လီဗာပူးဟာ လာမယ့်ရာသီမှာတော့ အာဆင်နယ်အသင်း ဆေးအဖွဲ့မှ physiotherapy ဆိုင်ရာ အကြီးအကဲ ခရစ်မော်ဂန်ကို ပြန်ခေါ်မယ်ဖို့ အစီအစဉ် ဆွဲထားပြီဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ မော်ဂန် လီဗာပူးအသင်းကနေ ထွက်ခွာခဲ့စဉ်က စတီဗင်ဂျရတ် ကိုယ်တိုင်က ” ကျနော်ရဲ့ အမြင်မှာတော့ ခရစ်မော်ဂန်ဟာ လီဗာပူးမှာရှိခဲ့တဲ့ အကောင်းဆုံးတကာ အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကျနေ်ာရဲ့ ခန္ဓာကိုယ်ကို ၁၀ နှစ်ကြာ ဂရုစိုက်ပေးခဲ့တဲ့ မော်ဂန်ကို ကျေးဇူးတင်ပါတယ် ” လို့ ထုတ်ဖော် အသိအမှတ်ပြုခဲ့ပါတယ်။

မော်ဂန်ဟာ လီဗာပူးကနေ ထွက်ခွာပြီးနောက်ပိုင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၊ အန်အေ ဂလက်စီ၊ ပဲလေစ့်တို့မှာ အလုပ်လုပ်ခဲ့ပြီး ၂၀၁၈ မှာတော့ အာဆင်နယ်ကို ပြောင်းရွှေ့ကာ အမ်မရီရဲ့ လက်အောက်မှာ အလုပ်လုပ်ခဲ့သူဖြစ်တယ်။

လီဗာပူးအသင်းမှ အကြောအဆစ်ဆိုင်ရာ ကုထုံးပညာရှင် Christopher Rohrbeck က ဇာတိ ဂျာမနီကို ပြန်တော့မှာဖြစ်လို့ သူ့နေရာကို မော်ဂန်နဲ့ တိုက်ရိုက် အစားထိုးမှာ ဖြစ်ပါတယ်။ ဘောလုံးအသင်းတွေမှာ ကစားသမားတွေ ထိခိုက်ဒဏ်ရာတွေအတွက် ကုသပေးတဲ့ ခန္ဓာဗေဒ ကုထုံးသမားတွေက အတော်လေး အရေးပါတဲ့ ပညာရှင်တွေဖြစ်တယ်။

မော်ဂန်ဟာ လီဗာပူးအသင်းမှ ဟန်ဒါဆန်၊ ဂျိမ်းမီလ်နာတို့လို ဝါရင့် ကစားသမားတွေနဲ့ ရင်းနှီးတာကြောင့် အသင်းကို အပြန်ခရီးမှာ နွေးထွေးစွာ ကြိုဆိုခံရမယ်လို့ သိရပါတယ်။ ဒီနွေမှာ လီဗာပူးအသင်းဟာ ဆေးအဖွဲ့ကို အဓိက အားဖြည့်မှုတွေ ပြုလုပ်ရဖွယ်ရှိပြီး ကိုဗစ်ကပ်ဘေးအတွင်း ဆေးအဖွဲ့အကြီးအကဲတွေ ထွက်ခွာသွားတာကြောင့် အကယ်ဒမီက ဆရာဝန်တွေကို စီနီယာအသင်းအတွက် ခေါ်ယူခဲ့ရခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးဟာ လာမယ့္ရာသီမွာေတာ့ အာဆင္နယ္အသင္း ေဆးအဖြဲ႔မွ physiotherapy ဆိုင္ရာ အၾကီးအကဲ ခရစ္ေမာ္ဂန္ကို ျပန္ေခၚမယ္ဖို႔ အစီအစဥ္ ဆြဲထားျပီျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္မွာ ေမာ္ဂန္ လီဗာပူးအသင္းကေန ထြက္ခြာခဲ့စဥ္က စတီဗင္ဂ်ရတ္ ကိုယ္တိုင္က ” က်ေနာ္ရဲ႕ အျမင္မွာေတာ့ ခရစ္ေမာ္ဂန္ဟာ လီဗာပူးမွာရွိခဲ့တဲ့ အေကာင္းဆံုးတကာ အေကာင္းဆံုး ပုဂၢိဳလ္ျဖစ္ပါတယ္။ က်ေန္ာရဲ႕ ခႏၶာကိုယ္ကို ၁၀ ႏွစ္ၾကာ ဂရုစိုက္ေပးခဲ့တဲ့ ေမာ္ဂန္ကို ေက်းဇူးတင္ပါတယ္ ” လို႔ ထုတ္ေဖာ္ အသိအမွတ္ျပဳခဲ့ပါတယ္။

ေမာ္ဂန္ဟာ လီဗာပူးကေန ထြက္ခြာျပီးေနာက္ပိုင္း အဂၤလန္ေဘာလံုးအဖြဲ႔ခ်ဳပ္၊ အန္ေအ ဂလက္စီ၊ ပဲေလစ့္တို႔မွာ အလုပ္လုပ္ခဲ့ျပီး ၂၀၁၈ မွာေတာ့ အာဆင္နယ္ကို ေျပာင္းေရႊ႔ကာ အမ္မရီရဲ႕ လက္ေအာက္မွာ အလုပ္လုပ္ခဲ့သူျဖစ္တယ္။

လီဗာပူးအသင္းမွ အေၾကာအဆစ္ဆိုင္ရာ ကုထံုးပညာရွင္ Christopher Rohrbeck က ဇာတိ ဂ်ာမနီကို ျပန္ေတာ့မွာျဖစ္လို႔ သူ႔ေနရာကို ေမာ္ဂန္နဲ႔ တိုက္ရိုက္ အစားထိုးမွာ ျဖစ္ပါတယ္။ ေဘာလံုးအသင္းေတြမွာ ကစားသမားေတြ ထိခိုက္ဒဏ္ရာေတြအတြက္ ကုသေပးတဲ့ ခႏၶာေဗဒ ကုထံုးသမားေတြက အေတာ္ေလး အေရးပါတဲ့ ပညာရွင္ေတြျဖစ္တယ္။

ေမာ္ဂန္ဟာ လီဗာပူးအသင္းမွ ဟန္ဒါဆန္၊ ဂ်ိမ္းမီလ္နာတို႔လို ဝါရင့္ ကစားသမားေတြနဲ႔ ရင္းႏွီးတာေၾကာင့္ အသင္းကို အျပန္ခရီးမွာ ေႏြးေထြးစြာ ၾကိဳဆိုခံရမယ္လို႔ သိရပါတယ္။ ဒီေႏြမွာ လီဗာပူးအသင္းဟာ ေဆးအဖြဲ႔ကို အဓိက အားျဖည့္မႈေတြ ျပဳလုပ္ရဖြယ္ရွိျပီး ကိုဗစ္ကပ္ေဘးအတြင္း ေဆးအဖြဲ႔အၾကီးအကဲေတြ ထြက္ခြာသြားတာေၾကာင့္ အကယ္ဒမီက ဆရာဝန္ေတြကို စီနီယာအသင္းအတြက္ ေခၚယူခဲ့ရျခင္းေတြ လုပ္ေဆာင္ခဲ့ပါတယ္။