ဆာဒီယိုမာနေးက လီဗာပူးအသင်းမှာ အသင်းဖော် သုံးဦးနဲ့အတူ တွဲဘက်ကစားခွင့်ရတာအတွက် ကံကောင်းကြောင်း ထုတ်ပြောမှု လုပ်ခဲ့ပါတယ်။ မာနေးပြောခဲ့တဲ့ အသင်းဖော် သုံးဦးထဲက နှစ်ဦးကတော့ ဆာလက်နဲ့ ဖာမင်နိုတို့ ဖြစ်ပါတယ်။

ဆာဒီယို မာနေးက ” ကျနေ်ာတို့က ကံကောင်းတဲ့ ကောင်တွေလို့ အမြဲပြောဖြစ်တယ်။ လူတွေက အမြတြမ်း ကျနေ်ာတို့ သုံးယောက်အကြောင်းကို ပြောကြတယ်။ ဒါပေမယ့် အသင်းက တိုက်စစ်သမား သုံးဦးဆိုတာထက် ပိုပါတယ်။

တိုက်စစ်မှာ ဒီ ထူးချွန်လွန်းတဲ့ ကစားသမား နှစ်ဦးနဲ့ တွဲဘက်ကစားခွင့်ရတာက ကျနော်အတွက် ကံကောင်းလှပါတယ်။ သူတို့ကြောင့် ကျနော် ဘာလုပ်လုပ် လွယ်ကူနေခဲ့တယ်။ ကျနော် ဆက်ပြီး ပြင်းပြင်းထန်ထန် ကြိုးစားချင်တယ်။ နောက်လာမယ့် ပွဲတွေအတွက် ပိုပိုပြီး ကောင်းလာဖို့ ကြိုးစားလိုပါတယ် ” လို့ ဆိုခဲ့ပါတယ်။

မာနေး ပြောတဲ့ နောက်ထပ် တစ်ဦးကတော့ ဘယ်တောင်ပံမှာ သူနဲ့အတူ တွဲကစားနေတဲ့ ရော်ဘတ်ဆန်ပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ အရမ်းလည်း အတွဲညီပြီး ပရီးမီးယားလိဂ် အကောင်းဆုံး တောင်ပံအတွဲတွေထဲမှာ ပါဝင်နေကြသူတွေဖြစ်တယ်။

” အန်ဒီက သိပ်ကောင်းတဲ့ ငနဲ။ အားလုံးခြုံပြောရရင် သူက ကစားသမားကောင်းလည်းဖြစ်တယ်။ သူ့ရဲ့ လိုအင်ဆန္ဒနဲ့ ပွဲတွေမှာ ဘယ်လောက်တောင် ဆာလောင်သလဲဆိုတာ အမြဲတမ်း မြင်ရတယ်။ သူက အမြဲတမ်း သင်ယူနေပြီး အမြဲတမ်း တိုးတက်လိုတယ်။

ကျနော်အတွက်ကတော့ သူက ကမ္ဘာပေါ်မှာကော ပရီးမီးယားလိဂ်မှာပါ အကောင်းဆုံး ဘယ်အစွန်လူပါ။ သူက ငယ်သေးပြီး အများကြီး တိုးတက်လာနိုင်တယ်။ သူက မယုံနိုင်လောက်တဲ့ ကစားသမားကောင်းပါပဲ။ အမြဲတမ်း တိုက်စစ်ကို လိုက်ပါပြီး ခံစစ်ပိုင်းမှာလည်း စိတ်ချက်ရတယ်။ တကယ်ကို ဘယ်သူနဲ့မှ မတူတဲ့ ကစားသမားပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

မာနေးရဲ့ ရွေးချယ်မှုတွေက ငြင်းဆန်ဖို့ကို ခက်လှပါတယ်။ လီဗာပူးတိုက်စစ် သုံးယောက်က အတွဲညီလွန်းလှသလို ဘယ်အစွန်မှ ရော်ဘတ်ဆန်နဲ့ မာနေးတို့ရဲ့ တွဲဘက်မှုကလည်း ဟန်ချက်ညီလှတယ်။ အနာဂတ်မှာ ဒီကစားသမားတွေဟာ ဆုဖလားတွေ ပိုမို အောင်မြင်ဖို့ ဆာလောင်နေကြဦးမှာ ဖြစ်ပါတယ်။

ZAWGYI

ဆာဒီယိုမာေနးက လီဗာပူးအသင္းမွာ အသင္းေဖာ္ သံုးဦးနဲ႔အတူ တြဲဘက္ကစားခြင့္ရတာအတြက္ ကံေကာင္းေၾကာင္း ထုတ္ေျပာမႈ လုပ္ခဲ့ပါတယ္။ မာေနးေျပာခဲ့တဲ့ အသင္းေဖာ္ သံုးဦးထဲက ႏွစ္ဦးကေတာ့ ဆာလက္နဲ႔ ဖာမင္နိုတို႔ ျဖစ္ပါတယ္။

ဆာဒီယို မာေနးက ” က်ေန္ာတို႔က ကံေကာင္းတဲ့ ေကာင္ေတြလို႔ အျမဲေျပာျဖစ္တယ္။ လူေတြက အျမျတမ္း က်ေန္ာတို႔ သံုးေယာက္အေၾကာင္းကို ေျပာၾကတယ္။ ဒါေပမယ့္ အသင္းက တိုက္စစ္သမား သံုးဦးဆိုတာထက္ ပိုပါတယ္။

တိုက္စစ္မွာ ဒီ ထူးခၽြန္လြန္းတဲ့ ကစားသမား ႏွစ္ဦးနဲ႔ တြဲဘက္ကစားခြင့္ရတာက က်ေနာ္အတြက္ ကံေကာင္းလွပါတယ္။ သူတို႔ေၾကာင့္ က်ေနာ္ ဘာလုပ္လုပ္ လြယ္ကူေနခဲ့တယ္။ က်ေနာ္ ဆက္ျပီး ျပင္းျပင္းထန္ထန္ ၾကိဳးစားခ်င္တယ္။ ေနာက္လာမယ့္ ပြဲေတြအတြက္ ပိုပိုျပီး ေကာင္းလာဖို႔ ၾကိဳးစားလိုပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

မာေနး ေျပာတဲ့ ေနာက္ထပ္ တစ္ဦးကေတာ့ ဘယ္ေတာင္ပံမွာ သူနဲ႔အတူ တြဲကစားေနတဲ့ ေရာ္ဘတ္ဆန္ပဲ ျဖစ္ပါတယ္။ သူတို႔ ႏွစ္ဦးဟာ အရမ္းလည္း အတြဲညီျပီး ပရီးမီးယားလိဂ္ အေကာင္းဆံုး ေတာင္ပံအတြဲေတြထဲမွာ ပါဝင္ေနၾကသူေတြျဖစ္တယ္။

” အန္ဒီက သိပ္ေကာင္းတဲ့ ငနဲ။ အားလံုးျခံဳေျပာရရင္ သူက ကစားသမားေကာင္းလည္းျဖစ္တယ္။ သူ႔ရဲ႕ လိုအင္ဆႏၵနဲ႔ ပြဲေတြမွာ ဘယ္ေလာက္ေတာင္ ဆာေလာင္သလဲဆိုတာ အျမဲတမ္း ျမင္ရတယ္။ သူက အျမဲတမ္း သင္ယူေနျပီး အျမဲတမ္း တိုးတက္လိုတယ္။

က်ေနာ္အတြက္ကေတာ့ သူက ကမၻာေပၚမွာေကာ ပရီးမီးယားလိဂ္မွာပါ အေကာင္းဆံုး ဘယ္အစြန္လူပါ။ သူက ငယ္ေသးျပီး အမ်ားၾကီး တိုးတက္လာႏုိင္တယ္။ သူက မယံုႏုိင္ေလာက္တဲ့ ကစားသမားေကာင္းပါပဲ။ အျမဲတမ္း တိုက္စစ္ကို လုိက္ပါျပီး ခံစစ္ပိုင္းမွာလည္း စိတ္ခ်က္ရတယ္။ တကယ္ကို ဘယ္သူနဲ႔မွ မတူတဲ့ ကစားသမားပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

မာေနးရဲ႕ ေရြးခ်ယ္မႈေတြက ျငင္းဆန္ဖို႔ကို ခက္လွပါတယ္။ လီဗာပူးတိုက္စစ္ သံုးေယာက္က အတြဲညီလြန္းလွသလို ဘယ္အစြန္မွ ေရာ္ဘတ္ဆန္နဲ႔ မာေနးတို႔ရဲ႕ တြဲဘက္မႈကလည္း ဟန္ခ်က္ညီလွတယ္။ အနာဂတ္မွာ ဒီကစားသမားေတြဟာ ဆုဖလားေတြ ပိုမို ေအာင္ျမင္ဖို႔ ဆာေလာင္ေနၾကဦးမွာ ျဖစ္ပါတယ္။