လီဗာပူးအသင်းက နာပိုလီ ခံစစ်သမား ကူလီဘာလေလို့ အသက် ၂၉ နှစ်အရွယ် ကစားသမား တစ်ဦးကို ကစားသမား အလိုက်ပေးမှု အပါအဝင် ပေါင် သန်း ၆၀ လောက်ပေးပြီး ခေါ်ယူဖို့ဆိုတာက လီဗာပူးပေါ်လစီမှာ လုံးဝ လုပ်မယ့် ကိစ္စမျိုး မဟုတ်ဘူးလို့ စကိုင်းစပေါ့က ဖော်ပြသွားပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်က ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံစဉ်မှာ သူ့ဖုန်းကို ဝေးရာမှာ ထားခဲ့ပြီး အသင်းဖော်တွေနဲ့ပဲ ပျော်ပောျ်ရွှင်ရွှင် အချိန်ကုန်ခဲ့တယ်လို့ ပြောပြလာပါတယ်။

ဗြိတိန် အားကစားကလောင်ရှင်နဲ့ စကိုင်းစပေါ့မှ ဘောလုံးဝေဖန်ရေးသမား ဂျင်မီ ရက်နပ်က ဗြိတိန်ဘောလုံး အသိုင်းအဝိုင်းအား လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကို လေးစားမှုပေးဖို့ သတိပေးတိုက်တွန်းမှု လုပ်ခဲ့ပါတယ်။

၂၀၁၅ နွေအပြောင်းအရွှေ့မှာ မန်စီးတီးရဲ့ သက်တမ်းတိုးစာချုပ်ကို ငြင်းဆန်ပြီး လီဗာပူးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းခဲ့စဉ် မှားယွင်းတဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာပဲလို့ ဝေဖန်မှုတွေ အများကြီး ရခဲ့ပါတယ်လို့ မီလ်နာက ဖွင့်ပြောခဲ့ပါတယ်။

လီဗာပူးဟာ လာမယ့်ရာသီမှာတော့ အာဆင်နယ်အသင်း ဆေးအဖွဲ့မှ physiotherapy ဆိုင်ရာ အကြီးအကဲ ခရစ်မော်ဂန်ကို ပြန်ခေါ်မှာဖြစ်ပါတယ်။ အဆိုပါ အင်္ဂလိပ်သားကြီးဟာ ၂၀၁၆ ခုနှစ်မှာ မဲဝုဒ်ကနေ မထွက်သွားခင် ဆယ်စုနှစ်ကြာ လီဗာပူးအတွက် အမှုထမ်းခဲ့သူဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေအား ချန်ပီယံဖြစ်ရေး အောင်ပွဲခံကြရမှာဖြစ်ပေမယ့် စည်းကမ်းရှိပြီး အများသူငှာ မထိခိုက်စေဖို့ရာ ဆင်ဆင်ခြင်ခြင် အောင်ပွဲခံကြဖို့ မန်နေဂျာယာဂင်ကလော့ပ်က သတိပေးလိုက်ပါတယ်။

ချယ်ဆီးမန်နေဂျာ လမ်းပတ်က ၎င်းတို့အသင်း တောင်ပံသမား ပူလီဆစ်ဟာ အနာဂတ်မှာ ဆာလက်၊ မာနေးတို့လို တောက်ပလာမယ့် တိုက်စစ်သမားလို့ ချီးကျူးသွားပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံရှစ်ကလပ် လိဒ်အသင်းမှ ဗဟိုခံစစ်မှူး ဘမ်ဝိုက်ကို မျက်စိကျနေပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Athletic က ဖော်ပြပါတယ်။

ဘိုင်ယန်မြူးနစ် မန်နေဂျာ ဖလစ်က ကွင်းလယ်လူ သီယေဂို အယ်ကန်တာရာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးကို ပြောင်းမယ်လို့ သတင်းကြီးနေမှုအပေါ် ငြင်းဆန်လိုက်ပြီး စာချုပ်သစ်ပေးနိုင်ဖို့ ဆွဲဆောင်မယ်လို့ ပြောဆိုပါတယ်။

လီဗာပူးက နောက်အပတ်မှာ အသက် ၃၁ နှစ်ပြည့်မှာဖြစ်ကာ ကလပ်နဲ့ တစ်နှစ် သက်တမ်းပဲကျန်တဲ့ လိုဗရန်နေရာ အစားထိုးစရာ ရှိပြီးမှပဲ အပြီးသတ် ရောင်းထုတ်မှာဖြစ်ကာ ကစားသမားအတွက် ကမ်းလှမ်းလာမှုတွေကို နားထောင်ပေးသွားပါမယ်။

ZAWGYI

လီဗာပူးအသင္းက နာပိုလီ ခံစစ္သမား ကူလီဘာေလလို႔ အသက္ ၂၉ ႏွစ္အရြယ္ ကစားသမား တစ္ဦးကို ကစားသမား အလိုက္ေပးမႈ အပါအဝင္ ေပါင္ သန္း ၆၀ ေလာက္ေပးျပီး ေခၚယူဖို႔ဆိုတာက လီဗာပူးေပၚလစီမွာ လံုးဝ လုပ္မယ့္ ကိစၥမ်ိဳး မဟုတ္ဘူးလို႔ စကိုင္းစေပါ့က ေဖာ္ျပသြားပါတယ္။

လီဗာပူးဂိုးသမား အယ္လီဆန္က ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံစဥ္မွာ သူ႔ဖုန္းကို ေဝးရာမွာ ထားခဲ့ျပီး အသင္းေဖာ္ေတြနဲ႔ပဲ ေပ်ာ္ေပာ်္ရႊင္ရႊင္ အခ်ိန္ကုန္ခဲ့တယ္လို႔ ေျပာျပလာပါတယ္။

ျဗိတိန္ အားကစားကေလာင္ရွင္နဲ႔ စကိုင္းစေပါ့မွ ေဘာလံုးေဝဖန္ေရးသမား ဂ်င္မီ ရက္နပ္က ျဗိတိန္ေဘာလံုး အသိုင္းအဝုိင္းအား လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ေလးစားမႈေပးဖို႔ သတိေပးတိုက္တြန္းမႈ လုပ္ခဲ့ပါတယ္။

၂၀၁၅ ေႏြအေျပာင္းအေရႊ႔မွာ မန္စီးတီးရဲ႕ သက္တမ္းတိုးစာခ်ဳပ္ကို ျငင္းဆန္ျပီး လီဗာပူးကို အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေျပာင္းခဲ့စဥ္ မွားယြင္းတဲ့ ေရြးခ်ယ္မႈကို လုပ္ခဲ့တာပဲလို႔ ေဝဖန္မႈေတြ အမ်ားၾကီး ရခဲ့ပါတယ္လို႔ မီလ္နာက ဖြင့္ေျပာခဲ့ပါတယ္။

လီဗာပူးဟာ လာမယ့္ရာသီမွာေတာ့ အာဆင္နယ္အသင္း ေဆးအဖြဲ႔မွ physiotherapy ဆိုင္ရာ အၾကီးအကဲ ခရစ္ေမာ္ဂန္ကို ျပန္ေခၚမွာျဖစ္ပါတယ္။ အဆိုပါ အဂၤလိပ္သားၾကီးဟာ ၂၀၁၆ ခုႏွစ္မွာ မဲဝုဒ္ကေန မထြက္သြားခင္ ဆယ္စုႏွစ္ၾကာ လီဗာပူးအတြက္ အမႈထမ္းခဲ့သူျဖစ္ပါတယ္။

လီဗာပူးပရိသတ္ေတြအား ခ်န္ပီယံျဖစ္ေရး ေအာင္ပြဲခံၾကရမွာျဖစ္ေပမယ့္ စည္းကမ္းရွိျပီး အမ်ားသူငွာ မထိခိုက္ေစဖို႔ရာ ဆင္ဆင္ျခင္ျခင္ ေအာင္ပြဲခံၾကဖို႔ မန္ေနဂ်ာယာဂင္ကေလာ့ပ္က သတိေပးလိုက္ပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္က ၄င္းတို႔အသင္း ေတာင္ပံသမား ပူလီဆစ္ဟာ အနာဂတ္မွာ ဆာလက္၊ မာေနးတို႔လို ေတာက္ပလာမယ့္ တိုက္စစ္သမားလို႔ ခ်ီးက်ဴးသြားပါတယ္။

လီဗာပူးအသင္းဟာ ခ်န္ပီယံရွစ္ကလပ္ လိဒ္အသင္းမွ ဗဟိုခံစစ္မွဴး ဘမ္ဝိုက္ကို မ်က္စိက်ေနျပီး ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

ဘိုင္ယန္ျမဴးနစ္ မန္ေနဂ်ာ ဖလစ္က ကြင္းလယ္လူ သီေယဂို အယ္ကန္တာရာ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးကို ေျပာင္းမယ္လို႔ သတင္းၾကီးေနမႈအေပၚ ျငင္းဆန္လိုက္ျပီး စာခ်ဳပ္သစ္ေပးႏုိင္ဖို႔ ဆြဲေဆာင္မယ္လို႔ ေျပာဆိုပါတယ္။

လီဗာပူးက ေနာက္အပတ္မွာ အသက္ ၃၁ ႏွစ္ျပည့္မွာျဖစ္ကာ ကလပ္နဲ႔ တစ္ႏွစ္ သက္တမ္းပဲက်န္တဲ့ လိုဗရန္ေနရာ အစားထိုးစရာ ရွိျပီးမွပဲ အျပီးသတ္ ေရာင္းထုတ္မွာျဖစ္ကာ ကစားသမားအတြက္ ကမ္းလွမ္းလာမႈေတြကို နားေထာင္ေပးသြားပါမယ္။