူးလို့ သတိပေးထားပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာပ့္က ဒီေႏြမွာ လီဗာပူးက ဆန္ခ်ိဳကို ေခၚယူခဲ့မယ္ဆိုရင္ အရမ္းကို အံ့အားသင့္မိပါလိမ့္မယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

အဂၤလန္ေတာင္ပံသမားက ေဒါ့မြန္မွာ အနာဂတ္ မေသခ်ာျဖစ္ေနျပီး ေဒါ့မြန္မန္ေနဂ်ာကေတာ့ တိုက္စစ္သမားက ဒီေႏြမွာ ထြက္သြားႏုိင္တယ္လို႔ ထုတ္ေျပာထားတယ္။ သန္း ၁၀၀ တန္ေၾကးရွိတဲ့ တိုက္စစ္သမားဟာ ေဒါ့မြန္နဲ႔ စာခ်ပ္ ႏွစ္ႏွစ္ပဲ က်န္ရွိေတာ့တာျဖစ္ျပီး သူ႔ကို ေခၚယူေရးကို အဂၤလန္အသင္း အမ်ားအျပားက သတင္းထြက္ထားပါတယ္။

ဆန္ခ်ိဳကို စိတ္ဝင္စားေနတဲ့ အသင္းေတြထဲက တစ္သင္းအျဖစ္ လီဗာပူးလည္း ပါဝင္ေနျပီး မန္ေနဂ်ာကေလာ့ပ္ကလည္း ကစားသမားေကာင္းျဖစ္တဲ့ ဆန္ခ်ိဳကို စိတ္ဝင္စားမိတယ္လို႔ ဝန္ခံတယ္။ ဒါေပမယ့္လို႔ အေျပာင္းအေရႊ႔ကေတာ့ ျဖစ္လာဖြယ္ မရွိပါဘူးလို႔ သူ႔အျမင္ကို ေျပာဆိုလိုက္ပါတယ္။

ဂ်ာမနီသတင္းစာ Bild နဲ႔ အင္တာဗ်ဴးမွာေတာ့ ကေလာ့ပ္က ” အနီေရာင္ဂ်ာစီက ဆန္ခ်ိဳနဲ႔ အေတာ္ေလး သင့္ေလ်ာ္ပါလိမ့္မယ္။ ဒီေႏြမွာေတာ့ သူ႔ကို ေခၚယူဖို႔လို အေျပာင္းအေရႊ႔ ကိစၥကို လုပ္ႏုိင္မယ္လို႔ မထင္ပါဘူး။

ဆန္ခ်ိဳက အေတာ္ေလးကို စိတ္ဝင္စားဖို႔ ေကာင္းတဲ့ ကစားသမားပါ။ လီဗာပူးကို သူေျပာင္းလာမယ္ဆိုရင္ အသင္းက လူေတြထဲမွာ က်ေနာ္က အံ့အားအသင့္ရဆံုး ျဖစ္ေနပါလိမ့္မယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။

အဂၤလန္မန္ေနဂ်ာ ေဆာက္ဂိတ္ကေတာ့ ဆန္ခ်ိဳအေနနဲ႔ ေႏြမွာ အသင္းေျပာင္းမယ္ဆိုရင္ စိန္ေခၚမႈေတြ ရင္ဆိုင္ရမွာျဖစ္ျပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ရ အသင္းတစ္သင္းထံ ေျပာင္းရင္ေတာင္ ဒီအေျခအေနက မေျပာင္းလဲႏုိင္ဘူးလို႔ သတိေပးထားပါတယ္။