မန်ယူကွင်းလယ်လူ ပေါ့ဘာဟာ နွေအြေ့ပာင်းအရွှေ့မှာ စီးရီအေကလပ် ဂျူဗင်တပ်ထံ ပြောင်းခွင့်ရမှာ မဟုတ်ကြောင်း သေချာခဲ့ပါဘူး။ သူ့ရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာကို စီးရီးအေက အီတလီမှာ ဘောလုံးအေဂျင့်လုပ်ခွင့် သုံးလ ပိတ်ခဲ့တာဖြစ်တယ်။

စီးရီးအေရဲ့ အရေးယူမှုကြောင့် ရိုအိုလာ တာဝန်ယူတဲ့ ကစားသမားတိုင်း စီးရီးအေကို ပြောင်းခွင့်ရမှာ မဟုတ်ပဲ မန်ယူမှာတော့ ပေါ့ဘာနဲ့ ဂိုးသမား ရိုမီယိုတို့ကို ရိုင်အိုလာက တာဝန်ယူထားတာဖြစ်ပါတယ်။ အစောတုန်းက လူကာကူကိုလည်း တာဝန်ယူခဲ့သေးပေမယ့် ဘယ်ဂျီယံသားက ဒီနှစ်မှာ အေးဂျင့် ပြောင်းထားခဲ့ပါပြီ။

ရိုအိုလာကို အီတလီဘက်က ပိတ်ပင်မှုဟာ နွေအပြောင်းအရွှေ့ ကာလအတွင်းဖြစ်ပြီး ဇန်နဝါရီမှာတော့ ပြန်လည် တာဝန်ယူခွင့် ပေးဖွယ် ရှိပါတယ်။ ဒါပေမယ့် ပေါ့ဘာရဲ့ ဦးတည်မှုကတော့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် ဖြစ်ပါတယ်။

မနှစ်က နွေကတည်းက လာလီဂါကလပ်ကို ပြောင်းနိုင်ဖို့ ပေါ့ဘာဘက်က ကြိုးစားခဲ့ပြီး မန်ယူဘက်က တားဆီးခဲ့တာဖြစ်တယ်။ ဒါပေမယ့် ဂျူဗင်တပ်ကနေ ယူနိုက်တက်ကို ပြောင်းလာခဲ့တာ သုံးနှစ်ကြာခဲ့ပြီဖြစ်တဲ့ ပေါ့ဘာဟာ နွေမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းလိုစိတ်အား မထိန်းချုပ်နိုင်တော့ပဲ လူသိရှင်ကြား ထုတ်ပြောမှုတွေ လုပ်ထားပါတယ်။

ရီးရဲလ်မက်ဒရစ် မန်နေဂျာ ဇီဒန်းဟာ နွေအပြောင်းအရွှေ့မှာ သူအလိုရှိတဲ့ ကစားသမားတွေကို ကလပ်အသင်းဘက်ကို တောင်းဆိုထားပြီး ပေါ့ဘာလည်း ပါဝင်နေတယ်လို့ သိထားရပါတယ်။