လီဗာပူးအသင်းဟာ ချန်ပီယံရှစ်ကလပ် လိဒ်အသင်းမှ ဗဟိုခံစစ်မှူး ဘမ်ဝိုက်ကို မျက်စိကျနေပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Athletic က ဖော်ပြပါတယ်။

အဆိုပါ သတင်းမှာတော့ ဗြိတိန်အတွင်း ပိတ်ဆို့မှု ကာလတွေ မတိုင်ခင်မှာ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ဘမ်ဝိုက်ရဲ့ ခြေစွမ်းကို ကင်းထောက်လွှတ်ပြီး စောင့်ကြည့်မှုတွေ လုပ်ထားတယ်။ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်က လိဒ်အသင်းထံ အငှားချထားတဲ့ ဘမ်ဝိုက်ဟာ ဘရိုက်တန်နဲ့ စာချုပ် နှစ်နှစ် ကျန်ရှိနေပြီး တစ်ပတ် လုပ်ခ ပေါင် ၁၀၀၀၀ ရနေတယ်ဆိုတာကိုလည်း ကလပ်တွေက စုံစမ်း သိထားပြီဖြစ်ပါတယ်။

လိဒ်ဘက်ကလည်း ကစားသမားလေးကို အပြီးသတ် ခေါ်ယူလိုပေမယ့် ကိုဗစ်ကပ်ဘေးဟာ အသုံးစရိတ်ကြီးတွေကို ထုတ်ဖို့ အခက်တွေ့နေစေပါတယ်။ ဘရိုက်တန်ဘက်က ကစားသမားကို သက်တမ်းတိုးမှု လုပ်ဆောင်ဖို့ စိတ်ဝင်စားသလို ငွေသားရမယ်ဆိုရင် ပေါင် သန်း ၂၀ ဖြင့် ရောင်းချလိုနေပါတယ်။

လိဒ်အသင်း အားကစားဒါရိုက်တာ Victor Orta ကတော့ လာမယ့်ရာသီမှာ လိဒ်ဟာ ဘယ်လို အဆင့်မှာ ပြိုင်ဆိုင်ရမလဲအပေါ် မူတည်ပြီး သူ့တို့အသင်းကို ပြင်ဆင်သွားမှာပါ။ လိဒ်က ဘမ်ဝိုက်ကို ခေါ်ယူလိုသလို စပါးမှ Juan Foyth ကိုလည်း နှစ်သက်နေတယ်။ ဒါပေမယ့် ကစားသမားရဲ့ တစ်ပတ် ပေါင် ၂၁၅၀၀ က လိဒ်အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်မှာဖြစ်လို့ စဉ်းစား ချင့်ချိန်နေပါတယ်။

ပရီးမီးယားလိဂ် ထိပ်တန်းအသင်တွေနဲ့ လိဒ်အသင်းက ဘမ်ဝိုက်ကို ခေါ်ယူရေးအား အပြိုင်အဆိုင် အားတက်သရော ရှိနေတာကြောင့် ဘရိုက်တန်ဘက်က ဗြိတိန်လူငယ် ခံစစ်သမားက ၎င်းတို့ကလပ် လိုအပ်မယ့် အသုံးစရိတ်အတွက် အထောက်အပံ့တစ်ခု ဖြစ်မယ်လို့ ယုံကြည်နေတယ်။

လာမယ့်ရာသီ ဘရိုက်တန်အသင်း ပရီးမီးယားလိဂ်မှာ တင်ကျန်မလား၊ ချန်ပီယံရှစ်ကို ဆင်းကစားရမလား ဆိုတာကလည်း ဘမ်ဝိုက်ရဲ့ အပြောင်းအရွှေ့အပေါ် သက်ရောက်မှု ရှိမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ခ်န္ပီယံရွစ္ကလပ္ လိဒ္အသင္းမွ ဗဟိုခံစစ္မွဴး ဘမ္ဝိုက္ကို မ်က္စိက်ေနျပီး ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

အဆိုပါ သတင္းမွာေတာ့ ျဗိတိန္အတြင္း ပိတ္ဆို႔မႈ ကာလေတြ မတိုင္ခင္မွာ လီဗာပူးနဲ႔ မန္စီးတီးတို႔ဟာ ဘမ္ဝိုက္ရဲ႕ ေျခစြမ္းကို ကင္းေထာက္လႊတ္ျပီး ေစာင့္ၾကည့္မႈေတြ လုပ္ထားတယ္။ ပရီးမီးယားလိဂ္ကလပ္ ဘရိုက္တန္က လိဒ္အသင္းထံ အငွားခ်ထားတဲ့ ဘမ္ဝိုက္ဟာ ဘရိုက္တန္နဲ႔ စာခ်ဳပ္ ႏွစ္ႏွစ္ က်န္ရွိေနျပီး တစ္ပတ္ လုပ္ခ ေပါင္ ၁၀၀၀၀ ရေနတယ္ဆိုတာကိုလည္း ကလပ္ေတြက စံုစမ္း သိထားျပီျဖစ္ပါတယ္။

လိဒ္ဘက္ကလည္း ကစားသမားေလးကို အျပီးသတ္ ေခၚယူလိုေပမယ့္ ကိုဗစ္ကပ္ေဘးဟာ အသံုးစရိတ္ၾကီးေတြကို ထုတ္ဖို႔ အခက္ေတြ႔ေနေစပါတယ္။ ဘရိုက္တန္ဘက္က ကစားသမားကို သက္တမ္းတိုးမႈ လုပ္ေဆာင္ဖို႔ စိတ္ဝင္စားသလို ေငြသားရမယ္ဆိုရင္ ေပါင္ သန္း ၂၀ ျဖင့္ ေရာင္းခ်လိုေနပါတယ္။

လိဒ္အသင္း အားကစားဒါရိုက္တာ Victor Orta ကေတာ့ လာမယ့္ရာသီမွာ လိဒ္ဟာ ဘယ္လို အဆင့္မွာ ျပိဳင္ဆုိင္ရမလဲအေပၚ မူတည္ျပီး သူ႔တို႔အသင္းကို ျပင္ဆင္သြားမွာပါ။ လိဒ္က ဘမ္ဝိုက္ကို ေခၚယူလိုသလို စပါးမွ Juan Foyth ကိုလည္း ႏွစ္သက္ေနတယ္။ ဒါေပမယ့္ ကစားသမားရဲ႕ တစ္ပတ္ ေပါင္ ၂၁၅၀၀ က လိဒ္အတြက္ ဝန္ထုတ္ဝန္ပိုး ျဖစ္မွာျဖစ္လို႔ စဥ္းစား ခ်င့္ခ်ိန္ေနပါတယ္။

ပရီးမီးယားလိဂ္ ထိပ္တန္းအသင္ေတြနဲ႔ လိဒ္အသင္းက ဘမ္ဝိုက္ကို ေခၚယူေရးအား အျပိဳင္အဆိုင္ အားတက္သေရာ ရွိေနတာေၾကာင့္ ဘရိုက္တန္ဘက္က ျဗိတိန္လူငယ္ ခံစစ္သမားက ၄င္းတို႔ကလပ္ လိုအပ္မယ့္ အသံုးစရိတ္အတြက္ အေထာက္အပံ့တစ္ခု ျဖစ္မယ္လို႔ ယံုၾကည္ေနတယ္။

လာမယ့္ရာသီ ဘရိုက္တန္အသင္း ပရီးမီးယားလိဂ္မွာ တင္က်န္မလား၊ ခ်န္ပီယံရွစ္ကို ဆင္းကစားရမလား ဆိုတာကလည္း ဘမ္ဝိုက္ရဲ႕ အေျပာင္းအေရႊ႔အေပၚ သက္ေရာက္မႈ ရွိမွာျဖစ္ပါတယ္။