လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ဖလား ကိုင်မြောက်ရေး ကိစ္စဟာ အက်ဖ်အေဖလားမှာ ချယ်ဆီးအသင်း နောက်တစ်ဆင့် တက်သွားတာကြောင့် စောင့်ဆိုင်းရမယ့် အခြေအနေမှာ ရှိနေပါတယ်။

ပုံမှန်အားဖြင့် ပရီးမီးယားလိဂ် နောက်ဆုံး အိမ်ကွင်းပွဲမှာ ချန်ပီယံအသင်းက ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ခွင့် ရမှာဖြစ်တယ်။ လီဗာပူးအသင်းရဲ့ ဒီရာသီ နောက်ဆုံး အိမ်ကွင်းပွဲက ချယ်ဆီးကို ဧည့်ခံကစားရမယ့် ပွဲလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ ကစားဖို့ ရှိတာကြောင့် ပရီးမီးယားလိဂ်ပွဲကို ရွှေ့ဆိုင်းပေးရဖွယ် ရှိပါတယ်။

လီဗာပူးအသင်းရဲ့ လက်ကျန် ပွဲစဉ်တွေထဲမှာတော့ ပွဲစဉ် ၃၅ အထိ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တိုင်းရဲ့ နေ့ရက်တွေကို အတည်ပြုထားပါပြီ။ ဒါပေမယ့် အာဆင်နယ် (အဝေး)၊ ချယ်ဆီး (အိမ်ကွင်း) နဲ့ နယူးကာဆယ် (အဝေး) ပွဲတွေကို ပွဲချိန် အတည်ပြုဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

ရက်ရွှေ့ရမယ့် ချယ်ဆီးနဲ့ပွဲက ညနက်ပွဲ ဖြစ်သွားနိုင်ပြီး ဇူလိုင်လ ၂၁ ရက်နဲ့ ၂၃ ရက်ကြားမှာ ယှဉ်ပြိုင်ရဖွယ်ရှိတယ်။ ရာသီသိမ်းပွဲအဖြစ် နယူးကာဆယ်နဲ့ အဝေးကွင်းပွဲကတော့ မူလအတိုင်း ဇူလိုင်လ ၂၆ ရက်မှာ ကစားရမှာ ဖြစ်ပါတယ်။

ဂျော်ဒန်ဟန်ဒါဆန် ဆုဖလားကိုင်မြှောက်မယ့် ရက်စွဲက အနည်းငယ် နောက်ကျသွားနိုင်တာဖြစ်ပြီး အစီအစဉ်အတိုင်း နောက်ဆုံး အိမ်ကွင်းပွဲမှာ ချန်ပီယံအဖြစ် ဆုပေးပွဲ လုပ်ဆောင်ပေးမှာပါ။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် မြို့တွင်း လှည့်လည် အောင်ပွဲခံမှုကိုတော့ ဒီရာသီကုန်မှာ မလုပ်နိုင်ဘဲ လာမယ့် ဘောလုံးရာသီ စတင်မယ့် စက်တင်ဘာလမှ လုပ်ခွင့်ရမှာဖြစ်တယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ပရီးမီးယားလိဂ္ဖလား ကိုင္ေျမာက္ေရး ကိစၥဟာ အက္ဖ္ေအဖလားမွာ ခ်ယ္ဆီးအသင္း ေနာက္တစ္ဆင့္ တက္သြားတာေၾကာင့္ ေစာင့္ဆိုင္းရမယ့္ အေျခအေနမွာ ရွိေနပါတယ္။

ပံုမွန္အားျဖင့္ ပရီးမီးယားလိဂ္ ေနာက္ဆံုး အိမ္ကြင္းပြဲမွာ ခ်န္ပီယံအသင္းက ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမွာက္ခြင့္ ရမွာျဖစ္တယ္။ လီဗာပူးအသင္းရဲ႕ ဒီရာသီ ေနာက္ဆံုး အိမ္ကြင္းပြဲက ခ်ယ္ဆီးကို ဧည့္ခံကစားရမယ့္ ပြဲလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲ ကစားဖို႔ ရွိတာေၾကာင့္ ပရီးမီးယားလိဂ္ပြဲကို ေရႊ႔ဆုိင္းေပးရဖြယ္ ရွိပါတယ္။

လီဗာပူးအသင္းရဲ႕ လက္က်န္ ပြဲစဥ္ေတြထဲမွာေတာ့ ပြဲစဥ္ ၃၅ အထိ ယွဥ္ျပိဳင္ရမယ့္ ပြဲစဥ္တိုင္းရဲ႕ ေန႔ရက္ေတြကို အတည္ျပဳထားပါျပီ။ ဒါေပမယ့္ အာဆင္နယ္ (အေဝး)၊ ခ်ယ္ဆီး (အိမ္ကြင္း) နဲ႔ နယူးကာဆယ္ (အေဝး) ပြဲေတြကို ပြဲခ်ိန္ အတည္ျပဳဖို႔ လိုအပ္ေနေသးတာ ျဖစ္ပါတယ္။

ရက္ေရႊ႔ရမယ့္ ခ်ယ္ဆီးနဲ႔ပြဲက ညနက္ပြဲ ျဖစ္သြားႏုိင္ျပီး ဇူလိုင္လ ၂၁ ရက္နဲ႔ ၂၃ ရက္ၾကားမွာ ယွဥ္ျပိဳင္ရဖြယ္ရွိတယ္။ ရာသီသိမ္းပြဲအျဖစ္ နယူးကာဆယ္နဲ႔ အေဝးကြင္းပြဲကေတာ့ မူလအတိုင္း ဇူလိုင္လ ၂၆ ရက္မွာ ကစားရမွာ ျဖစ္ပါတယ္။

ေဂ်ာ္ဒန္ဟန္ဒါဆန္ ဆုဖလားကိုင္ေျမွာက္မယ့္ ရက္စြဲက အနည္းငယ္ ေနာက္က်သြားႏုိင္တာျဖစ္ျပီး အစီအစဥ္အတိုင္း ေနာက္ဆံုး အိမ္ကြင္းပြဲမွာ ခ်န္ပီယံအျဖစ္ ဆုေပးပြဲ လုပ္ေဆာင္ေပးမွာပါ။ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ ျမိဳ႕တြင္း လွည့္လည္ ေအာင္ပြဲခံမႈကိုေတာ့ ဒီရာသီကုန္မွာ မလုပ္ႏုိင္ဘဲ လာမယ့္ ေဘာလံုးရာသီ စတင္မယ့္ စက္တင္ဘာလမွ လုပ္ခြင့္ရမွာျဖစ္တယ္။