ဂျော်ဒန်ဟန်ဒါဆန်က ပရီးမီးယားလိဂ်ဖလား အနိုင်ရအောင် လီဗာပူးအသင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် သူက စတီဗင်ဂျရတ်ထက် ပိုသာလွန်တဲ့ ခေါင်းဆောင်တစ်ဦးဆိုတဲ့ ချီးကျူးမှုတွေကို ငြင်းဆန်လိုက်ပါတယ်။

လီဗာပူးအသင်းကို ဦးဆောင်ပြီး နှစ်ပေါင်း ၃၀ အတွင်း ဘယ်သူမှ မအောင်မြင်ထားတဲ့ အမှတ်ပေး ချန်ပီယံကို အရယူနိုင်ရေး ဦးဆောင်ပေးခဲ့တာအတွက် ဟန်ဒိုအပေါ် ချီးကျူးမှုတွေ အများကြီး ရှိပါတယ်။ ဟန်ဒိုကတော့ သူက အသင်းအတွက် အကောင်းဆုံး လုပ်ခဲ့ခြင်းသာ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့တယ်။

ဟန်ဒါဆန်က “ မန်နေဂျာကလည်း ပြောခဲ့ပြီးပါပြီ။ ချန်ပီယံဆုက ကျနော်တို့လို ကစားသမားတွေနဲ့ ပရိသတ်တွေအတွက်တင် မဟုတ်ဘဲ လီဗာပူးအသင်းအတွက် အရမ်းကို အရေးပါလှတဲ့ စတီဗင်နဲ့ ကင်နီအတွက်လည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလား အနိုင်ရတာက စတီဗင်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ကျနေ်ာတို့အတွက်လည်း သူက အရမ်းကို ပျော်နေတယ်။ ၂၀၁၄ တုန်းက သူနဲ့အတူ ချန်ပီယံမဖြစ်ခဲ့တာအတွက် ကျနော် အတော်လေး ခံစားခဲ့ရတယ်။ ဒါပေမယ့် သူလည်း အရမ်းပျော်နေမယ်ဆိုတာ ကျနေ်ာ် သိပါတယ်။ လီဗာပူးအတွက် ပရီးမီးယားလိဂ်ဖလား အနိုင်ယူလာပေးနိုင်တာကို ဒီအသင်းကလည်း အရမ်းဂုဏ်ယူနေပါတယ်။

ဒီဖလားကို အရယူနိုင်ခဲ့တာက ကျနော်အတွက် ပုဂ္ဂိုလ်ရေးလည်း ပါပါတယ်။ စတီဗင်အတွက်လည်း အရမ်းကို ကြီးမားတဲ့ ကိစ္စဖြစ်ခဲ့တယ်။ လီဗာပူးအသင်းခေါင်းဆောင်တာဝန်ကို ရယူတော့ လူတိုင်းက ကျနေ်ာတို့ သံသယတွေ ဝင်ခဲ့ကြတယ်။ ပုဂ္ဂိုလ်ရေးအရ ကျနော်ကို ဝေဖန်ခဲ့ကြပါတယ်။ ကျနော် အမြဲပြောတယ် လီဗာပူးအတွက် စတီဗင်ဂျရတ်က ဘယ်တော့မှ အစားမထိုးနိုင်မယ့် ပုဂ္ဂိုလ်ပါ။

လီဗာပူးအသင်းကို ဘယ်သူပဲ ဦးဆောင်ပါစေ၊ ဘယ်ဖလားကိုပဲ အနိုင်ရပါစေ စတီဗင်နေရာမှာတော့ အစားမထိုးနိုင်ပါဘူး။ စတီဗင်နေရာ အစားထိုးခံရတော့ ကျနော် စိတ်ထဲမှာ ဘာစိတ်မှ မရှိပါဘူး။ ဖြစ်နိုင်သလောက် အကောင်းဆုံးလုပ်ဖို့ ကလပ်အတွက်နဲ့ ဒီအသင်းအတွက် အကောင်းဆုံးလုပ်ဖို့ ဒါကိုပဲ ကျနော် အမြဲတမ်း ကြိုးစားခဲ့ပါတယ်။

စတီဗင်ဂျရတ်နေရာမှာ အစားထိုးဖို့ဆိုတာကတော့ ဘယ်သူမှ အစားထိုးနိုင်မှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ေဂ်ာ္ဒန္ဟန္ဒါဆန္က ပရီးမီးယားလိဂ္ဖလား အႏုိင္ရေအာင္ လီဗာပူးအသင္းကို ဦးေဆာင္ႏုိင္ခဲ့ေပမယ့္ သူက စတီဗင္ဂ်ရတ္ထက္ ပိုသာလြန္တဲ့ ေခါင္းေဆာင္တစ္ဦးဆိုတဲ့ ခ်ီးက်ဴးမႈေတြကို ျငင္းဆန္လိုက္ပါတယ္။

လီဗာပူးအသင္းကို ဦးေဆာင္ျပီး ႏွစ္ေပါင္း ၃၀ အတြင္း ဘယ္သူမွ မေအာင္ျမင္ထားတဲ့ အမွတ္ေပး ခ်န္ပီယံကို အရယူႏုိင္ေရး ဦးေဆာင္ေပးခဲ့တာအတြက္ ဟန္ဒိုအေပၚ ခ်ီးက်ဴးမႈေတြ အမ်ားၾကီး ရွိပါတယ္။ ဟန္ဒိုကေတာ့ သူက အသင္းအတြက္ အေကာင္းဆံုး လုပ္ခဲ့ျခင္းသာ ျဖစ္ပါတယ္လို႔ ေျပာဆိုခဲ့တယ္။

ဟန္ဒါဆန္က “ မန္ေနဂ်ာကလည္း ေျပာခဲ့ျပီးပါျပီ။ ခ်န္ပီယံဆုက က်ေနာ္တုိ႔လို ကစားသမားေတြနဲ႔ ပရိသတ္ေတြအတြက္တင္ မဟုတ္ဘဲ လီဗာပူးအသင္းအတြက္ အရမး္ကို အေရးပါလွတဲ့ စတီဗင္နဲ႔ ကင္နီအတြက္လည္း ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဖလား အႏုိင္ရတာက စတီဗင္အတြက္ အမ်ားၾကီး အဓိပၸာယ္ရွိပါတယ္။ က်ေန္ာတို႔အတြက္လည္း သူက အရမ္းကို ေပ်ာ္ေနတယ္။ ၂၀၁၄ တုန္းက သူနဲ႔အတူ ခ်န္ပီယံမျဖစ္ခဲ့တာအတြက္ က်ေနာ္ အေတာ္ေလး ခံစားခဲ့ရတယ္။ ဒါေပမယ့္ သူလည္း အရမ္းေပ်ာ္ေနမယ္ဆိုတာ က်ေန္ာ္ သိပါတယ္။ လီဗာပူးအတြက္ ပရီးမီးယားလိဂ္ဖလား အႏုိင္ယူလာေပးႏုိုင္တာကို ဒီအသင္းကလည္း အရမ္းဂုဏ္ယူေနပါတယ္။

ဒီဖလားကို အရယူႏုိင္ခဲ့တာက က်ေနာ္အတြက္ ပုဂၢိဳလ္ေရးလည္း ပါပါတယ္။ စတီဗင္အတြက္လည္း အရမ္းကို ၾကီးမားတဲ့ ကိစၥျဖစ္ခဲ့တယ္။ လီဗာပူးအသင္းေခါင္းေဆာင္တာဝန္ကို ရယူေတာ့ လူတိုင္းက က်ေန္ာတို႔ သံသယေတြ ဝင္ခဲ့ၾကတယ္။ ပုဂၢိဳလ္ေရးအရ က်ေနာ္ကို ေဝဖန္ခဲ့ၾကပါတယ္။ က်ေနာ္ အျမဲေျပာတယ္ လီဗာပူးအတြက္ စတီဗင္ဂ်ရတ္က ဘယ္ေတာ့မွ အစားမထိုးႏုိင္မယ့္ ပုဂၢိဳလ္ပါ။

လီဗာပူးအသင္းကို ဘယ္သူပဲ ဦးေဆာင္ပါေစ၊ ဘယ္ဖလားကိုပဲ အႏုိင္ရပါေစ စတီဗင္ေနရာမွာေတာ့ အစားမထိုးႏုိင္ပါဘူး။ စတီဗင္ေနရာ အစားထိုးခံရေတာ့ က်ေနာ္ စိတ္ထဲမွာ ဘာစိတ္မွ မရွိပါဘူး။ ျဖစ္ႏုိုင္သေလာက္ အေကာင္းဆံုးလုပ္ဖို႔ ကလပ္အတြက္နဲ႔ ဒီအသင္းအတြက္ အေကာင္းဆံုးလုပ္ဖို႔ ဒါကိုပဲ က်ေနာ္ အျမဲတမ္း ၾကိဳးစားခဲ့ပါတယ္။

စတီဗင္ဂ်ရတ္ေနရာမွာ အစားထိုးဖို႔ဆိုတာကေတာ့ ဘယ္သူမွ အစားထိုးႏုိင္မွာ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။