မန်စီးတီးနဲ့ပွဲကြိုမှာ မန်နေဂျာကလော့ပ်က သတင်းထောက်တွေရဲ့ နောက်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ခုခံမယ့် အနေအထား မေးခွန်းထုတ်ခံရမှုကို ပြန်ဖြေခဲ့ပါတယ်။

ကလော့ပ်က ချန်ပီယံဘွဲ့ကို ခုခံမလားလို့ မေးခွန်းထုတ်မှုကို မနှစ်သက်ဘဲ လီဗာပူးက နောက်ထပ် ဆုဖလားတွေကို ထပ်မံ တိုက်ခိုက်ယူမယ့် အသင်းသာဖြစ်တယ်လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့တယ်။ ဒါပေမယ့်လို့ မြို့လည်ခေါင်မှာ စည်းကမ်းမရှိဘဲ အောင်ပွဲခံခဲ့တဲ့ ပရိသတ်တွေရဲ့ ပုံစံကိုတော့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ကလော့ပ်က အခြေအနေ အချိန်အခါကို နားလည်ပေးကြဖို့လည်း တိုက်တွန်းထားပြီး ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်က ” နောက်ရာသီမှာ ချန်ပီယံဆုကို ခုခံမလားလို့ မမေးပါနဲ့။ ငါတို့က နောက်ထပ် ဆုဖလားအတွက် တိုက်ခိုက်ကြမှာပါ။

မြို့လည်ခေါင်မှာ ငါမြင်ခဲ့တဲ့ မြင်ကွင်းမျိုးကိုတော့ လုံးဝ မမြင်လိုပါဘူး။ ဒါကို ငါ့ဘဝမှာ ပထမဆုံးအကြိမ် ပြောတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ပုံမှန်အားဖြင့် အဲ့သည်လို ပြင်းပြစွာ ပေါက်ကွဲ အားပေးနေတာကို အမြဲတမ်း နှစ်သက်ခဲ့ပါတယ်။ အဲ့လိုမျိုးကို နောက်တစ်ကြိမ် ထပ်မဖြစ်အောင် လုပ်ရပါမယ်။ ဒီစကားကို ပရိသတ်တွေ နားထောင်မယ်လို့ မျှော်လင့်ပါတယ် ” လို့ ဖြေဆိုခဲ့တာဖြစ်တယ်။

ကလော့ပ်ကပဲ လီဗာပူးအသင်းသားတွေဟာ လီဗာပူးဂျာစီကို ဝတ်ဆင်ကစားရာမှာ အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ်တာကိုပဲ လိုချင်ကြောင်းနဲ့ လီဗာပူးအသင်း၊ လီဗာပူးပရိသတ်နဲ့ လီဗာပူးမြို့အတွက် ကြိုးစားပေးရမှာဖြစ်တယ်လို့ ထပ်ပြောပါတယ်။

ဒီဂျာစီကို ဝတ်ဆင်ကစားရင် ဒီအသင်းအတွက် ရာနှုန်းပြည့်ထက် လုံးဝ မလျော့ပဲ ကြိုးစားပေးရမယ်။ မလိုမဟုတ်တဲ့ ကြိုးစားမှုတွေကို ခွင့်မပြုဘူး။ ဒါက လွန်ခဲ့တဲ့ ၁၅-၁၆ နှစ်လောက်က All Blacks (ရူဘီအသင်း) ထံကနေ ငါရခဲ့တဲ့ သင်ခန်းစာပဲ။ လီဗာပူးအတွက်လည်း အဲ့လိုပဲ ဖြစ်နေရမယ် ”

ZAWGYI

မန္စီးတီးနဲ႔ပြဲၾကိဳမွာ မန္ေနဂ်ာကေလာ့ပ္က သတင္းေထာက္ေတြရဲ႕ ေနာက္ရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု ခုခံမယ့္ အေနအထား ေမးခြန္းထုတ္ခံရမႈကို ျပန္ေျဖခဲ့ပါတယ္။

ကေလာ့ပ္က ခ်န္ပီယံဘြဲ႔ကို ခုခံမလားလို႔ ေမးခြန္းထုတ္မႈကို မႏွစ္သက္ဘဲ လီဗာပူးက ေနာက္ထပ္ ဆုဖလားေတြကုိ ထပ္မံ တိုက္ခုိက္ယူမယ့္ အသင္းသာျဖစ္တယ္လို႔ ျပတ္ျပတ္သားသား ေျပာဆိုခဲ့တယ္။ ဒါေပမယ့္လို႔ ျမိဳ႔လည္ေခါင္မွာ စည္းကမ္းမရွိဘဲ ေအာင္ပြဲခံခဲ့တဲ့ ပရိသတ္ေတြရဲ႕ ပံုစံကိုေတာ့ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ပါတယ္။ ကေလာ့ပ္က အေျခအေန အခ်ိန္အခါကို နားလည္ေပးၾကဖို႔လည္း တိုက္တြန္းထားျပီး ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ” ေနာက္ရာသီမွာ ခ်န္ပီယံဆုကို ခုခံမလားလို႔ မေမးပါနဲ႔။ ငါတို႔က ေနာက္ထပ္ ဆုဖလားအတြက္ တိုက္ခိုက္ၾကမွာပါ။

ျမိဳ႔လည္ေခါင္မွာ ငါျမင္ခဲ့တဲ့ ျမင္ကြင္းမ်ိဳးကိုေတာ့ လံုးဝ မျမင္လိုပါဘူး။ ဒါကို ငါ့ဘဝမွာ ပထမဆံုးအၾကိမ္ ေျပာတာျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဘာလို႔လည္းဆိုေတာ့ ပံုမွန္အားျဖင့္ အဲ့သည္လို ျပင္းျပစြာ ေပါက္ကြဲ အားေပးေနတာကို အျမဲတမ္း ႏွစ္သက္ခဲ့ပါတယ္။ အဲ့လိုမ်ိဳးကို ေနာက္တစ္ၾကိမ္ ထပ္မျဖစ္ေအာင္ လုပ္ရပါမယ္။ ဒီစကားကို ပရိသတ္ေတြ နားေထာင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ေျဖဆိုခဲ့တာျဖစ္တယ္။

ကေလာ့ပ္ကပဲ လီဗာပူးအသင္းသားေတြဟာ လီဗာပူးဂ်ာစီကို ဝတ္ဆင္ကစားရာမွာ အသင္းအတြက္ ရာႏႈန္းျပည့္ ေပးဆပ္တာကိုပဲ လိုခ်င္ေၾကာင္းနဲ႔ လီဗာပူးအသင္း၊ လီဗာပူးပရိသတ္နဲ႔ လီဗာပူးျမိဳ႔အတြက္ ၾကိဳးစားေပးရမွာျဖစ္တယ္လို႔ ထပ္ေျပာပါတယ္။

ဒီဂ်ာစီကို ဝတ္ဆင္ကစားရင္ ဒီအသင္းအတြက္ ရာႏႈန္းျပည့္ထက္ လံုးဝ မေလ်ာ့ပဲ ၾကိဳးစားေပးရမယ္။ မလိုမဟုတ္တဲ့ ၾကိဳးစားမႈေတြကို ခြင့္မျပဳဘူး။ ဒါက လြန္ခဲ့တဲ့ ၁၅-၁၆ ႏွစ္ေလာက္က All Blacks (ရူဘီအသင္း) ထံကေန ငါရခဲ့တဲ့ သင္ခန္းစာပဲ။ လီဗာပူးအတြက္လည္း အဲ့လိုပဲ ျဖစ္ေနရမယ္ ”