မန်နေဂျာယာဂင်ကလော့ပ်က နွေဈေးကွက်ထဲ လီဗာပူး ဘယ်လိုပုံစံ ဝင်မလဲဆိုတဲ့အပေါ် အဖြေပေးမှု လုပ်လာခဲ့ပါပြီ။

မန်နေဂျာကြီးက အစောတုန်းက သတင်းတွေထွက်နေသလို ဈေးကွက်ထဲ လုံးဝ မဝင်ခြင်းမျိုး မဟုတ်ဘဲ ကစားသမား ရောင်းထုတ်မှုကော ဝယ်ယူမှုတွေအတွက်ပါ စိစစ်မှုတွေ လုပ်ဆောင်သွားမယ့် သဘောကို ထုတ်ပြောခဲ့တယ်။ ဒါပေမယ့် လူသစ်တွေ အများကြီး ခေါ်ယူမှာ မဟုတ်ကြောင်းနဲ့ ရှိရင်းစွဲ ကစားသမားတွေအပြင် လူငယ်တွေကို နေရာပေးလိုတဲ့ သဘောတွေကိုလည်း ပြောဆိုသွားပါတယ်။

ကလော့ပ်က” ကိုဗစ်က ကစားသမား အဝင်အတွက်ကော အထွက်အတွက်ပါ သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒါကလည်း ပုံမှန်ပဲလို့ ပြောရပါမယ်။ အရမ်း ပင်ပန်းရတဲ့ နွေဈေးကွက်မျိုးတော့ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရာသီအကုန်မှာတော့ သေချာစစ်ဆေးမှုတွေ လုပ်ရပါမယ်။ ဈေးကွက်ကလည်း ဖွင့်နေဦးမယ်ဆိုရင် ကျနေ်ာတို့ ပိုပြီး သိရမှာပါ။

လက်ရှိ လူစာရင်းကို ကြည့်မယ်ဆိုရင် ဒီနေရာမှာ လူခေါ်ရမယ်၊ ဒီနေရာမှာ လူခေါ်ရမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ပြောရမှာ မဟုတ်ပါဘူး။ ကျနေ်ာတို့က ပွဲထွက် ၁၁ ဦးတင် မဟုတ်ပါဘူး။ ပထမပွဲထွက်နေရာအတွက် ကစားသမား ၁၆ ဦး၊ ၁၇ ဦးလောက်က တူညီတဲ့ အဆင့်မှာ ကစားနိုင်ကြပါတယ်။

ကျနေ်ာတို့က ဒီလူစာရင်းကို သုံးရမှာပါ။ ဈေးကွက်ထဲ ပေါင် သန်းပေါင်းများစွာသော သုံးစွဲမှာ မဟုတ်ပါဘူး။ ကျနေ်ာတို့ အဆင်ပြေမယ်ဆိုတဲ့ ကိစ္စတွေကိုပဲ လုပ်လိုပါတယ်။ အပြောင်းအရွှေ့အတွက် ငွေသုံးတာချည်းပဲ မလုပ်လိုပါဘူး ” လို့ ဖြေဆိုခဲ့တာဖြစ်တယ်။

လက်တလောမှာတော့ လီဗာပူးဆိုင်ရာ သတင်းထောက်တွေဖြစ်တဲ့ Dominic King_တို့က မန်နေဂျာကလော့ပ်က လာမယ့်ရာသီမှာ နာဘီကီတာ၊ မီနာမီနို အပါအဝင် ကစားသမား လေးဦးလောက်ကို စင်တင်ဖို့ ကြိုးစားမှာဖြစ်တယ်။ သူဟာ အရည်အချင်းရှိ ကစားသမား နှစ်ဦးကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး မဟုတ်တဲ့ အနေအထားဖြင့် ခေါ်ယူနိုင်တယ်လို့ သတင်းပေးသွားပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ေႏြေစ်းကြက္ထဲ လီဗာပူး ဘယ္လိုပံုစံ ဝင္မလဲဆိုတဲ့အေပၚ အေျဖေပးမႈ လုပ္လာခဲ့ပါျပီ။

မန္ေနဂ်ာၾကီးက အေစာတုန္းက သတင္းေတြထြက္ေနသလို ေစ်းကြက္ထဲ လံုးဝ မဝင္ျခင္းမ်ိဳး မဟုတ္ဘဲ ကစားသမား ေရာင္းထုတ္မႈေကာ ဝယ္ယူမႈေတြအတြက္ပါ စိစစ္မႈေတြ လုပ္ေဆာင္သြားမယ့္ သေဘာကို ထုတ္ေျပာခဲ့တယ္။ ဒါေပမယ့္ လူသစ္ေတြ အမ်ားၾကီး ေခၚယူမွာ မဟုတ္ေၾကာင္းနဲ႔ ရွိရင္းစြဲ ကစားသမားေတြအျပင္ လူငယ္ေတြကို ေနရာေပးလိုတဲ့ သေဘာေတြကိုလည္း ေျပာဆိုသြားပါတယ္။

ကေလာ့ပ္က” ကိုဗစ္က ကစားသမား အဝင္အတြက္ေကာ အထြက္အတြက္ပါ သက္ေရာက္မႈ ရွိခဲ့ပါတယ္။ ဒါကလည္း ပံုမွန္ပဲလို႔ ေျပာရပါမယ္။ အရမ္း ပင္ပန္းရတဲ့ ေႏြေစ်းကြက္မ်ိဳးေတာ့ ျဖစ္လာေတာ့မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ရာသီအကုန္မွာေတာ့ ေသခ်ာစစ္ေဆးမႈေတြ လုပ္ရပါမယ္။ ေစ်းကြက္ကလည္း ဖြင့္ေနဦးမယ္ဆိုရင္ က်ေန္ာတို႔ ပိုျပီး သိရမွာပါ။

လက္ရွိ လူစာရင္းကို ၾကည့္မယ္ဆိုရင္ ဒီေနရာမွာ လူေခၚရမယ္၊ ဒီေနရာမွာ လူေခၚရမယ္ဆိုတဲ့ အေနအထားမ်ိဳးနဲ႔ ေျပာရမွာ မဟုတ္ပါဘူး။ က်ေန္ာတို႔က ပြဲထြက္ ၁၁ ဦးတင္ မဟုတ္ပါဘူး။ ပထမပြဲထြက္ေနရာအတြက္ ကစားသမား ၁၆ ဦး၊ ၁၇ ဦးေလာက္က တူညီတဲ့ အဆင့္မွာ ကစားႏုိင္ၾကပါတယ္။

က်ေန္ာတို႔က ဒီလူစာရင္းကို သံုးရမွာပါ။ ေစ်းကြက္ထဲ ေပါင္ သန္းေပါင္းမ်ားစြာေသာ သံုးစြဲမွာ မဟုတ္ပါဘူး။ က်ေန္ာတို႔ အဆင္ေျပမယ္ဆိုတဲ့ ကိစၥေတြကိုပဲ လုပ္လိုပါတယ္။ အေျပာင္းအေရႊ႔အတြက္ ေငြသံုးတာခ်ည္းပဲ မလုပ္လိုပါဘူး ” လို႔ ေျဖဆိုခဲ့တာျဖစ္တယ္။

လက္တေလာမွာေတာ့ လီဗာပူးဆိုင္ရာ သတင္းေထာက္ေတြျဖစ္တဲ့ Dominic King_တို႔က မန္ေနဂ်ာကေလာ့ပ္က လာမယ့္ရာသီမွာ နာဘီကီတာ၊ မီနာမီႏို အပါအဝင္ ကစားသမား ေလးဦးေလာက္ကို စင္တင္ဖို႔ ၾကိဳးစားမွာျဖစ္တယ္။ သူဟာ အရည္အခ်င္းရွိ ကစားသမား ႏွစ္ဦးကို ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကး မဟုတ္တဲ့ အေနအထားျဖင့္ ေခၚယူႏုိင္တယ္လို႔ သတင္းေပးသြားပါတယ္။