ဘိုင်ယန်မြူးနစ် မန်နေဂျာ ဖလစ်က ကွင်းလယ်လူ သီယေဂို အယ်ကန်တာရာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးကို ပြောင်းမယ်လို့ သတင်းကြီးနေမှုအပေါ် မှတ်ချက်ပေးမှု ပြုလုပ်သွားပါတယ်။

စပိန်လက်ရွေးစင်ဟာ ဒီနွေမှာတော့ ဂျာမနီကနေ ထွက်ခွာပြီး စိန်ခေါ်မှုသစ်တွေ ရှာဖွေမယ်လို့ သတင်းကြီးနေတာပါ။ သူက ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လိုနေပြီး လီဗာပူးထံ ပြောင်းလိမ့်မယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဖီလစ်ကတော့ အဆိုပါ သတင်းတွေကို ငြင်းဆန်ပြီး ဘိုင်ယန်က စာချုပ်သစ်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘာစီလိုနာ ကွင်းလယ်လူဟောင်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ အနာဂတ်မှာ အရေးပါဆဲ ကစားအဖြစ် ဆက်ရှိနေဦးမှာပါလို့ သူက ဆက်ပြောပါတယ်။ အယ်ကန်တာရာဟာ ၂၀၂၁ ခုနှစ်ထိပဲ ဘိုင်ယန်နဲ့ စာချုပ်ရှိတာဖြစ်ပြီး ဒီနွေမှာ ရောင်းထုတ်ခြင်း မလုပ်ခဲ့ရင် လာမယ့် ရာသီမှာ အလွတ်နဲ့ အသင်းပြောင်းခွင့်ရမှာ ဖြစ်ပါတယ်။

ဖီလစ်က “ သီယေဂိုက ကျနေ်ာတို့ကို စွန့်ခွာသွားမယ်လို့ မထင်ပါဘူး။ သီယေဂိုက ရည်မှန်းချက်ကြီးတဲ့ ကစားသမားဖြစ်ပြီး ဘိုင်ယန်အတွက် အများကြီး ပေးဆပ်သူတစ်ဦးဖြစ်တယ်။ သူက ဘိုင်ယန်မြူးနစ်ကို စွန့်ခွာသွားမယ်လို့ ကျနော်တော့ မထင်ပါဘူး ” လို့ အင်္ဂလန်သတင်းဌာနက ဆက်သွယ် မေးမြန်းမှုကို ဖြေဆိုပေးခဲ့တာဖြစ်တယ်။

ဖီလစ်ကပဲ ဘိုင်ယန်တာဝန်ရှိသူတွေက ကစားသမားရဲ့ ကိုယ်စားလှယ်နဲ့ စာချုပ်သစ်ကိစ္စ ဆက်သွယ် စကားပြောနေကြောင်း အတည်ပြုခဲ့တယ်။ စာချုပ်ကိစ္စ အဆင်ပြေလားဆိုတဲ့ အပေါ်မှာတော့ အဖြေပေးခဲ့ခြင်း မရှိပါဘူး။

ZAWGYI

ဘိုင္ယန္ျမဴးနစ္ မန္ေနဂ်ာ ဖလစ္က ကြင္းလယ္လူ သီေယဂို အယ္ကန္တာရာ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးကို ေျပာင္းမယ္လို႔ သတင္းၾကီးေနမႈအေပၚ မွတ္ခ်က္ေပးမႈ ျပဳလုပ္သြားပါတယ္။

စပိန္လက္ေရြးစင္ဟာ ဒီေႏြမွာေတာ့ ဂ်ာမနီကေန ထြက္ခြာျပီး စိန္ေခၚမႈသစ္ေတြ ရွာေဖြမယ္လို႔ သတင္းၾကီးေနတာပါ။ သူက ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႔လိုေနျပီး လီဗာပူးထံ ေျပာင္းလိမ့္မယ္လို႔ သတင္းေတြ ထြက္ေနေပမယ့္ ဖီလစ္ကေတာ့ အဆိုပါ သတင္းေတြကို ျငင္းဆန္ျပီး ဘိုင္ယန္က စာခ်ဳပ္သစ္ေပးႏုိင္ဖို႔ ၾကိဳးစားေနတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဘာစီလိုနာ ကြင္းလယ္လူေဟာင္းဟာ ဘိုင္ယန္ျမဴးနစ္ရဲ႕ အနာဂတ္မွာ အေရးပါဆဲ ကစားအျဖစ္ ဆက္ရွိေနဦးမွာပါလို႔ သူက ဆက္ေျပာပါတယ္။ အယ္ကန္တာရာဟာ ၂၀၂၁ ခုႏွစ္ထိပဲ ဘိုင္ယန္နဲ႔ စာခ်ဳပ္ရွိတာျဖစ္ျပီး ဒီေႏြမွာ ေရာင္းထုတ္ျခင္း မလုပ္ခဲ့ရင္ လာမယ့္ ရာသီမွာ အလြတ္နဲ႔ အသင္းေျပာင္းခြင့္ရမွာ ျဖစ္ပါတယ္။

ဖီလစ္က “ သီေယဂိုက က်ေန္ာတို႔ကို စြန္႔ခြာသြားမယ္လို႔ မထင္ပါဘူး။ သီေယဂိုက ရည္မွန္းခ်က္ၾကီးတဲ့ ကစားသမားျဖစ္ျပီး ဘိုင္ယန္အတြက္ အမ်ားၾကီး ေပးဆပ္သူတစ္ဦးျဖစ္တယ္။ သူက ဘိုင္ယန္ျမဴးနစ္ကို စြန္႔ခြာသြားမယ္လို႔ က်ေနာ္ေတာ့ မထင္ပါဘူး ” လို႔ အဂၤလန္သတင္းဌာနက ဆက္သြယ္ ေမးျမန္းမႈကို ေျဖဆိုေပးခဲ့တာျဖစ္တယ္။

ဖီလစ္ကပဲ ဘိုင္ယန္တာဝန္ရွိသူေတြက ကစားသမားရဲ႕ ကိုယ္စားလွယ္နဲ႔ စာခ်ဳပ္သစ္ကိစၥ ဆက္သြယ္ စကားေျပာေနေၾကာင္း အတည္ျပဳခဲ့တယ္။ စာခ်ဳပ္ကိစၥ အဆင္ေျပလားဆိုတဲ့ အေပၚမွာေတာ့ အေျဖေပးခဲ့ျခင္း မရွိပါဘူး။