အကယ်လို့ အွန်လိုင်း ရှာဖွေရေး အင်ဂျင်တွေမှာ “Michael Edwards” ဆိုတဲ့ နာမည်ကို ရိုက်ပြီး ရှာလိုက်မယ်ဆိုရင် နာမည်တူတဲ့ သူတွေကိုပဲ ရှာတွေ့ပါလိမ့်မယ်။ လီဗာပူးအသင်းရဲ့ အားကစားဒါရိုက်တာ မိုင်ကယ်အက်ဝပ်ကိုတော့ ရှာဖွေတွေ့မှာ မဟုတ်ပါဘူး။

ဥရောပနဲ့ အင်္ဂလန်မှာ လီဗာပူးကို အောင်မြင်မှုတွေ ပြန်ရစေဖို့ အဓိက တည်ဆောက်သူတွေထဲမှာ ကြီးကြီးမာစတာ တစ်ဦးဖြစ်တဲ့ အက်ဝပ်ဟာ သိုးဝှက်စွာ နေထိုင်တတ်ပြီး ကျော်ကြားမှုကို သိပ်မမက်တဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ အင်တာဗျူးတွေမှာလည်း မြင်ရခဲ့သလို လူရှေ့ကိုလည်း သိပ်ထွက်မလားခဲ့ဘူး။ ဒါပေမယ့် လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကိုယ်တိုင် ကောင်းကောင်းကြီး လေးစားရသလို လီဗာပူးအသင်းက အားကိုးရတဲ့ အကြီးတန်း ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

ယာဂင်ကလော့ပ် လီဗာပူးအသင်းကို အောင်မြင်အောင် ပဲ့ကိုင်ဖို့ရာ အထောက်အပံ့ကြီးဖြစ်ခဲ့တဲ့ အားကစားဒါရိုက်တာ မိုင်ကယ် အက်ဝပ်ဟာ ဆာလက်၊ ဖာမင်နို၊ မာနေး၊ အယ်လီဆန်နဲ့ ဗန်ဒိုက်တို့ကို လီဗာပူးအသင်း ခေါ်ယူဖို့ရာ တာဝန်ယူခဲ့သူဖြစ်တယ်။ အင်္ဂလန်ချန်ပီယံ၊ ဥရောပချန်ပီယံနဲ့ ကမ္ဘာချန်ပီယံဖြစ်လာခဲ့တဲ့ လီဗာပူးအသင်း အောင်မြင်မှုရမှုမှာ သူ့ကို ဘယ်လိုမှ ဖယ်ထုတ်လို့ မရပါဘူး။ ရှက်ဖီးတက္ကသိုလ်ထွက် အက်ဝပ်ဟာ ဟူးစီးတီးကနေ ရော်ဘတ်ဆန်ကို ခေါ်ယူပြီး ကမ္ဘာဘောလုံးလောကရဲ့ ထိပ်တန်း အစွန်လူဖြစ်လာဖို့ ကူညီပေးမှုမှာ အရေးပါခဲ့သူဖြစ်တယ်။

လီဗာပူးနဲ့ ပက်သက်ပြီး သူ့ကို ရှာမယ်ဆိုရင် ဓါတ်ပုံအချို့ကို တွေ့မှာဖြစ်ပေမယ့် လက်ရှိ အားကစားဒါရိုက်တာ ဖြစ်လာဖို့ သူ့ရဲ့ အဆင့်ဆင့် ဖြတ်ကျော်လာမှုတွေနဲ့ လီဗာပူးမှ သူ့ရဲ့တာဝန်တွေကတော့ လျှို့ဝှက်ချက်တစ်ခုလို ဖြစ်နေဆဲပါပဲ။ သူဟာ ငယ်စဉ်ကတော့ ဘောလုံးကစားခဲ့သေးပြီး ပီတာဘရော့က် အသင်းမှာ အသက် ၁၈ နှစ်ပြည့်ချိန်မှာပဲ ထုတ်ပယ်ခံခဲ့ရတယ်။ ဘောလုံးထက်စာရင် တိုးတက်မှုဆိုင်ရာ အချက်အလက်ပိုင်းကို ဝါဿနာပါ ကျွမ်းကျင်လွန်းတာကြောင့် လပ်တော့ဂုရုလို့လည်း နာမည်ပြောင် ပေးခံခဲ့ရဖူးပါတယ်။

မိုင်ကယ် အတ်ဝပ်

အတ်ဝပ်ရဲ့ အစောပိုင်း နေ့တွေတုန်းက သူက ပိုစ်မောက်အသင်းမှာ ဒေတာစိစစ်သူဖြစ်ပါတယ်။ ပိုစ်မောက်မန်နေဂျာ ရပ်နက်က နည်းနည်းရှက်တတ်တဲ့ အတ်ဝပ်ရဲ့ အရည်အချင်းတွေကို မြင်ခဲ့ပြီး နောက်ပိုင်း သူ စပါးကို ပြောင်းတော့လည်း ခေါ်သွားခဲ့တယ်။ စပါးမှာ အတ်ဝပ်က နှစ်နှစ်လောက် ဆက်ပြီး အလုပ်လုပ်ခဲ့ပါတယ်။

FSG ဟာ အမေရိကန် ဘော့စ်ဘောကလပ် Boston Red Sox မှာ သူတို့ အောင်မြင်ခဲ့တဲ့ ဒေတာနဲ့ အားကစား တွဲဘက်မှုကို လီဗာပူးမှာ အသက်သွင်းတော့ စပါးမှ ကိုမိုလီကို ခေါ်ယူခဲ့ပြီး သူ့ရဲ့ ခေါ်ယူမှုဖြင့် အတ်ဝပ်ဟာ လီဗာပူးအသင်းထံ ရောက်လာခဲ့ပါတယ်။

လီဗာပူးမှာ အတ်ဝပ်ဟာ ရာထူး လေးကြိမ်တက်ခဲ့ပါတယ်။

  • ၁) စွမ်းဆောင်ရည် စိစစ်သူ (၂၀၁၁-၂၀၁၃)
  • ၂) နည်းစနစ်ဆိုင်ရာ စွမ်းဆောင်ရည် ဒါရိုက်တာ (၂၀၁၃-၂၀၁၅)
  • ၃) နည်းစနစ်ဆိုင်ရာ ဒါရိုက်တာ (၂၀၁၅-၂၀၁၆)
  • ၄) အားကစား ဒါရိုက်တာ (၂၀၁၆- လက်ရှိ)

ကိုမိုလီဟာ စပါးအသင်းဥက္ကဌ ဒန်နီရယ် လီဗိုင်းလက်ထက်မှာ အရေးပါသူတစ်ဦးပါ။ လီဗာပူးက သူ့ကို မျှော်လင့်ချက်ကြီးဖြင့် ခေါ်ယူခဲ့ပြီး အားကစားဒါရိုက်တာ တာဝန်ကို ပေးအပ်ခဲ့တယ်။ ကိုမိုလီကလည်း စပါးကနေ အတ်ဝပ်ကို ခေါ်ယူခဲ့ပါတယ်။ စပါးအသင်းက Decision Technology လို့ ခေါ်တဲ့ ဒေတာကုမ္ပဏီနဲ့ အလုပ်တွဲလုပ်ခဲ့ပြီး လီဗာပူးအသင်းကလည်း ဒီလို ဒေတာပိုင်းဆိုင်ရာကို အသွင်းပြောင်းမှု ကာလမှာ ထည့်သွင်းခဲ့ပါတယ်။

လီဗာပူးအသင်းကို အတ်ဝပ် တာဝန်ယူနေစဉ်မှာပဲ ဒေတာပိုင်းဆိုင်ရာ သိပ္ပံပညာရှင်ဖြစ်တဲ့ Dr Ian Graham ကို လီဗာပူးအတွက် ခေါ်ယူခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ မန်ဆာချူးဆက်က ဘော်စတွန်မြို့ကိုအသွား လေယာဉ်ခရီးမှာ ဆုံတွေ့ခဲ့ကြတာဖြစ်တယ်။ ၈ နာရီကြာတဲ့ အဆိုပါ ခရီးမှာပဲ အတ်ဝပ်က ဂရေဟမ်ကို လီဗာပူးရဲ့ ရှာဖွေရေးဆိုင်ရာ ခေါင်းဆောင်အဖြစ် တာဝန်ယူပေးဖို့ ညိနှိုင်းနိုင်ခဲ့ပါတယ်။ ကံကောင်းတာက ဂရေဟမ်ဟာ လီဗာပူးအမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဂရေဟမ်က လီဗာပူးကို ပြောင်းလာခဲ့ပြီး အတ်ဝပ်နဲ့ တွဲဘက်လုပ်ရတဲ့ သုတေသနနဲ့ စိစစ်မှုဆိုင်ရာဌာန (Research and analytics department) ကို ဦးဆောင်ခဲ့ပါတယ်။ အဆိုပါ ဌာနရဲ့ တာဝန်က လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးကို အခြေခံ တွက်ချက်ပေးတာဖြစ်ပြီး ကစားသမား ခေါ်ယူမှုတွေအတွက်၊ အားကစားသိပ္ပံ၊ ဆေးအဖွဲ့နဲ့ ဘဏ္ဍာရေးဌာနတွေအတွက် အဓိက တွက်ချက်မှုတွေ ထုတ်ပေးရတာဖြစ်တယ်။ သူဦးဆောင်တဲ့ အဖွဲ့မှာတော့ ဟားဗက်တက္ကသိုလ်ဆင်းတွေပါ ပါဝင်ပါတယ်။

ဒီနေရာမှာ ကြားဖြတ်ပြောရမယ်ဆိုရင် ဟောလိဝုဒ်သရုပ်ဆောင် ဘရက်ပစ် ပါဝင်တဲ့ ‘Money Ball’ ဇာတ်ကားကို ကြည့်ဖူးကြသလား ဆိုတာပါပဲ။ အမေရိကန် မေဂျာလိဂ် ဘေစ့်ဘော အသင်းဖြစ်တဲ့ Boston Red Sox ပိုင်ရှင်ဟာ သူတို့အသင်းကို ချန်ပီယံဖြစ်ဖို့ ကွင်းထဲက ကစားသမားတွေတင် မဟုတ်ဘဲ ဒေတာပိုင်းဆိုင်ရာ စိစစ်မှုကိစ္စတွေကိုပါ ပေါင်းစည်းခဲ့ပါတယ်။ မော်ဒန် ဘောလုံးလောကမှာတော့ အားကစား-သိပ္ပံလိုခေါ်တဲ့ နည်းပညာနဲ့ ပေါင်းစပ်တဲ့ တိုးတက်မှု ရှာဖွေရေးတွေက သိပ်ကို အသုံးပြုလာကြပါတယ်။

အတ်ဝပ်က လီဗာပူးအသင်းမှာတော့ ဘယ်ရီ ဟန်တာ၊ ဒေ့ဖော်လိုးဆိုတဲ့ တွဲဘက် နှစ်ဦးနဲ့အတူ အပြောင်းအရွှေ့ ကော်မတီမှာ တာဝန်ကြီးတွေ ယူထားသူဖြစ်တယ်။ လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တော့ အသင်းဥက္ကဌ ဝါနာက အရေးပါတဲ့ သူတွေကို ဆက်တိုက် ဂုဏ်ပြုစကားတွေ ပို့ရာမှာ ပထမဆုံး မက်ဆေ့ပို့ပြီး ကျေးဇူးတင်တော့ ကလော့ပ်ကို မဟုတ်ဘဲ အတ်ဝပ်ကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

အစောပိုင်းမှာ မအောင်မြင်ခဲ့တဲ့ အပြောင်းအရွှေ့ ကော်မတီ

လီဗာပူးအသင်းဟာ မော်ဒန်ဘောလုံးအသင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရာမှာ မန်နေဂျာနဲ့ အားကစားဒါရိုက်တာ တွဲဘက်လုပ်ဆောင်စေမှုက အဓိက ပြောင်းလဲမှုဖြစ်ခဲ့ပါတယ်။ မန်နေဂျာတွေက လေ့ကျင့်ရေးကွင်းမှာ ပိုမိုတာဝန်ယူရပြီး ဈေးကွက်ထဲကိုတော့ ငွေကြေးနဲ့ ကိန်းဂဏန်းပိုင်းတွေမှာ ပိုမို နားလည်တဲ့ ကျွမ်းကျင်သူတွေ ဝင်ရောက်ခဲ့တာပါ။

FSG လက်ထက် အစောပိုင်းမှာ မန်နေဂျာဒဲလ်ဂလစ်အတွက် ကိုမိုလီ အင်အားဖြည့်ပေးခဲ့တဲ့ ဟန်ဒါဆန်၊ ဒေါင်းနင်း၊ ချာလီအဒမ်၊ ကာရိုးတို့ မအောင်မြင်ဖြစ်မှုကြောင့် ကိုမိုလီက ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတယ်။ အဲ့နောက်ပိုင်းမှာတော့ FSG ကိုယ်စားလှယ် ပါဝင်တဲ့ အပြောင်းအရွှေ့ ကော်မတီကပဲ လီဗာပူးအသင်းရဲ့ ကစားသမား အဝယ် အရောင်းတွေကို ဦးဆောင်ပါတယ်။

၂၀၁၄ မှာ ဘောလုံးရာသီ မစခင် တစ်ပတ်အလိုမှာ ဘာစီလိုနာထံ ဆွာရက်စ်ပြောင်းတော့ လီဗာပူးက ဆောက်သမ်တန်က လမ်ဘတ်ကို ခေါ်ယူထားပါတယ်။ ဒါပေမယ့် ဆွာရက်စ်နေရာ အစားထိုးဖို့ လမ်ဘတ်က ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားပါ။ အဲ့တုန်းက ဘာလော့တယ်လီကို ခေါ်လိုရပါမယ်။ အီတိုး ရှိပါမယ်။ ရမ်မီက ဆေးကျပါတယ်။ ဘရန်ဒန်ရော်ဂျာက ဖိအားတွေ ဝင်လာပါတယ်။ သူက ကလပ် တာဝန်ရှိသူတွေကို အပြောင်းအရွှေ့မှာ လုပ်ပိုင်ခွင့်ပိုပေးဖို့ တောင်းဆိုပါတော့တယ်။

လီဗာပူးတာဝန်ရှိသူတွေက ခွင့်ပြုပေးလိုက်ပါတယ်။ ရော်ဂျာက ဘာလော့တယ်လီကို ခေါ်ပါတယ်။ လီဗာပူးက ဘာလော့တယ်လီက အသင်းအကြိုက် ပုံစံ မဟုတ်ပေမယ့် အခြေအနေက ဘရန်ဒန်ရော်ဂျာက သူ့နည်းလမ်းအတိုင်းပဲ လုပ်ဆောင်ဖို့ ခွင့်တောင်းလာတော့ ခွင့်ပြုလိုက်တာဖြစ်တယ်။ ဘရန်ဒန်ရော်ဂျာက ဒီကစားသမားလိုတယ်၊ ဒီတစ်ယောက်လိုတယ်ဆိုပြီး သူလိုတဲ့ ကစားသမားတွေ တောင်းပါတယ်။ ဆွာရက်စ်ကို ဆုံးရံှူးခဲ့တာကြောင့် ရော်ဂျာလိုတဲ့ ကစားသမားတွေကို အသင်းက ခေါ်ယူပေးခဲ့တယ်။

လီဗာပူးဘက်က အပြောင်းအရွှေ့ကို တာဝန်ယူမှု တူညီစွာနဲ့ ခေါ်ယူမှု လုပ်လိုပါတယ်။ မန်နေဂျာ၊ အားကစားဒါရိုက်တာနဲ့ အပြောင်းအရွှေ့ ကော်မတီ တို့ သဘောတူညီမှုနဲ့ လူသစ်ခေါ်တာမျိုးကို လုပ်လိုတယ်။ ရော်ဂျာရဲ့ တောင်းဆိုမှုကို ခွင့်ပြုပြီးနောက် အသင်းဘက်က ကစားသမား ခေါ်ယူမှုတွေ အားလုံးကို မန်နေဂျာတစ်ဦးတည်းက တာဝန်ယူပေးရမယ်လို့ သတိပေးခဲ့တယ်။ သတိပေးမှုအတိုင် လီဗာပူးအသင်း ရလဒ်တွေ ဆိုးလာတဲ့နောက်မှာ ရော်ဂျာက ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။

လီဗာပူး၊ အတ်ဝပ်နဲ့ မန်နေဂျာသစ်ရှာပုံတော်

ဘရန်ဒန်ရော်ဂျာကို ထုတ်ပယ်ပြီး မန်နေဂျာသစ်အဖြစ် တာဝန်ပေးဖို့ လီဗာပူးအသင်း စဉ်းစားခဲ့တဲ့ မန်နေဂျာက သုံးဦးရှိခဲ့တယ်။ သူတို့တွေက ဟိုဝီ၊ ကလော့ပ်နဲ့ အန်ဆယ်လော့တီတို့ ဖြစ်ပါတယ်။ အဲ့သည်တုန်းက လီဗာပူးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာဖြစ်တဲ့ အတ်ဝပ်ဟာ အသင်းအတွက် မန်နေဂျာသစ်ရှာပေးဖို့ တာဝန်ရှိသူတစ်ဦး ဖြစ်ခဲ့ပြီး မန်နေဂျာလောင်း သုံးဦးထဲက တစ်ဦးကို ရွေးချယ်ပေးဖို့ စဉ်းစားရပါတယ်။

ဝါအရင့်ဆုံးဖြစ်တဲ့ အန်ဆယ်လော့တီက ဥရောပနဲ့ အမှတ်ပေးဖလားတွေမှာ အောင်မြင်မှုနှုန်းမြင့်မားပါတယ်။ သူဟာ ဂျူဗင်တပ်၊ အေစီမီလန်၊ ချယ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေကို တာဝန်ယူခဲ့သူပါ။ ဒါပေမယ့် အန်ဆယ်လော့တီရဲ့ အပြောင်းအရွှေ့ ခေါ်ယူမှု မှတ်တမ်းက လီဗာပူးသွားလိုတဲ့ ပေါ်လစီနဲ့ ညိစွန်းမှု ရှိနေခဲ့တယ်။ လီဗာပူးရဲ့ သီအိုရီက ပထမနှစ်မှာ မန်နေဂျာတွေက ကစားသမား ခေါ်ယူမှုတွေကို ဝင်စွက်ခွင့် မရှိပါဘူး။ နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်ကြာလို့ မန်နေဂျာတွေရဲ့ လုပ်နိုင်ခွင့်ကို မူတည်ပြီး လူခေါ်ယူမှုမှာ ပါဝင်ပက်သက်မှု ကြီးမားစေမှာဖြစ်တယ်။

အန်ဆယ်လော့တီက ဝါရင့်တွေကို ခေါ်ယူမှုများပြီး ဒါဟာ အသင်းဘက်က အသုံးစရိတ် ချပေးမှ လူခေါ်နိုင်မယ့် အနေအထားဖြစ်တယ်။ အတ်ဝပ်နဲ့ လီဗာပူး တာဝန်ရှိသူတွေက အသက် ၂၆ နှစ် မကျော်တဲ့ ကစားသမားတွေကိုပဲ ခေါ်ယူလိုပြီး သူတို့ကို ကောင်းကောင်းကိုင်တွယ်ပေးနိုင်မယ့် မန်နေဂျာကို အလိုရှိခဲ့တယ်။ ဒါမှ ကစားသမားတွေကို သုံး၊ လေးနှစ်သုံးပြီး အံမဝင်ရင် အသုံးစရိတ်ရှာဖို့ ပြန်ထုတ်ရောင်းခွင့် ရှိပါမယ်။

ဟိုဝီကလည်း ဘုန်းမောက်မှာ လူငယ်တွေကို ပျိုးထောင်ပေးပြီး ဆွဲဆောင်မှုရှိတဲ့ ကစားဟန်ကို ဖော်ဆောင်နေသူပါ။ ဒါ့အပြင် အတ်ဝပ်နဲ့ ဟိုဝီက ပို့မောက်မှာ ခင်မင်ရင်းနှီးခဲ့ကြပါသေးတယ်။ လီဗာပူးက ကစားသမား ခေါ်ယူရေးတွေမှာ ကြီးကြီးမားမား ဝင်မစွက်ဖက်လိုတဲ့ မန်နေဂျာကိုပဲ ခေါ်ယူလိုခဲ့တယ်။ ဟိုဝီက လီဗာပူးနဲ့ အံဝင်ပေမယ့် သူက ထိပ်တန်းအဆင့်တွေမှာ သက်သေမပြဖူးသလို ဥရောပအတွေ့အကြုံ လုံးဝ မရှိခဲ့ပါဘူး။

ယာဂင်ကလော့ပ်ကတော့ အထက်က နှစ်ဦးနဲ့ ခြားနားပြီး ဥရောပအတွေ့အကြုံရှိသလို အောင်မြင်မှုတွေလည်း ရထားသူပါ။ အထူးသဖြင့် သူက ဒေါ့မွန်မှာ အားကစားဒါရိုက်တာနဲ့ လက်တွဲပြီး အလုပ်လုပ်ဖူးသူဖြစ်တယ်။ လီဗာပူးပိုင်ရှင်တွေကို အတ်ဝပ်က ကလော့ပ်သည်သာ လီဗာပူးအတွက် သင့်လျော်မယ်လို့ အကြံပေးခဲ့တယ်။ ဒါပေမယ့် ထင်သလောက် မလွယ်တဲ့ ကိစ္စကတော့ ဒေါ့မွန်ကနေ အနားယူထားတဲ့ ကလော့ပ်က တစ်နှစ် အနားယူမယ်လို့ ကြေညာထားတာပါပဲ။ လီဗာပူးဘက်က ယာဂင်ကလေ့ာပ်ကို ရွေးချယ်တဲ့နောက် ဂျာမာန်သားကို ဆွဲဆောင်ဖြားယောင်းဖို့လည်း ထပ်မံ ကြိုးစားခဲ့ရပါတယ်။

ယာဂင်ကလော့ပ် လီဗာပူးကို ရောက်လာစဉ် ပထမဆုံးပွဲဖြစ်တဲ့ ၂၀၁၅ ခုနှစ် အောင်တိုဘာလ ၁၇ ရက်နေ့က စပါးကို သရေကျတဲ့ပွဲမှာ ထုတ်တဲ့ လူစာရင်းအတွက် အတ်ဝပ်ရဲ့ ရွေးချယ်မှုကလည်း အဓိကအဖြစ် ပါဝင်ခဲ့ပါတယ်။ အဲ့သည်အချိန်တုန်းက အတ်ဝပ်နဲ့တကွ လီဗာပူး တာဝန်ရှိသူတွေက နွေမှာ လုပ်ဆောင်ရမယ့် အပြောင်းအရွှေ့တွေအတွက် သူတို့ တာဝန်ယူရမယ်ဆိုတာကို နားလည်တာကြောင့် အဲ့လို လုပ်ခဲ့ကြတာဖြစ်တယ်။

ကော်တင်ညိုကို ၁၄၂ သန်းဖြင့် ရောင်းထုတ်နိုင်မှုက လီဗာပူးအတွက် အကြီးမားဆုံး လုပ်ဆောင်မှု ဖြစ်ခဲ့တယ်။ နာမည်မကြီးပေမယ့် လီဗာပူးအတွက် အကျိုးဖြစ်ခဲ့တဲ့ လုပ်ရပ်တွေက အိုင်ဘ်နဲ့ ဘရတ်စမစ် အတွက် ဘုန်းမောက်ကို ပေါင် ၂၁ သန်း၊ ကီဗင် စတီးဝပ်ကို ဟူးစီးတီးထံ ပေါင် ၈ သန်း၊ ဒန်နီဝတ်ကို လက်စတာထံ ပေါင် ၁၂.၅ သန်း၊ ဆာခိုကို ပဲလေစ့်ထံ ပေါင် ၂၆ သန်း ဖြင့် ရောင်းထုတ်မှုတွေကလည်း လီဗာပူးအပြောင်းအရွှေ့ ကော်မတီရဲ့ လုပ်နိုင်စွမ်းတွေ ဖြစ်ခဲ့ပါတယ်။

အတ်ဝပ်နဲ့ ကော်မတီ အဖွဲ့ဝင်တွေက သူတို့ အစီအစဉ်အတိုင်းပဲ အစောပိုင်းကာလမှာ ကစားသမား ရောင်းထုတ်မှုတွေကနေ ငွေရှာပြီး ကလော့ပ်ကို ပံ့ပိုးပေးဖို့ လုပ်ဆောင်ခဲ့ကြတာပါ။ ကလော့ပ် ကိုယ်တိုင်ကလည်း ကစားသမားတစ်ဦးကို သန်း ရာချီ ပေးတာထက် လေ့ကျင့်ရေးမှာ သူကိုယ်တိုင် ပျိုးထောင်ရတာကို နှစ်သက်ခဲ့တယ်။ ကလော့ပ်နဲ့ အတ်ဝပ်တို့ကြားက နားလည်မှုနဲ့ အတွဲညီမှုက လီဗာပူးရဲ့ အောင်မြင်မှုအတွက် အထောက်အပံ့ဖြစ်ခဲ့ပါတယ်။

အတ်ဝပ်နဲ့ ပက်သက်ပြီး ကလော့ပ်က “ ကျနေ်ာတို့ကြား သိပ်ကောင်းတဲ့ ဆက်ဆံရေးရှိပါတယ်။ သူက သိပ်တွေးတဲ့သူဗျ။ အစောပိုင်း ဆွေးနွေးမှုတွေမှာ ကျနေ်ာတို့ကြား ညိနှိုင်းမှုတွေမှာ ဘယ်တော့မှ အမြင်တူတူ မထွက်ဘူး။ ဒါပေမ့် ကျနေ်ာတို့ ညိယူရင်း ဦးတည်ချက် အမြဲတမ်း တူသွားခဲ့တယ်။ တူညီတဲ့ အမြင်တွေနဲ့ပဲ အဆုံးသတ်တယ် ” လို့ ဖွင့်ဟခဲ့တယ်။

အားကစားဒါရိုက်တာက မန်နေဂျာရဲ့ အထက်မှာလား

လီဗာပူးအသင်းအတွက် မိုင်ကယ် အတ်ဝပ်ရဲ့ အရေးပါမှုက မြင့်မားပေမယ့်လို့ သူဟာ မန်နေဂျာထက်တော့ ပိုပြီး ပါဝါမကြီးပါဘူး။ လီဗာပူးအသင်း ဖွဲ့စည်းပုံအရ အားကစားဒါရိုက်တာဟာ မန်နေဂျာကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ဖို့ လုပ်ပိုင်ခွင့် ပိုရထားတဲ့ သဘောပဲဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ဆာလက်က လီဗာပူးကို ပြောင်းလာပြီးတည်းက နှစ်ရာသီဆက် ရွှေဖိနပ်ဆု ရထားသလို ဒီရာသီမှာလည်း ရွှေဖိနပ်ဆုကို စိန်ခေါ်ဖို့ ကြိုးစားနေဆဲပါ။ ဒါပေမယ့် ဆာလက်ကို ခေါ်ယူဖို့က ယာဂင်ကလော့ပ် မြင်ခဲ့တာ မဟုတ်ပါဘူး။ သူ့ကို မြင်ခဲ့သူက မိုင်ကယ်အတ်ဝပ်နဲ့အဖွဲ့ ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်က ၂၀၁၇ မှာတုန်းက ဆာလက် မတိုင်ခင် လေဗာကူဆင် ကစားသမား ဂျူလီယန် ဘာရတ်ကို ခေါ်ယူလိုပါတယ်။ အတ်ဝပ်က ဆာလက်က ပိုသင့်လျော်မယ်ဆိုတာကို ရှင်းပြခဲ့တယ်။ ချယ်ဆီးမှာ ရုန်းကန်ခဲ့မှုအရ ဆာလက် ပရီးမီးယားလိဂ်မှာ အဆင်ပြေမလား ကလော့ပ်က သံသယရှိခဲ့တယ်။ အဲ့သည်မှာ အတ်ဝပ်က သူရထားတဲ့ အချက်အလက်တွေကို ထုတ်ပြပြီး ရိုးမားကစားသမားဟောင်းက လီဗာပူးနဲ့ အံဝင်နိုင်တာကို ရှင်းပြတယ်။

မန်နေဂျာနဲ့ အားကစားဒါရိုက်တာတို့ဟာ နည်းပြအဖွဲ့နဲ့ ဒေတာစိစစ်သူတွေရဲ့ ခေါင်းဆောင်တွေအဖြစ် ဖြစ်လာနိုင်တဲ့ အနေအထားတွေကို ဆွေးနွေးခဲ့ကြတယ်။ အဲ့နောက်မှာ ကလော့ပ်က ဆာလက်ကို ခေါ်ယူဖို့ မီးစိမ်းပြခဲ့ပြီး အတ်ဝပ်ဦးဆောင်တဲ့ အဖွဲ့က ပေါင် ၃၆ သန်းနဲ့ ညိနှိုင်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆာလက်က လီဗာပူးနဲ့ အောင်မြင်မှုတွေ အများကြီး ရခဲ့သလို ဘာရတ်ကလည်း လေဗာကူဆင်မှာ အောင်မြင်နေတယ်။ သူတို့ နှစ်ဦးမှာ ဆာလက်ကို ရွေးခဲ့တာက မှားယွင်းမှု မဟုတ်ဘူးဆိုတာကိုတော့ လက်ခံကြမှာပါ။

ဒါပေမယ့် မိုင်ကယ်အတ်ဝပ်က အမှားတွေလည်း လုပ်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်တွေထဲမှာ အမှားဆုံးကတော့ ၂၀၁၇ နွေမှာ ဆောက်သမ်တန်က ဗန်ဒိုက်ကို ရဖို့ ချယ်ဆီး၊ မန်စီးတီးတို့နဲ့ အပြိုင် ကြိုးစားရာမှာ စည်းဖောက်ခဲ့တာပါပဲ။ ဒီဖြစ်ရပ်အတွက် လီဗာပူးအသင်းက ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ကို တရားဝင် တောင်းပန်ခဲ့ရပါတယ်။ ရှေ့ထွက် တောင်းပန်သူကတော့ ကလော့ပ်ဖြစ်ခဲ့ပြီး ဒီဖြစ်ရပ်ကပဲ အတ်ဝပ်ကို ပိုမို တိုးတိတ်စွာ လှုပ်ရှားဖို့ အကြောင်းရင်း ဖြစ်စေခဲ့တယ်။

လီဗာပူးအသင်း အောင်မြင်လာတဲ့နောက် ဒီအစုအဖွဲ့ကို ရှေ့ကနေ ဦးဆောင်နေတဲ့ ကလော့ပ်ကို လူတိုင်းက ချီးကျူးကြသလို နောက်ကွယ်က ပံ့ပိုးပေးနေတဲ့ အတ်ဝပ်အကြောင်းကို လူတိုင်းက ရှာဖွေစပ်စုကြပါတယ်။ ဒါပေမယ့်လို့ အတ်ဝပ်ဆိုတာ ဘယ်သူလဲ? သူဦးဆောင်နေတဲ့ ဒေတာစိစစ်ရေးအဖွဲ့တွေ ဘယ်လို အလုပ်လုပ်သလဲ? ဆိုတာက ရေရေရာရာ မဖော်ထုတ်နိုင်တဲ့ လျှို့ဝှက်ချက်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။

ဒီဆောင်းပါးကတော့ နာမည်ကျော် လီဗာပူးသတင်းထောက်တွေဖြစ်တဲ့ Oliver Kay, James Pearce နဲ့ Simon Hughes တို့ရဲ့ ဖော်ပြမှုတွေကို ကိုးကားပြီး ပြန်လည် ဖော်ပြခြင်းပဲဖြစ်ပါတယ်။

ရေးသားသူ – ဟန်သာ

ZAWGYI

အကယ္လို႔ အြန္လုိင္း ရွာေဖြေရး အင္ဂ်င္ေတြမွာ “Michael Edwards” ဆိုတဲ့ နာမည္ကို ရိုက္ျပီး ရွာလိုက္မယ္ဆိုရင္ နာမည္တူတဲ့ သူေတြကိုပဲ ရွာေတြ႔ပါလိမ့္မယ္။ လီဗာပူးအသင္းရဲ႕ အားကစားဒါရိုက္တာ မုိင္ကယ္အက္ဝပ္ကိုေတာ့ ရွာေဖြေတြ႔မွာ မဟုတ္ပါဘူး။

ဥေရာပနဲ႔ အဂၤလန္မွာ လီဗာပူးကို ေအာင္ျမင္မႈေတြ ျပန္ရေစဖို႔ အဓိက တည္ေဆာက္သူေတြထဲမွာ ၾကီးၾကီးမာစတာ တစ္ဦးျဖစ္တဲ့ အက္ဝပ္ဟာ သိုးဝွက္စြာ ေနထိုင္တတ္ျပီး ေက်ာ္ၾကားမႈကို သိပ္မမက္တဲ့ သူတစ္ဦးလည္းျဖစ္ပါတယ္။ သူဟာ အင္တာဗ်ဴးေတြမွာလည္း ျမင္ရခဲ့သလို လူေရွ႔ကိုလည္း သိပ္ထြက္မလားခဲ့ဘူး။ ဒါေပမယ့္ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကိုယ္တိုင္ ေကာင္းေကာင္းၾကီး ေလးစားရသလို လီဗာပူးအသင္းက အားကိုးရတဲ့ အၾကီးတန္း ပုဂၢိဳလ္တစ္ဦးျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ လီဗာပူးအသင္းကို ေအာင္ျမင္ေအာင္ ပဲ့ကိုင္ဖို႔ရာ အေထာက္အပံ့ၾကီးျဖစ္ခဲ့တဲ့ အားကစားဒါရိုက္တာ မုိင္ကယ္ အက္ဝပ္ဟာ ဆာလက္၊ ဖာမင္ႏို၊ မာေနး၊ အယ္လီဆန္နဲ႔ ဗန္ဒိုက္တို႔ကို လီဗာပူးအသင္း ေခၚယူဖို႔ရာ တာဝန္ယူခဲ့သူျဖစ္တယ္။ အဂၤလန္ခ်န္ပီယံ၊ ဥေရာပခ်န္ပီယံနဲ႔ ကမၻာခ်န္ပီယံျဖစ္လာခဲ့တဲ့ လီဗာပူးအသင္း ေအာင္ျမင္မႈရမႈမွာ သူ႔ကို ဘယ္လိုမွ ဖယ္ထုတ္လို႔ မရပါဘူး။ ရွက္ဖီးတကၠသိုလ္ထြက္ အက္ဝပ္ဟာ ဟူးစီးတီးကေန ေရာ္ဘတ္ဆန္ကို ေခၚယူျပီး ကမၻာေဘာလံုးေလာကရဲ႕ ထိပ္တန္း အစြန္လူျဖစ္လာဖို႔ ကူညီေပးမႈမွာ အေရးပါခဲ့သူျဖစ္တယ္။

လီဗာပူးနဲ႔ ပက္သက္ျပီး သူ႔ကို ရွာမယ္ဆိုရင္ ဓါတ္ပံုအခ်ိဳ႔ကို ေတြ႔မွာျဖစ္ေပမယ့္ လက္ရွိ အားကစားဒါရိုက္တာ ျဖစ္လာဖို႔ သူ႔ရဲ႕ အဆင့္ဆင့္ ျဖတ္ေက်ာ္လာမႈေတြနဲ႔ လီဗာပူးမွ သူ႔ရဲ႕တာဝန္ေတြကေတာ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုလို ျဖစ္ေနဆဲပါပဲ။ သူဟာ ငယ္စဥ္ကေတာ့ ေဘာလံုးကစားခဲ့ေသးျပီး ပီတာဘေရာ့က္ အသင္းမွာ အသက္ ၁၈ ႏွစ္ျပည့္ခ်ိန္မွာပဲ ထုတ္ပယ္ခံခဲ့ရတယ္။ ေဘာလံုးထက္စာရင္ တိုးတက္မႈဆုိင္ရာ အခ်က္အလက္ပိုင္းကို ဝါႆနာပါ ကၽြမ္းက်င္လြန္းတာေၾကာင့္ လပ္ေတာ့ဂုရုလို႔လည္း နာမည္ေျပာင္ ေပးခံခဲ့ရဖူးပါတယ္။

မိုင္ကယ္ အတ္ဝပ္

အတ္ဝပ္ရဲ႕ အေစာပိုင္း ေန႔ေတြတုန္းက သူက ပိုစ္ေမာက္အသင္းမွာ ေဒတာစိစစ္သူျဖစ္ပါတယ္။ ပိုစ္ေမာက္မန္ေနဂ်ာ ရပ္နက္က နည္းနည္းရွက္တတ္တဲ့ အတ္ဝပ္ရဲ႕ အရည္အခ်င္းေတြကို ျမင္ခဲ့ျပီး ေနာက္ပိုင္း သူ စပါးကို ေျပာင္းေတာ့လည္း ေခၚသြားခဲ့တယ္။ စပါးမွာ အတ္ဝပ္က ႏွစ္ႏွစ္ေလာက္ ဆက္ျပီး အလုပ္လုပ္ခဲ့ပါတယ္။

FSG ဟာ အေမရိကန္ ေဘာ့စ္ေဘာကလပ္ Boston Red Sox မွာ သူတို႔ ေအာင္ျမင္ခဲ့တဲ့ ေဒတာနဲ႔ အားကစား တြဲဘက္မႈကို လီဗာပူးမွာ အသက္သြင္းေတာ့ စပါးမွ ကိုမိုလီကို ေခၚယူခဲ့ျပီး သူ႔ရဲ႕ ေခၚယူမႈျဖင့္ အတ္ဝပ္ဟာ လီဗာပူးအသင္းထံ ေရာက္လာခဲ့ပါတယ္။

လီဗာပူးမွာ အတ္ဝပ္ဟာ ရာထူး ေလးၾကိမ္တက္ခဲ့ပါတယ္။

  • ၁) စြမ္းေဆာင္ရည္ စိစစ္သူ (၂၀၁၁-၂၀၁၃)
  • ၂) နည္းစနစ္ဆုိင္ရာ စြမ္းေဆာင္ရည္ ဒါရိုက္တာ (၂၀၁၃-၂၀၁၅)
  • ၃) နည္းစနစ္ဆုိင္ရာ ဒါရိုက္တာ (၂၀၁၅-၂၀၁၆)
  • ၄) အားကစား ဒါရိုက္တာ (၂၀၁၆- လက္ရွိ)

ကိုမိုလီဟာ စပါးအသင္းဥကၠဌ ဒန္နီရယ္ လီဗိုင္းလက္ထက္မွာ အေရးပါသူတစ္ဦးပါ။ လီဗာပူးက သူ႔ကို ေမွ်ာ္လင့္ခ်က္ၾကီးျဖင့္ ေခၚယူခဲ့ျပီး အားကစားဒါရိုက္တာ တာဝန္ကို ေပးအပ္ခဲ့တယ္။ ကိုမိုလီကလည္း စပါးကေန အတ္ဝပ္ကို ေခၚယူခဲ့ပါတယ္။ စပါးအသင္းက Decision Technology လို႔ ေခၚတဲ့ ေဒတာကုမၸဏီနဲ႔ အလုပ္တြဲလုပ္ခဲ့ျပီး လီဗာပူးအသင္းကလည္း ဒီလို ေဒတာပိုင္းဆိုင္ရာကို အသြင္းေျပာင္းမႈ ကာလမွာ ထည့္သြင္းခဲ့ပါတယ္။

လီဗာပူးအသင္းကို အတ္ဝပ္ တာဝန္ယူေနစဥ္မွာပဲ ေဒတာပိုင္းဆိုင္ရာ သိပၸံပညာရွင္ျဖစ္တဲ့ Dr Ian Graham ကို လီဗာပူးအတြက္ ေခၚယူခဲ့ပါတယ္။ သူတို႔ႏွစ္ဦးဟာ မန္ဆာခ်ဴးဆက္က ေဘာ္စတြန္ျမိဳ႔ကိုအသြား ေလယာဥ္ခရီးမွာ ဆံုေတြ႔ခဲ့ၾကတာျဖစ္တယ္။ ၈ နာရီၾကာတဲ့ အဆိုပါ ခရီးမွာပဲ အတ္ဝပ္က ဂေရဟမ္ကို လီဗာပူးရဲ႕ ရွာေဖြေရးဆိုင္ရာ ေခါင္းေဆာင္အျဖစ္ တာဝန္ယူေပးဖို႔ ညိႏိႈင္းႏုိင္ခဲ့ပါတယ္။ ကံေကာင္းတာက ဂေရဟမ္ဟာ လီဗာပူးအမာခံပရိသတ္တစ္ဦးျဖစ္ပါတယ္။

ေနာက္ပိုင္းမွာ ဂေရဟမ္က လီဗာပူးကို ေျပာင္းလာခဲ့ျပီး အတ္ဝပ္နဲ႔ တြဲဘက္လုပ္ရတဲ့ သုေတသနနဲ႔ စိစစ္မႈဆိုင္ရာဌာန (Research and analytics department) ကို ဦးေဆာင္ခဲ့ပါတယ္။ အဆိုပါ ဌာနရဲ႕ တာဝန္က လီဗာပူးအသင္းရဲ႕ ေလ့က်င့္ေရးကို အေျခခံ တြက္ခ်က္ေပးတာျဖစ္ျပီး ကစားသမား ေခၚယူမႈေတြအတြက္၊ အားကစားသိပၸံ၊ ေဆးအဖြဲ႔နဲ႔ ဘ႑ာေရးဌာနေတြအတြက္ အဓိက တြက္ခ်က္မႈေတြ ထုတ္ေပးရတာျဖစ္တယ္။ သူဦးေဆာင္တဲ့ အဖြဲ႔မွာေတာ့ ဟားဗက္တကၠသိုလ္ဆင္းေတြပါ ပါဝင္ပါတယ္။

ဒီေနရာမွာ ၾကားျဖတ္ေျပာရမယ္ဆိုရင္ ေဟာလိဝုဒ္သရုပ္ေဆာင္ ဘရက္ပစ္ ပါဝင္တဲ့ ‘Money Ball’ ဇာတ္ကားကို ၾကည့္ဖူးၾကသလား ဆိုတာပါပဲ။ အေမရိကန္ ေမဂ်ာလိဂ္ ေဘစ့္ေဘာ အသင္းျဖစ္တဲ့ Boston Red Sox ပိုင္ရွင္ဟာ သူတို႔အသင္းကို ခ်န္ပီယံျဖစ္ဖို႔ ကြင္းထဲက ကစားသမားေတြတင္ မဟုတ္ဘဲ ေဒတာပိုင္းဆိုင္ရာ စိစစ္မႈကိစၥေတြကိုပါ ေပါင္းစည္းခဲ့ပါတယ္။ ေမာ္ဒန္ ေဘာလံုးေလာကမွာေတာ့ အားကစား-သိပၸံလိုေခၚတဲ့ နည္းပညာနဲ႔ ေပါင္းစပ္တဲ့ တိုးတက္မႈ ရွာေဖြေရးေတြက သိပ္ကို အသံုးျပဳလာၾကပါတယ္။

အတ္ဝပ္က လီဗာပူးအသင္းမွာေတာ့ ဘယ္ရီ ဟန္တာ၊ ေဒ့ေဖာ္လိုးဆိုတဲ့ တြဲဘက္ ႏွစ္ဦးနဲ႔အတူ အေျပာင္းအေရႊ႔ ေကာ္မတီမွာ တာဝန္ၾကီးေတြ ယူထားသူျဖစ္တယ္။ လီဗာပူးအသင္း ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ေတာ့ အသင္းဥကၠဌ ဝါနာက အေရးပါတဲ့ သူေတြကို ဆက္တိုက္ ဂုဏ္ျပဳစကားေတြ ပို႔ရာမွာ ပထမဆံုး မက္ေဆ့ပို႔ျပီး ေက်းဇူးတင္ေတာ့ ကေလာ့ပ္ကို မဟုတ္ဘဲ အတ္ဝပ္ကို ေက်းဇူးတင္စကား ဆိုခဲ့ပါတယ္။

အေစာပိုင္းမွာ မေအာင္ျမင္ခဲ့တဲ့ အေျပာင္းအေရႊ႔ ေကာ္မတီ

လီဗာပူးအသင္းဟာ ေမာ္ဒန္ေဘာလံုးအသင္းအျဖစ္ ေျပာင္းလဲဖြဲ႔စည္းရာမွာ မန္ေနဂ်ာနဲ႔ အားကစားဒါရိုက္တာ တြဲဘက္လုပ္ေဆာင္ေစမႈက အဓိက ေျပာင္းလဲမႈျဖစ္ခဲ့ပါတယ္။ မန္ေနဂ်ာေတြက ေလ့က်င့္ေရးကြင္းမွာ ပိုမိုတာဝန္ယူရျပီး ေစ်းကြက္ထဲကိုေတာ့ ေငြေၾကးနဲ႔ ကိန္းဂဏန္းပိုင္းေတြမွာ ပိုမို နားလည္တဲ့ ကၽြမ္းက်င္သူေတြ ဝင္ေရာက္ခဲ့တာပါ။

FSG လက္ထက္ အေစာပိုင္းမွာ မန္ေနဂ်ာဒဲလ္ဂလစ္အတြက္ ကိုမိုလီ အင္အားျဖည့္ေပးခဲ့တဲ့ ဟန္ဒါဆန္၊ ေဒါင္းနင္း၊ ခ်ာလီအဒမ္၊ ကာရိုးတို႔ မေအာင္ျမင္ျဖစ္မႈေၾကာင့္ ကိုမိုလီက ရာထူးကေန ထုတ္ပယ္ခံခဲ့ရတယ္။ အဲ့ေနာက္ပိုင္းမွာေတာ့ FSG ကိုယ္စားလွယ္ ပါဝင္တဲ့ အေျပာင္းအေရႊ႔ ေကာ္မတီကပဲ လီဗာပူးအသင္းရဲ႕ ကစားသမား အဝယ္ အေရာင္းေတြကို ဦးေဆာင္ပါတယ္။

၂၀၁၄ မွာ ေဘာလံုးရာသီ မစခင္ တစ္ပတ္အလိုမွာ ဘာစီလိုနာထံ ဆြာရက္စ္ေျပာင္းေတာ့ လီဗာပူးက ေဆာက္သမ္တန္က လမ္ဘတ္ကို ေခၚယူထားပါတယ္။ ဒါေပမယ့္ ဆြာရက္စ္ေနရာ အစားထိုးဖို႔ လမ္ဘတ္က ဘယ္လိုမွ မျဖစ္ႏုိင္တဲ့ အေနအထားပါ။ အဲ့တုန္းက ဘာေလာ့တယ္လီကို ေခၚလိုရပါမယ္။ အီတိုး ရွိပါမယ္။ ရမ္မီက ေဆးက်ပါတယ္။ ဘရန္ဒန္ေရာ္ဂ်ာက ဖိအားေတြ ဝင္လာပါတယ္။ သူက ကလပ္ တာဝန္ရွိသူေတြကို အေျပာင္းအေရႊ႔မွာ လုပ္ပိုင္ခြင့္ပိုေပးဖို႔ ေတာင္းဆိုပါေတာ့တယ္။

လီဗာပူးတာဝန္ရွိသူေတြက ခြင့္ျပဳေပးလိုက္ပါတယ္။ ေရာ္ဂ်ာက ဘာေလာ့တယ္လီကို ေခၚပါတယ္။ လီဗာပူးက ဘာေလာ့တယ္လီက အသင္းအၾကိဳက္ ပံုစံ မဟုတ္ေပမယ့္ အေျခအေနက ဘရန္ဒန္ေရာ္ဂ်ာက သူ႔နည္းလမ္းအတိုင္းပဲ လုပ္ေဆာင္ဖို႔ ခြင့္ေတာင္းလာေတာ့ ခြင့္ျပဳလုိက္တာျဖစ္တယ္။ ဘရန္ဒန္ေရာ္ဂ်ာက ဒီကစားသမားလိုတယ္၊ ဒီတစ္ေယာက္လိုတယ္ဆိုျပီး သူလိုတဲ့ ကစားသမားေတြ ေတာင္းပါတယ္။ ဆြာရက္စ္ကို ဆံုးရံွဴးခဲ့တာေၾကာင့္ ေရာ္ဂ်ာလိုတဲ့ ကစားသမားေတြကို အသင္းက ေခၚယူေပးခဲ့တယ္။

လီဗာပူးဘက္က အေျပာင္းအေရႊ႔ကို တာဝန္ယူမႈ တူညီစြာနဲ႔ ေခၚယူမႈ လုပ္လိုပါတယ္။ မန္ေနဂ်ာ၊ အားကစားဒါရိုက္တာနဲ႔ အေျပာင္းအေရႊ႔ ေကာ္မတီ တို႔ သေဘာတူညီမႈနဲ႔ လူသစ္ေခၚတာမ်ိဳးကို လုပ္လိုတယ္။ ေရာ္ဂ်ာရဲ႕ ေတာင္းဆိုမႈကို ခြင့္ျပဳျပီးေနာက္ အသင္းဘက္က ကစားသမား ေခၚယူမႈေတြ အားလံုးကို မန္ေနဂ်ာတစ္ဦးတည္းက တာဝန္ယူေပးရမယ္လို႔ သတိေပးခဲ့တယ္။ သတိေပးမႈအတိုင္ လီဗာပူးအသင္း ရလဒ္ေတြ ဆိုးလာတဲ့ေနာက္မွာ ေရာ္ဂ်ာက ရာထူးက ထုတ္ပယ္ခံခဲ့ရပါတယ္။

လီဗာပူး၊ အတ္ဝပ္နဲ႔ မန္ေနဂ်ာသစ္ရွာပံုေတာ္

ဘရန္ဒန္ေရာ္ဂ်ာကို ထုတ္ပယ္ျပီး မန္ေနဂ်ာသစ္အျဖစ္ တာဝန္ေပးဖို႔ လီဗာပူးအသင္း စဥ္းစားခဲ့တဲ့ မန္ေနဂ်ာက သံုးဦးရွိခဲ့တယ္။ သူတို႔ေတြက ဟိုဝီ၊ ကေလာ့ပ္နဲ႔ အန္ဆယ္ေလာ့တီတို႔ ျဖစ္ပါတယ္။ အဲ့သည္တုန္းက လီဗာပူးအသင္းရဲ႕ နည္းစနစ္ဒါရိုက္တာျဖစ္တဲ့ အတ္ဝပ္ဟာ အသင္းအတြက္ မန္ေနဂ်ာသစ္ရွာေပးဖို႔ တာဝန္ရွိသူတစ္ဦး ျဖစ္ခဲ့ျပီး မန္ေနဂ်ာေလာင္း သံုးဦးထဲက တစ္ဦးကို ေရြးခ်ယ္ေပးဖို႔ စဥ္းစားရပါတယ္။

ဝါအရင့္ဆံုးျဖစ္တဲ့ အန္ဆယ္ေလာ့တီက ဥေရာပနဲ႔ အမွတ္ေပးဖလားေတြမွာ ေအာင္ျမင္မႈႏႈန္းျမင့္မားပါတယ္။ သူဟာ ဂ်ဴဗင္တပ္၊ ေအစီမီလန္၊ ခ်ယ္ဆီးနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြကို တာဝန္ယူခဲ့သူပါ။ ဒါေပမယ့္ အန္ဆယ္ေလာ့တီရဲ႕ အေျပာင္းအေရႊ႔ ေခၚယူမႈ မွတ္တမ္းက လီဗာပူးသြားလိုတဲ့ ေပၚလစီနဲ႔ ညိစြန္းမႈ ရွိေနခဲ့တယ္။ လီဗာပူးရဲ႕ သီအိုရီက ပထမႏွစ္မွာ မန္ေနဂ်ာေတြက ကစားသမား ေခၚယူမႈေတြကို ဝင္စြက္ခြင့္ မရွိပါဘူး။ ႏွစ္ႏွစ္၊ သံုးႏွစ္၊ ေလးႏွစ္ၾကာလို႔ မန္ေနဂ်ာေတြရဲ႕ လုပ္ႏုိင္ခြင့္ကို မူတည္ျပီး လူေခၚယူမႈမွာ ပါဝင္ပက္သက္မႈ ၾကီးမားေစမွာျဖစ္တယ္။

အန္ဆယ္ေလာ့တီက ဝါရင့္ေတြကို ေခၚယူမႈမ်ားျပီး ဒါဟာ အသင္းဘက္က အသံုးစရိတ္ ခ်ေပးမွ လူေခၚႏုိင္မယ့္ အေနအထားျဖစ္တယ္။ အတ္ဝပ္နဲ႔ လီဗာပူး တာဝန္ရွိသူေတြက အသက္ ၂၆ ႏွစ္ မေက်ာ္တဲ့ ကစားသမားေတြကိုပဲ ေခၚယူလိုျပီး သူတို႔ကို ေကာင္းေကာင္းကိုင္တြယ္ေပးႏုိင္မယ့္ မန္ေနဂ်ာကို အလိုရွိခဲ့တယ္။ ဒါမွ ကစားသမားေတြကို သံုး၊ ေလးႏွစ္သံုးျပီး အံမဝင္ရင္ အသံုးစရိတ္ရွာဖို႔ ျပန္ထုတ္ေရာင္းခြင့္ ရွိပါမယ္။

ဟိုဝီကလည္း ဘုန္းေမာက္မွာ လူငယ္ေတြကို ပ်ိဳးေထာင္ေပးျပီး ဆြဲေဆာင္မႈရွိတဲ့ ကစားဟန္ကို ေဖာ္ေဆာင္ေနသူပါ။ ဒါ့အျပင္ အတ္ဝပ္နဲ႔ ဟိုဝီက ပို႔ေမာက္မွာ ခင္မင္ရင္းႏွီးခဲ့ၾကပါေသးတယ္။ လီဗာပူးက ကစားသမား ေခၚယူေရးေတြမွာ ၾကီးၾကီးမားမား ဝင္မစြက္ဖက္လိုတဲ့ မန္ေနဂ်ာကိုပဲ ေခၚယူလိုခဲ့တယ္။ ဟိုဝီက လီဗာပူးနဲ႔ အံဝင္ေပမယ့္ သူက ထိပ္တန္းအဆင့္ေတြမွာ သက္ေသမျပဖူးသလို ဥေရာပအေတြ႔အၾကံဳ လံုးဝ မရွိခဲ့ပါဘူး။

ယာဂင္ကေလာ့ပ္ကေတာ့ အထက္က ႏွစ္ဦးနဲ႔ ျခားနားျပီး ဥေရာပအေတြ႔အၾကံဳရွိသလို ေအာင္ျမင္မႈေတြလည္း ရထားသူပါ။ အထူးသျဖင့္ သူက ေဒါ့မြန္မွာ အားကစားဒါရိုက္တာနဲ႔ လက္တြဲျပီး အလုပ္လုပ္ဖူးသူျဖစ္တယ္။ လီဗာပူးပိုင္ရွင္ေတြကို အတ္ဝပ္က ကေလာ့ပ္သည္သာ လီဗာပူးအတြက္ သင့္ေလ်ာ္မယ္လို႔ အၾကံေပးခဲ့တယ္။ ဒါေပမယ့္ ထင္သေလာက္ မလြယ္တဲ့ ကိစၥကေတာ့ ေဒါ့မြန္ကေန အနားယူထားတဲ့ ကေလာ့ပ္က တစ္ႏွစ္ အနားယူမယ္လို႔ ေၾကညာထားတာပါပဲ။ လီဗာပူးဘက္က ယာဂင္ကေလ့ာပ္ကို ေရြးခ်ယ္တဲ့ေနာက္ ဂ်ာမာန္သားကို ဆြဲေဆာင္ျဖားေယာင္းဖို႔လည္း ထပ္မံ ၾကိဳးစားခဲ့ရပါတယ္။

ယာဂင္ကေလာ့ပ္ လီဗာပူးကို ေရာက္လာစဥ္ ပထမဆံုးပြဲျဖစ္တဲ့ ၂၀၁၅ ခုႏွစ္ ေအာင္တိုဘာလ ၁၇ ရက္ေန႔က စပါးကို သေရက်တဲ့ပြဲမွာ ထုတ္တဲ့ လူစာရင္းအတြက္ အတ္ဝပ္ရဲ႕ ေရြးခ်ယ္မႈကလည္း အဓိကအျဖစ္ ပါဝင္ခဲ့ပါတယ္။ အဲ့သည္အခ်ိန္တုန္းက အတ္ဝပ္နဲ႔တကြ လီဗာပူး တာဝန္ရွိသူေတြက ေႏြမွာ လုပ္ေဆာင္ရမယ့္ အေျပာင္းအေရႊ႔ေတြအတြက္ သူတို႔ တာဝန္ယူရမယ္ဆိုတာကို နားလည္တာေၾကာင့္ အဲ့လို လုပ္ခဲ့ၾကတာျဖစ္တယ္။

ေကာ္တင္ညိဳကို ၁၄၂ သန္းျဖင့္ ေရာင္းထုတ္ႏုိင္မႈက လီဗာပူးအတြက္ အၾကီးမားဆံုး လုပ္ေဆာင္မႈ ျဖစ္ခဲ့တယ္။ နာမည္မၾကီးေပမယ့္ လီဗာပူးအတြက္ အက်ိဳးျဖစ္ခဲ့တဲ့ လုပ္ရပ္ေတြက အိုင္ဘ္နဲ႔ ဘရတ္စမစ္ အတြက္ ဘုန္းေမာက္ကို ေပါင္ ၂၁ သန္း၊ ကီဗင္ စတီးဝပ္ကို ဟူးစီးတီးထံ ေပါင္ ၈ သန္း၊ ဒန္နီဝတ္ကို လက္စတာထံ ေပါင္ ၁၂.၅ သန္း၊ ဆာခိုကို ပဲေလစ့္ထံ ေပါင္ ၂၆ သန္း ျဖင့္ ေရာင္းထုတ္မႈေတြကလည္း လီဗာပူးအေျပာင္းအေရႊ႔ ေကာ္မတီရဲ႕ လုပ္ႏုိင္စြမ္းေတြ ျဖစ္ခဲ့ပါတယ္။

အတ္ဝပ္နဲ႔ ေကာ္မတီ အဖြဲ႔ဝင္ေတြက သူတို႔ အစီအစဥ္အတိုင္းပဲ အေစာပိုင္းကာလမွာ ကစားသမား ေရာင္းထုတ္မႈေတြကေန ေငြရွာျပီး ကေလာ့ပ္ကို ပံ့ပိုးေပးဖို႔ လုပ္ေဆာင္ခဲ့ၾကတာပါ။ ကေလာ့ပ္ ကိုယ္တိုင္ကလည္း ကစားသမားတစ္ဦးကို သန္း ရာခ်ီ ေပးတာထက္ ေလ့က်င့္ေရးမွာ သူကိုယ္တိုင္ ပ်ိဳးေထာင္ရတာကို ႏွစ္သက္ခဲ့တယ္။ ကေလာ့ပ္နဲ႔ အတ္ဝပ္တို႔ၾကားက နားလည္မႈနဲ႔ အတြဲညီမႈက လီဗာပူးရဲ႕ ေအာင္ျမင္မႈအတြက္ အေထာက္အပံ့ျဖစ္ခဲ့ပါတယ္။

အတ္ဝပ္နဲ႔ ပက္သက္ျပီး ကေလာ့ပ္က “ က်ေန္ာတို႔ၾကား သိပ္ေကာင္းတဲ့ ဆက္ဆံေရးရွိပါတယ္။ သူက သိပ္ေတြးတဲ့သူဗ်။ အေစာပိုင္း ေဆြးေႏြးမႈေတြမွာ က်ေန္ာတို႔ၾကား ညိႏိႈင္းမႈေတြမွာ ဘယ္ေတာ့မွ အျမင္တူတူ မထြက္ဘူး။ ဒါေပမ့္ က်ေန္ာတို႔ ညိယူရင္း ဦးတည္ခ်က္ အျမဲတမ္း တူသြားခဲ့တယ္။ တူညီတဲ့ အျမင္ေတြနဲ႔ပဲ အဆံုးသတ္တယ္ ” လို႔ ဖြင့္ဟခဲ့တယ္။

အားကစားဒါရိုက္တာက မန္ေနဂ်ာရဲ႕ အထက္မွာလား

လီဗာပူးအသင္းအတြက္ မိုင္ကယ္ အတ္ဝပ္ရဲ႕ အေရးပါမႈက ျမင့္မားေပမယ့္လို႔ သူဟာ မန္ေနဂ်ာထက္ေတာ့ ပိုျပီး ပါဝါမၾကီးပါဘူး။ လီဗာပူးအသင္း ဖြဲ႔စည္းပံုအရ အားကစားဒါရိုက္တာဟာ မန္ေနဂ်ာကို အေကာင္းဆံုး ပံ့ပိုးေပးႏုိင္ဖို႔ လုပ္ပိုင္ခြင့္ ပိုရထားတဲ့ သေဘာပဲျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္မွာ ဆာလက္က လီဗာပူးကို ေျပာင္းလာျပီးတည္းက ႏွစ္ရာသီဆက္ ေရႊဖိနပ္ဆု ရထားသလို ဒီရာသီမွာလည္း ေရႊဖိနပ္ဆုကို စိန္ေခၚဖို႔ ၾကိဳးစားေနဆဲပါ။ ဒါေပမယ့္ ဆာလက္ကို ေခၚယူဖို႔က ယာဂင္ကေလာ့ပ္ ျမင္ခဲ့တာ မဟုတ္ပါဘူး။ သူ႔ကို ျမင္ခဲ့သူက မိုင္ကယ္အတ္ဝပ္နဲ႔အဖြဲ႔ ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ၂၀၁၇ မွာတုန္းက ဆာလက္ မတိုင္ခင္ ေလဗာကူဆင္ ကစားသမား ဂ်ဴလီယန္ ဘာရတ္ကို ေခၚယူလိုပါတယ္။ အတ္ဝပ္က ဆာလက္က ပိုသင့္ေလ်ာ္မယ္ဆိုတာကို ရွင္းျပခဲ့တယ္။ ခ်ယ္ဆီးမွာ ရုန္းကန္ခဲ့မႈအရ ဆာလက္ ပရီးမီးယားလိဂ္မွာ အဆင္ေျပမလား ကေလာ့ပ္က သံသယရွိခဲ့တယ္။ အဲ့သည္မွာ အတ္ဝပ္က သူရထားတဲ့ အခ်က္အလက္ေတြကို ထုတ္ျပျပီး ရိုးမားကစားသမားေဟာင္းက လီဗာပူးနဲ႔ အံဝင္ႏုိင္တာကို ရွင္းျပတယ္။

မန္ေနဂ်ာနဲ႔ အားကစားဒါရိုက္တာတို႔ဟာ နည္းျပအဖြဲ႔နဲ႔ ေဒတာစိစစ္သူေတြရဲ႕ ေခါင္းေဆာင္ေတြအျဖစ္ ျဖစ္လာႏုိင္တဲ့ အေနအထားေတြကို ေဆြးေႏြးခဲ့ၾကတယ္။ အဲ့ေနာက္မွာ ကေလာ့ပ္က ဆာလက္ကို ေခၚယူဖို႔ မီးစိမ္းျပခဲ့ျပီး အတ္ဝပ္ဦးေဆာင္တဲ့ အဖြဲ႔က ေပါင္ ၃၆ သန္းနဲ႔ ညိႏိႈင္းႏုိင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ဆာလက္က လီဗာပူးနဲ႔ ေအာင္ျမင္မႈေတြ အမ်ားၾကီး ရခဲ့သလို ဘာရတ္ကလည္း ေလဗာကူဆင္မွာ ေအာင္ျမင္ေနတယ္။ သူတို႔ ႏွစ္ဦးမွာ ဆာလက္ကို ေရြးခဲ့တာက မွားယြင္းမႈ မဟုတ္ဘူးဆိုတာကိုေတာ့ လက္ခံၾကမွာပါ။

ဒါေပမယ့္ မုိင္ကယ္အတ္ဝပ္က အမွားေတြလည္း လုပ္ခဲ့ပါတယ္။ သူ႔ရဲ႕ လုပ္ရပ္ေတြထဲမွာ အမွားဆံုးကေတာ့ ၂၀၁၇ ေႏြမွာ ေဆာက္သမ္တန္က ဗန္ဒိုက္ကို ရဖို႔ ခ်ယ္ဆီး၊ မန္စီးတီးတို႔နဲ႔ အျပိဳင္ ၾကိဳးစားရာမွာ စည္းေဖာက္ခဲ့တာပါပဲ။ ဒီျဖစ္ရပ္အတြက္ လီဗာပူးအသင္းက ေဆာက္သမ္တန္နဲ႔ ပရီးမီးယားလိဂ္ကို တရားဝင္ ေတာင္းပန္ခဲ့ရပါတယ္။ ေရွ႔ထြက္ ေတာင္းပန္သူကေတာ့ ကေလာ့ပ္ျဖစ္ခဲ့ျပီး ဒီျဖစ္ရပ္ကပဲ အတ္ဝပ္ကို ပိုမို တိုးတိတ္စြာ လႈပ္ရွားဖို႔ အေၾကာင္းရင္း ျဖစ္ေစခဲ့တယ္။

လီဗာပူးအသင္း ေအာင္ျမင္လာတဲ့ေနာက္ ဒီအစုအဖြဲ႔ကို ေရွ႔ကေန ဦးေဆာင္ေနတဲ့ ကေလာ့ပ္ကို လူတိုင္းက ခ်ီးက်ဴးၾကသလို ေနာက္ကြယ္က ပံ့ပိုးေပးေနတဲ့ အတ္ဝပ္အေၾကာင္းကို လူတိုင္းက ရွာေဖြစပ္စုၾကပါတယ္။ ဒါေပမယ့္လို႔ အတ္ဝပ္ဆိုတာ ဘယ္သူလဲ? သူဦးေဆာင္ေနတဲ့ ေဒတာစိစစ္ေရးအဖြဲ႔ေတြ ဘယ္လို အလုပ္လုပ္သလဲ? ဆိုတာက ေရေရရာရာ မေဖာ္ထုတ္ႏုိင္တဲ့ လွ်ိဳ႕ဝွက္ခ်က္အျဖစ္ ရွိေနဆဲျဖစ္ပါတယ္။

ဒီေဆာင္းပါးကေတာ့ နာမည္ေက်ာ္ လီဗာပူးသတင္းေထာက္ေတြျဖစ္တဲ့ Oliver Kay, James Pearce နဲ႔ Simon Hughes တို႔ရဲ႕ ေဖာ္ျပမႈေတြကို ကိုးကားျပီး ျပန္လည္ ေဖာ္ျပျခင္းပဲျဖစ္ပါတယ္။

ေရးသားသူ – ဟန္သာ