လီဗာပူးအသင်းကနေ ဆွာရက်စ် ထွက်သွားတဲ့နောက် အပြောင်းအလဲတွေ များစွာ ဖြစ်ခဲ့ပြီး လက်ရှိ လီဗာပူးမှာ သူ့ရဲ့ တွဲ ကစားခဲ့တဲ့ အသင်းဖော်ဟောင်း ဆိုလို့ ဟန်ဒါဆန် တစ်ဦးပဲ ကျန်ရှိပါတော့တယ်။

ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ် ဆွာရက်စ်ကတော့ သူ့ရဲ့ လီဗာပူး အသင်းဖော်ဟောင်း ဟန်ဒါဆန် တစ်ယောက် ချန်ပီယံလိနဲ့ ပရီးမီးယားလိဂ်လို အထင်ကရ ဆုဖလားတွေ ဆက်တိုက် အောင်မြင်နေမှုအပေါ် ဝမ်းသာ ပီတိဖြစ်နေခဲ့တယ်။ ဟန်ဒါဆန်က အရမ်းကို ခက်ခဲတဲ့ ကာလတွေ လီဗာပူးမှာ ရှိခဲ့တယ်လို့ ဆွာရက်စ်က ပြောပြပါတယ်။

လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေပဲ ဆွာရက်စ်က ” လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလား အောင်မြင်တော့ ဟန်ဒါဆန်အတွက် ကျနော် ပျော်မိတယ်။ ဘာလို့လဲဆိုတော့ လူအချို့က ဟန်ဒါဆန်ရဲ့ ဖခင်မှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိခဲ့တယ်ဆိုတာ သိကြပါလိမ့်မယ်။ ဟန်ဒါဆန်က လီဗာပူးအသင်းနဲ့အတူ ဆိုးရွားတဲ့ ကာလတွေကော သိပ်ကောင်းတဲ့ ကာလတွေကိုပါ ပိုင်ဆိုင်ခဲ့သူဖြစ်တယ်။

ချန်ပီယံလိဂ်ဖလား ကိုင်မြောက်ခွင့်ရတာက သူ့အတွက်တော့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တာပါ။ သူက လီဗာပူးနဲ့လည်း ပရီးမီးယားလိဂ်ဖလား ကိုင်မြောက်နိုင်တော့မှာပါ။ ဟန်ဒါဆန်က လူကောင်းတစ်ဦးဖြစ်ပြီး ဒီရာသီ ကျနေ်ာတို့ စကားပြောဖြစ်ကြတိုင်း မင်း ပရီးမီးယားလိဂ်ဖလား ရနိုင်တယ်လို့ ကျနော် ပြောရင် သူက စိတ်လှုပ်ရှားနေတတ်ပါတယ်။

လီဗာပူးပွဲတွေကိုကြည့်ပြီး ဟန်ဒါဆန်ရဲ့ ကွင်းလယ်က ဦးဆောင်ပေးမှုတွေကို မြင်ခဲ့ရတယ်။ သူ့ရဲ့ လုံ့ဆော်မှုနဲ့ တတွတ်တွတ် ပြောဆိုမှုတွေက အသင်းဖော်တွေအတွက် အရေးပါခဲ့တယ်။ သူ့လို ခေါင်းဆောင်ကောင်းပါရင် လီဗာပူးအသင်းသားတွေက ယုံကြည်မှု ပိုရှိကြတယ်။ ကျနော်အတွက်ကတော့ လီဗာပူးသမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းခေါင်းဆောင်တွေထဲ ဟန်ဒါဆန်ကိုပါ ထည့်သွင်းသွားမှာပါ” လို့ ချီးကျူသွားခဲ့ပါတယ်။

ဟန်ဒါဆန်နဲ့ ဆွာရက်စ်တို့ဟာ လီဗာပူးမှာ အတူတွဲဘက်ကြစဉ် နှစ်ဦးကြား ပြဿနာတွေ တတ်ခဲ့ကြသေးသလို နောက်ပိုင်း အတော်လည်း ခင်မင်တဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ကြတာပါ။ နှစ်ဦးလုံးဟာ လီဗာပူးအသင်းသားတွေဘဝမှာ များစွာသော ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ကြသူတွေဖြစ်ပြီး ဆွာရက်စ်က အခုချိန်ထိ စတီဗင်ဂျရတ်၊ ဟန်ဒါဆန်တို့နဲ့ အဆက်အသွယ် ရှိနေဆဲဖြစ်ပါတယ်။

Zawgyi

လီဗာပူးအသင္းကေန ဆြာရက္စ္ ထြက္သြားတဲ့ေနာက္ အေျပာင္းအလဲေတြ မ်ားစြာ ျဖစ္ခဲ့ျပီး လက္ရွိ လီဗာပူးမွာ သူ႔ရဲ႕ တြဲ ကစားခဲ့တဲ့ အသင္းေဖာ္ေဟာင္း ဆိုလို႔ ဟန္ဒါဆန္ တစ္ဦးပဲ က်န္ရွိပါေတာ့တယ္။

ဘာစီလိုနာ တိုက္စစ္မွဴး လူး၀စ္ ဆြာရက္စ္ကေတာ့ သူ႔ရဲ႕ လီဗာပူး အသင္းေဖာ္ေဟာင္း ဟန္ဒါဆန္ တစ္ေယာက္ ခ်န္ပီယံလိနဲ႔ ပရီးမီးယားလိဂ္လို အထင္ကရ ဆုဖလားေတြ ဆက္တုိက္ ေအာင္ျမင္ေနမႈအေပၚ ဝမ္းသာ ပီတိျဖစ္ေနခဲ့တယ္။ ဟန္ဒါဆန္က အရမ္းကို ခက္ခဲတဲ့ ကာလေတြ လီဗာပူးမွာ ရွိခဲ့တယ္လို႔ ဆြာရက္စ္က ေျပာျပပါတယ္။

လီဗာပူးအသင္း ဝဘ္ဆိုဒ္ကေနပဲ ဆြာရက္စ္က ” လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္ေတာ့ ဟန္ဒါဆန္အတြက္ က်ေနာ္ ေပ်ာ္မိတယ္။ ဘာလို႔လဲဆိုေတာ့ လူအခ်ိဳ႔က ဟန္ဒါဆန္ရဲ႕ ဖခင္မွာ က်န္းမာေရးဆုိင္ရာ ျပႆနာေတြ ရွိခဲ့တယ္ဆိုတာ သိၾကပါလိမ့့္မယ္။ ဟန္ဒါဆန္က လီဗာပူးအသင္းနဲ႔အတူ ဆိုးရြားတဲ့ ကာလေတြေကာ သိပ္ေကာင္းတဲ့ ကာလေတြကိုပါ ပိုင္ဆိုင္ခဲ့သူျဖစ္တယ္။

ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမာက္ခြင့္ရတာက သူ႔အတြက္ေတာ့ အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာခဲ့တာပါ။ သူက လီဗာပူးနဲ႔လည္း ပရီးမီးယားလိဂ္ဖလား ကိုင္ေျမာက္ႏုိင္ေတာ့မွာပါ။ ဟန္ဒါဆန္က လူေကာင္းတစ္ဦးျဖစ္ျပီး ဒီရာသီ က်ေန္ာတို႔ စကားေျပာျဖစ္ၾကတိုင္း မင္း ပရီးမီးယားလိဂ္ဖလား ရႏုိင္တယ္လို႔ က်ေနာ္ ေျပာရင္ သူက စိတ္လႈပ္ရွားေနတတ္ပါတယ္။

လီဗာပူးပြဲေတြကိုၾကည့္ျပီး ဟန္ဒါဆန္ရဲ႕ ကြင္းလယ္က ဦးေဆာင္ေပးမႈေတြကို ျမင္ခဲ့ရတယ္။ သူ႔ရဲ႕ လံု႔ေဆာ္မႈနဲ႔ တတြတ္တြတ္ ေျပာဆိုမႈေတြက အသင္းေဖာ္ေတြအတြက္ အေရးပါခဲ့တယ္။ သူ႔လို ေခါင္းေဆာင္ေကာင္းပါရင္ လီဗာပူးအသင္းသားေတြက ယံုၾကည္မႈ ပိုရွိၾကတယ္။ က်ေနာ္အတြက္ကေတာ့ လီဗာပူးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုး အသင္းေခါင္းေဆာင္ေတြထဲ ဟန္ဒါဆန္ကိုပါ ထည့္သြင္းသြားမွာပါ” လို႔ ခ်ီးက်ဴသြားခဲ့ပါတယ္။

ဟန္ဒါဆန္နဲ႔ ဆြာရက္စ္တို႔ဟာ လီဗာပူးမွာ အတူတြဲဘက္ၾကစဥ္ ႏွစ္ဦးၾကား ျပႆနာေတြ တတ္ခဲ့ၾကေသးသလို ေနာက္ပိုင္း အေတာ္လည္း ခင္မင္တဲ့ အသင္းေဖာ္ေတြ ျဖစ္ခဲ့ၾကတာပါ။ ႏွစ္ဦးလံုးဟာ လီဗာပူးအသင္းသားေတြဘဝမွာ မ်ားစြာေသာ ေဝဖန္မႈေတြကို ရင္ဆိုင္ခဲ့ၾကသူေတြျဖစ္ျပီး ဆြာရက္စ္က အခုခ်ိန္ထိ စတီဗင္ဂ်ရတ္၊ ဟန္ဒါဆန္တို႔နဲ႔ အဆက္အသြယ္ ရွိေနဆဲျဖစ္ပါတယ္။