ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်က အသင်းဟောင်း လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရတာအတွက် ပျော်ရွှင်မိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

၂၀၁၃-၂၀၁၄ ခုနှစ်မှာ လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ အရေးပါတဲ့ အသင်းသားတစ်ဦး ဖြစ်ခဲ့တဲ့ ဆွာရက်စ်ဟာ လီဗာပူးအပေါ် သံဃောဇဉ်ကြီးသူတစ်ဦး ဖြစ်ပါတယ်။

လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေ တစ်ဆင့်ပဲ ဆွာရက်စ်က ” ကျနော်အတွက်တော့ လီဗာပူးပရိသတ်တွေ၊ ကစားသမားတွေ၊ လီဗာပူးအတွက် အလုပ်လုပ်သူတွေအတွက် ကြီးကျယ်တဲ့ ကိစ္စကြီးလို့ ထင်ပါတယ်။ များစွာသော ပုဂ္ဂိုလ်တွေဟာ ဒီနှစ်ပေါင်း ၃၀ အတွင်းမှာ အလုပ်တွေ အများကြီး လုပ်ခဲ့ရပြီး ပရီးမီးယားလိဂ်ဖလား အနိုင်ရတာက လီဗာပူးကို ဘယ်လို ခံစားရစေမလဲဆိုတာ ကျနော် သိပပါတယ်။

ဒီအခြေအနေမှာ သူတို့ အရမ်းပျော်ဖို့ အခွင့်အရေး ရလာခဲ့ပြီ။ ပရိသတ်တွေ ပျော်နေမှာပါ။ ဂျော်ဒန် ဆုဖလား ကိုင်မြောက်မယ့် အချိန်ကို သူတို့တွေ စိတ်လှုပ်ရှားနေကြပါလိမ့်မယ်။ အဲ့သည် အချိန်ကို လိုအပ်ပါတယ်။ လီဗာပူး အားပေးသူတွေအတွက်၊ ကလပ်အတွက်၊ ပရိသတ်တွေအတွက် ပရီးမီးယားလိဂ်ဖလား အနိုင်ရတာကို ကျနော် အရမ်းပျော်ပါတယ်။ ” လို့ ပြောခဲ့တယ်။

လက်ရှိ လီဗာပူးအသင်းသားတွေထဲမှာ ဆွာရက်စ်နဲ့ တွဲကစားခဲ့ဖူးသူက အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန် တစ်ဦးပဲ ကျန်တော့တာဖြစ်တယ်။ ဆွာရက်စ်က ဂျော်ဒန်အတွက် ဝမ်းမြောက်စကားအပြင် လီဗာပူးအပေါ် သူ့လုပ်ခဲ့တဲ့ အောင်ပွဲခံမှုအတွက် ဝမ်းနည်းမိကြောင်းလည်း တောင်းပန်ခဲ့ပါတယ်။

“လလလ ဂျော်ဒန်နဲ့ လီဗာပူးကစားသမားတွေအပြင် သူတို့ရဲ့ မိသားစုတွေ ကျနော် အရမ်းပျော်ပါတယ်။ ဒီအခြေအနေမှာ မင်းတို့အားလုံး ချန်ပီယံတွေဖြစ်ပါတယ်။ နူးကမ့်မှာ ယှဉ်ပြိုင်ကစားတဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးအတွက် ကျနော် အောင်ပွဲခံခဲ့တာကြောင့် အချို့သော ပရိသတ်တွေ စိတ်ဆိုးနေကြမယ်ဆိုတာ သိပါတယ်။ အဲ့အတွက် ကျနော် ဝမ်းနည်းမိပါတယ်ဗျာ ” လို့ ဆွာရက်စ်က အသင်းဝဘ်ဆိုဒ်ကနေ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဘာစီလိုနာ တိုက္စစ္မွဴး ဆြာရက္စ္က အသင္းေဟာင္း လီဗာပူးအသင္း ပရီးမီးယားလိဂ္ဖလား အႏုိင္ရတာအတြက္ ေပ်ာ္ရႊင္မိတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

၂၀၁၃-၂၀၁၄ ခုႏွစ္မွာ လီဗာပူးအသင္း ပရီးမီးယားလိဂ္ဖလား စိန္ေခၚမႈမွာ အေရးပါတဲ့ အသင္းသားတစ္ဦး ျဖစ္ခဲ့တဲ့ ဆြာရက္စ္ဟာ လီဗာပူးအေပၚ သံေဃာဇဥ္ၾကီးသူတစ္ဦး ျဖစ္ပါတယ္။

လီဗာပူးအသင္း ဝဘ္ဆိုဒ္ကေန တစ္ဆင့္ပဲ ဆြာရက္စ္က ” က်ေနာ္အတြက္ေတာ့ လီဗာပူးပရိသတ္ေတြ၊ ကစားသမားေတြ၊ လီဗာပူးအတြက္ အလုပ္လုပ္သူေတြအတြက္ ၾကီးက်ယ္တဲ့ ကိစၥၾကီးလို႔ ထင္ပါတယ္။ မ်ားစြာေသာ ပုဂၢိဳလ္ေတြဟာ ဒီႏွစ္ေပါင္း ၃၀ အတြင္းမွာ အလုပ္ေတြ အမ်ားၾကီး လုပ္ခဲ့ရျပီး ပရီးမီးယားလိဂ္ဖလား အႏုိင္ရတာက လီဗာပူးကို ဘယ္လို ခံစားရေစမလဲဆိုတာ က်ေနာ္ သိပပါတယ္။

ဒီအေျခအေနမွာ သူတို႔ အရမ္းေပ်ာ္ဖို႔ အခြင့္အေရး ရလာခဲ့ျပီ။ ပရိသတ္ေတြ ေပ်ာ္ေနမွာပါ။ ေဂ်ာ္ဒန္ ဆုဖလား ကိုင္ေျမာက္မယ့္ အခ်ိန္ကို သူတို႔ေတြ စိတ္လႈပ္ရွားေနၾကပါလိမ့္မယ္။ အဲ့သည္ အခ်ိန္ကို လိုအပ္ပါတယ္။ လီဗာပူး အားေပးသူေတြအတြက္၊ ကလပ္အတြက္၊ ပရိသတ္ေတြအတြက္ ပရီးမီးယားလိဂ္ဖလား အႏုိုင္ရတာကို က်ေနာ္ အရမ္းေပ်ာ္ပါတယ္။ ” လို႔ ေျပာခဲ့တယ္။

လက္ရွိ လီဗာပူးအသင္းသားေတြထဲမွာ ဆြာရက္စ္နဲ႔ တြဲကစားခဲ့ဖူးသူက အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ တစ္ဦးပဲ က်န္ေတာ့တာျဖစ္တယ္။ ဆြာရက္စ္က ေဂ်ာ္ဒန္အတြက္ ဝမ္းေျမာက္စကားအျပင္ လီဗာပူးအေပၚ သူ႔လုပ္ခဲ့တဲ့ ေအာင္ပြဲခံမႈအတြက္ ဝမ္းနည္းမိေၾကာင္းလည္း ေတာင္းပန္ခဲ့ပါတယ္။

“လလလ ေဂ်ာ္ဒန္နဲ႔ လီဗာပူးကစားသမားေတြအျပင္ သူတို႔ရဲ႕ မိသားစုေတြ က်ေနာ္ အရမ္းေပ်ာ္ပါတယ္။ ဒီအေျခအေနမွာ မင္းတို႔အားလံုး ခ်န္ပီယံေတြျဖစ္ပါတယ္။ ႏူးကမ့္မွာ ယွဥ္ျပိဳင္ကစားတဲ့ ပြဲမွာ သြင္းယူခဲ့တဲ့ သြင္းဂိုးအတြက္ က်ေနာ္ ေအာင္ပြဲခံခဲ့တာေၾကာင့္ အခ်ိဳ႔ေသာ ပရိသတ္ေတြ စိတ္ဆိုးေနၾကမယ္ဆိုတာ သိပါတယ္။ အဲ့အတြက္ က်ေနာ္ ဝမ္းနည္းမိပါတယ္ဗ်ာ ” လို႔ ဆြာရက္စ္က အသင္းဝဘ္ဆိုဒ္ကေန ဆိုသြားခဲ့တာ ျဖစ္ပါတယ္။