၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် လီဗာပူး ချိုးဖျက်ခဲ့တဲ့ စံချိန် ၅ ခု

၁) ပရီးမီးယားလိဂ်ကို အမြန်ဆုံး အနိုင်ရခြင်း

ပရီးမီးယားလိဂ်ပွဲ ၃၂ မှာတင် ချန်ပီယံအဖြေပေါ်ခဲ့ခြင်းဖြစ်ပြီး လက်ကျန်ပွဲ ၇ ပွဲတောင် ကစားဖို့ ကျန်ရှိနေပါသေးတယ်။ ပရီးမီးယားလိဂ် သမိုင်းမှာတော့ လီဗာပူးမတိုင်ခင် အမြန်ဆုံး စံချိန်တွေအဖြစ် ၂၀၁၇-၁၈ မှာ မန်စီးတီးနဲ့ ၁၉၉၇-၉၈ ခုနှစ်နဲ့ ၂၀၀၀-၂၀၀၁ ခုနှစ်တွေမှာ ယူနိုက်တက်တို့က လိဂ်ပြီးဆုံးဖို့ ၅ ပွဲ အလိုတွေမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

၂) ဆယ်ဆုနှစ်တွေအလိုက် ဆုဖလားအောင်မြင်မှု

လီဗာပူးအသင်းဟာ ကလပ်သမိုင်းတစ်လျှောက် မတူညီတဲ့ ဆယ်ဆုနှစ် ၈ ခုမှာ လိဂ်အမှတ်ပေးဖလားတွေ အနိုင်ရခဲ့ပြီဖြစ်တယ်။ ဒါဟာ အာဆင်နယ်၊ ယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့ ဆယ်ဆုနှစ် ၇ ခုကို ကျော်ဖြတ်သွားပါပြီ။

၃) အဆင့်မြင့်တန်းမှာ တာထွက်အကောင်းဆုံး

လီဗာပူးအသင်းဟာ အမှတ်ပေးပွဲ အစောပိုင်း ၂၁ ပွဲမှာ ရနိုင်တဲ့ ၆၃ မှတ်အတွင်း ၆၁ မှတ်ထိ ရရှိခဲ့ပါတယ်။ ဒါဟာ ဘယ် အသင်းထက်မဆို သာလွန်နေတဲ့ စံချိန်ဖြစ်တယ်။

၄) မည်သည့် အဓိက ပြိုင်ဘက်ကိုမှ အရေးမနိမ့်ခြင်း

လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံဖြစ်တဲ့ အချိန်ထိ မည့်သည် ထိပ်တန်းပြိုင်ဘက်ကိုမှ အရေးမနိမ့်ခဲ့ပါဘူး။ ဒါကြောင့် အင်္ဂလန်အဆင့်မြင့်တန်းမှာ ချန်ပီယံမဖြစ်ခင်ထိ ထိပ်တန်းအသင်းတွေ အနိုင်ယူခြင်း မခံရတဲ့ ပထမဆုံးသောအသင်း ဖြစ်လာပါတယ်။

၅) တစ်ရာသီ ပြိုင်ဘက်အသင်း အားလုံးကို အနိုင်ရခြင်းမှတ်တမ်း

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် သမိုင်းမှာတော့ ဘောလုံးရာသီ တစ်ခုအတွင်း ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက် ၁၉ သင်း လုံးကို အနိုင်ယူနိုင်တဲ့ ၅ သင်းမြောက် ကလပ်လည်း ဖြစ်လာပါတယ်။

လက်ကျန် ၇ ပွဲမှာ ချိုးဖျက်နိုင်ချေရှိသေးတဲ့ စံချိန်များ

၁) ပရီးမီးယားလိဂ်သမိုင်းမှာ အမှတ်အများဆုံးဖြင့် ချန်ပီယံဖြစ်မယ့် စံချိန်
၂) တစ်ရာသီ အိမ်ကွင်းနိုင်ပွဲ အများဆုံး စံချိန်
၃) တစ်ရာသီအတွင်း နိုင်ပွဲအများဆုံးစံချိန်
၄) ရမှတ် အပြတ်ဆုံး ချန်ပီယံဖြစ်မယ့် စံချိန်
၅) ရွှေဖိနပ်ဆု အနိုင်ရ စံချိန်

ZAWGYI

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြင္း ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ လီဗာပူး ခ်ိဳးဖ်က္ခဲ့တဲ့ စံခ်ိန္ ၅ ခု

၁) ပရီးမီးယားလိဂ္ကို အျမန္ဆံုး အႏုိင္ရျခင္း

ပရီးမီးယားလိဂ္ပြဲ ၃၂ မွာတင္ ခ်န္ပီယံအေျဖေပၚခဲ့ျခင္းျဖစ္ျပီး လက္က်န္ပြဲ ၇ ပြဲေတာင္ ကစားဖို႔ က်န္ရွိေနပါေသးတယ္။ ပရီးမီးယားလိဂ္ သမိုင္းမွာေတာ့ လီဗာပူးမတိုင္ခင္ အျမန္ဆံုး စံခ်ိန္ေတြအျဖစ္ ၂၀၁၇-၁၈ မွာ မန္စီးတီးနဲ႔ ၁၉၉၇-၉၈ ခုႏွစ္နဲ႔ ၂၀၀၀-၂၀၀၁ ခုႏွစ္ေတြမွာ ယူႏုိက္တက္တို႔က လိဂ္ျပီးဆံုးဖို႔ ၅ ပြဲ အလိုေတြမွာ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

၂) ဆယ္ဆုႏွစ္ေတြအလိုက္ ဆုဖလားေအာင္ျမင္မႈ

လီဗာပူးအသင္းဟာ ကလပ္သမိုင္းတစ္ေလွ်ာက္ မတူညီတဲ့ ဆယ္ဆုႏွစ္ ၈ ခုမွာ လိဂ္အမွတ္ေပးဖလားေတြ အႏုိင္ရခဲ့ျပီျဖစ္တယ္။ ဒါဟာ အာဆင္နယ္၊ ယူႏုိက္တက္နဲ႔ အဲဗာတန္တို႔ရဲ႕ ဆယ္ဆုႏွစ္ ၇ ခုကို ေက်ာ္ျဖတ္သြားပါျပီ။

၃) အဆင့္ျမင့္တန္းမွာ တာထြက္အေကာင္းဆံုး

လီဗာပူးအသင္းဟာ အမွတ္ေပးပြဲ အေစာပိုင္း ၂၁ ပြဲမွာ ရႏုိင္တဲ့ ၆၃ မွတ္အတြင္း ၆၁ မွတ္ထိ ရရွိခဲ့ပါတယ္။ ဒါဟာ ဘယ္ အသင္းထက္မဆို သာလြန္ေနတဲ့ စံခ်ိန္ျဖစ္တယ္။

၄) မည္သည့္ အဓိက ျပိဳင္ဘက္ကိုမွ အေရးမနိမ့္ျခင္း

လီဗာပူးအသင္းဟာ ဒီရာသီ ခ်န္ပီယံျဖစ္တဲ့ အခ်ိန္ထိ မည့္သည္ ထိပ္တန္းျပိဳင္ဘက္ကိုမွ အေရးမနိမ့္ခဲ့ပါဘူး။ ဒါေၾကာင့္ အဂၤလန္အဆင့္ျမင့္တန္းမွာ ခ်န္ပီယံမျဖစ္ခင္ထိ ထိပ္တန္းအသင္းေတြ အႏုိင္ယူျခင္း မခံရတဲ့ ပထမဆံုးေသာအသင္း ျဖစ္လာပါတယ္။

၅) တစ္ရာသီ ျပိဳင္ဘက္အသင္း အားလံုးကို အႏုိင္ရျခင္းမွတ္တမ္း

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ သမုိင္းမွာေတာ့ ေဘာလံုးရာသီ တစ္ခုအတြင္း ယွဥ္ျပိဳင္ရမယ့္ ျပိဳင္ဘက္ ၁၉ သင္း လံုးကို အႏုိင္ယူႏုိင္တဲ့ ၅ သင္းေျမာက္ ကလပ္လည္း ျဖစ္လာပါတယ္။

လက္က်န္ ၇ ပြဲမွာ ခ်ိဳးဖ်က္ႏုိင္ေခ်ရွိေသးတဲ့ စံခ်ိန္မ်ား

၁) ပရီးမီးယားလိဂ္သမိုင္းမွာ အမွတ္အမ်ားဆံုးျဖင့္ ခ်န္ပီယံျဖစ္မယ့္ စံခ်ိန္
၂) တစ္ရာသီ အိမ္ကြင္းႏုိင္ပြဲ အမ်ားဆံုး စံခ်ိန္
၃) တစ္ရာသီအတြင္း ႏုိင္ပြဲအမ်ားဆံုးစံခ်ိန္
၄) ရမွတ္ အျပတ္ဆံုး ခ်န္ပီယံျဖစ္မယ့္ စံခ်ိန္
၅) ေရႊဖိနပ္ဆု အႏုိင္ရ စံခ်ိန္